Thursday, November 24, 2011

ဗုဒ္ဓဆင်းတုတော်ကိုမတော်ရာနေရာတွေရောက်မှာစိုးတာကြောင့် ကုသိုလ်ယူလိုက်ကြအောင် တိုက်တွန်းနိုင်းဆောင်အပ်ပါတယ်

ဆင်းတုတော်ကိုမတော်ရာနေရာတွေရောက်မှာစိုးတာကြောင့်  ဖတ်ကြည့် ပါ ပြီးရင်ဝေမျှပါ
သူငယ်ချင်းတို့.ရေ...ဒီနေ့ခုဓါ တ်ပုံပါဘုရားဆင်းတုတော်ကို ' Cash Converter~ Jurong East ' တစ်ပတ်နွမ်းတွေရောင်းတဲ့ ဆိုင်မှာတွေ့လို့ ဆင်းတုတော်ကိုမတော်ရာနေရာတွေရောက်မှာစိုးတာရယ် ၊ ဘုရားဆင်းတုဆိုတာမြင့်မြတ်တဲ့ နေရာမှာသာအပူဇော်ခံထားသင့်တာကြောင့် အားလုံးတတ်နိုင်သလောက်စုပေါင်းဝယ်ယူပြီးသင့်တော်တဲ့ ဘုန်းတော်ကြီးကျောင်းမှာပူဇော်ကြဖို့ တိုက်တွန်းပါ တယ်။
ရောင်းဈေးက 3,880 S$ပါ .ဘုရားဆင်းတုတော်ရဲ့ဉာဏ်တော်ဟာ၇ပေနီးပါးရှိပါတယ်။ယခုအခါဆင်းတုတော်သီတင်းသုံးစံမြန်းရန်မြန်မာဘုန်းကြီးကျောင်းမှဆရာတော်ဘုရားများ၏ခွင့်ပြုမိန့်ကိုပထမဦးစွာတောင်းခံပါမယ်။
ပြီးနောက်အလှူတော်ငွေများကိုကောက်ခံပါမယ်။အလှူတော်ငွေစတင်လက်ခံမည့်ရက်ကိုမကြာခင်ထပ်မံအသိပေးပါမည်။
အနယ်နယ်အရပ်ရပ်မှဆက်သွယ်လာ ကြသောစေတနာရှင်အလှူရှင်များအားကျေးဇူးအထူးပင်တင်ရှိပါ တယ်။မည်သူမဆိုပါဝင်လှူဒါန်းနိုင်ရန်နှိုးဆော်အပ်ပါသည်ကျေးဇူးပြု၍ဒီmessageကိုshare ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် မေးမြန်းနိုင်ပါသည် ။မိုးစန္ဒာမြင့် : 65 - 92377911 , ကိုရင်သန့် : 65-93714371 , ကိုဉာဏ်အေး : 65-81399604 ။ကျေးဇူးတင်ပါသည်။Updated news: The last offer price is S$3000. Thanks.

Monday, November 21, 2011

Famous Buddha images from myanmar(Burma) 1

ဗုဒ္ဓါနုဿတိပွားခြင်း၏ အကျိုးတရား

ဦးဇင်း ကိုယ်လူအများစုက ဘာသာရေးနဲ့ပတ်သတ်လာရင် အားနည်းတယ်လို့ပြောကျပါတယ်။အမှန်ကိုဝင်ခံရရင် အားနည်းတာအမှန်းပါပဲ ဘာသာရေးခေါင်းဆောင်တစ်ပါးဖြစ်တဲ့ ဦးဇင်းဘာသာရေးကို မလုပ်ဖြစ်တာ၎နှစ်ကျော်ခဲ့ပါပြီး။အကြောင်းကတော့၂၀၀၇ခုနှစ်လောက်ထဲကဖြစ်ပါတယ်ဘာရေးဘက်ကိုဘုရားဝတ်ပြုတာမေတ္တာပို့သတာလောက်နှင့်ရဟန်းတို့ကျင့်ရာမယ်။ဝိနည်းတရားတွေလောက်ပဲအာရုံးပြုကာ နိုင်ငံရေးဘက်ကိုရောက်သွားလို့ဖြစ်ပါတယ်။တစ်ခြားသော အကြောင်း အရာတွေမရှိပါဘူး။
ပြည်ပရောက်တဲ့ တစ်ချို့သော လူငယ်တွေကလည်း အရှင်ဘုရား တပည့်တော်တို့ကို ဆုံးမသြ၀ါဒလေးများ ပေးပါဆိုတော့ ဦးဇင်း စဉ်စားမိပါတယ်။ကိုယ်တိုင်း မပြည့်စုံပဲ သူများကို ဆုံးမဖိုဆိုရာ မဖြစ်နိုင်ပါဘူး။အဲဒီတော့ လူငယ်တွေ ဘာသာ သာသနာနှင့်ပတ်တဲ့ အကြောင်းအရာတွေကို စာရေးပြီး မေးကြကွာ ဦးဇင်းတက်နိုင်သလောက် ဖြေးပေးမယ်လို့ အာမခံလိုက်တော့ ဒါယိကာလေးတစ်ယောက်က မေးလာပါတယ်။အရှင်ဘုရား တပည်တော်ကို ဗုဒ္ဓါနုဿတိ နဲ့ပတ်သတ်ပြီး ပြောပြပေးပါဆိုတော့ ဦးဇင်းတို့ မြတ်ဗုဒ္ဓါဂုဏ်တော်တွေက ဗုဒ္ဓါနုဿတိ ပွားများပုံလေးကို အကျဉ်းချုံးပြီး ဦးဇင်းပြောပြပါမယ်။



ဦးဇင်းတို့ မြတ်ဗုဒ္ဓါမှာ လက္ခဏာတော် ကြီးငယ် အသွယ်သွယ်ဖြင့်၊ သပ္ပါယ်လှစွာ ကိုယ်အင်္ဂါဝယ်၊
ပါရမီတော်အဟုန် ကိုယ်လုံးခြုံ၍၊ မွှမ်းထုံသင်းကြူ……
သယမ္ဘူဟု ဥာဏ်တူကင်းလတ် အရဟတ်ဖြင့်၊
သတ်ဖြတ်ခပင်း ကိလေရှင်းသား…..
ဥာဏ်ရင်းမဟာ ကရုဏာနှင့် သမ္မာသမ္ဗောဓိ အစရှိလတ်၊
ဥာဏ်တော်မြတ်၏ ကိန်းဝပ်စံပျော်၊ ခန္ဓာပေါ်ဝယ်၊
ဘွဲ့တော် “ဗုဒ္ဓ” တင်ပါရသည်……လောကထွဋ်ထား မြတ်ဘုရား ဆိုတဲ့ အလင်္ကာ အတိုင်း တုနှိုင်းယှဉ်၍မရသော ဂုအင်္ဂါကြီး၊ငယ်သွယ်ကို ပိုင်းဆိုင်တဲ့ မြတ်စွာဘုရား၏ ကျေးဇူးတရားကို အောင်မေ့ပြီး ဗုဒ္ဓါနုဿတိ ပွားများကြည့်ညိုလိုက်ကြအောင်။
ဒီနေရာမှာ ဦးဇင်းတစ်ခုပြောချင်းတာက မန္တလေးမြို့ မဟာဂန္တာရုံကျေးဇူးတော်အရှင်ဇနကာဘိဝံသ၏-ဗုဒ္ဓါနုဿတိဘာဝနာ
အကျဉ်းချုပ်အဓိပ္ပါယ်ပို့၍ ပြည့်စုံအောင် ဖော်ပြပေးလိုက်ပါတယ်။ဒါယိကာလေကျေနပ်မယ်လို့ ဦးဇင်းထင်ပါတယ်။
  • လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် အသပ္ပါယ်ဆုံးလည်းဖြစ်ခြင်း။
  • ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်း၌ ကောင်းမှုပါရမီတော်တို့က လွှမ်းခြုံ၍ မွှမ်းထုံထားခြင်း။
  • ရာဂ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့ကို သတ်ဖြတ်နိုင်သော အရဟတ္တမဂ်ဥာဏ်တော်ကို ရခြင်း။
  • သတ္တ၀ါတို့၏ အပေါ်၌ သနား ကြင်နာကရုဏာကြီးမားခြင်း။
  • အလုံးစုံကို အကုန်သိနိုင်သော သဗ္ဗညုတဥာဏ်တော်ကို ရခြင်း။
ဤဂုဏ်တော်တို့၏ ကိန်းဝပ်စံပျော်ရာ ခန္ဓာကိုယ်ပေါ်၌သာ “ဗုဒ္ဓ” ဟု ဘွဲ့နာမည်တော်ကို တင်ထိုက်ပါ၏ထို့သို့ “ဗုဒ္ဓ” ဘွဲ့နာမည်တော် တင်ထိုက်သော ယောကျာ်းမြတ်သည်သာ လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏ အထွဋ်အထိပ်ထားရသော မြတ်ဘုရား ဖြစ်၏။ဤအဓိပ္ပါယ်ကို ဖတ်မှတ်၍ပြီးသောအခါ..တလောကလုံး၏ ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာကို မှန်းဆ အာရုံပြု၍ လက်အုပ်ချီကာ ဖော်ပြခဲ့ပြီးသော လင်္ကာကို ရွတ်ဖတ်၍ ဂုဏ်တော်ပွားလိုက်လျင် အားရဖွယ်ကောင်း အရသာပို၍ ရှိပါလိမ့်မည်။
ဒီလင်္ကာလေးက..ဗုဒ္ဓါနုဿတိဘာဝနာ(အရှင်ဇနကာဘိဝံသ)စာအုပ်လေးထဲက.ဦးဇင်းဖတ်မှတ်ထားတာဖြစ်ပါတယ်။ဦးဇင်းဂုဏ်တော်ပွားတဲ့အခါ..ဒီလင်္ကာလေးကို ရွတ်ဖတ်ပြီး ဗုဒ္ဓမြတ်စွာကို အာရုံပြုပါလိုက်ပါ
ပြီးတော့မှ…
ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား၊
ဗြဟ္မာနတ်လူတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား၊

မဟာကာရုဏိကော
-သနားခြင်းကြီးစွာမဟာကရုဏာတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
ဘုန်းတော်၆စုံ၊ကျေးဇူးဂုဏ်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊

သစ္စာ ၄ပါး၊ တရားအလုံးစုံကို ကိုယ်တော်တိုင် မှန်ကန်စွာ သိမြင်တော်မူသော မြတ်စွာဘုရား၊…
..
ဗုဒ္ဓါဿတိ ပွားများလိုက်ရင်..ဗုဒ္ဓမြတ်စွာကို ကြည်ညိုသဒ္ဓါစိတ်တွေ အရင်ထက် ပိုအားကောင်းလာမယ်..ပြီးတော့ ဘယ်လိုဦးတည်ချက်နဲ့ ဘုရားကို ကိုးကွယ်နေရတာလည်းဆိုတာ ပိုသိလာမယ်..လို့ ဦးဇင်းယုံကြည်တယ်။မြတ်စွာဘုရားကို ကိုးကွယ် ပူဇော်နေရခြင်း အကြောင်းဟာ..လောကီ စည်းစိမ် ရာထူးတွေ…အတွက် ဆုတောင်းဖို့ရာ…မဟုတ်ဘူး။ဦးဇင်းတို့အတွက် သစ္စာ ၄ ပါးတရားတော်တွေကို ဟောပြောပေးထားခဲ့တဲ့ ကျေးဇူးတော်ကို အောက်မေ့ သတိရခြင်းနဲ့..ကိုးကွယ်ပူဇော်နေရတာပါပဲ။
ဒါယိကာလေရေ ကိုယ်ကံကောင်းဖို့ရာအတွက်ပဲ ဘုရားကို ပူဇော်နေခြင်းဟာ..ကိုယ့်အတွက် သာသနာပ ဆန်သွားမယ်နော်၊ဒီတော့ အဲလိုမဟုတ်ပဲ…တလောကလုံးအား.. သစ္စာတရားတွေ သိစေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားအဖြစ် ပူဇော်လိုက်မယ်ဆိုရင်..ဦးဇင်းတို့ဟာ.သာသနာတွင်းလူ ဖြစ်နေမှာပဲ။ဒါယိကာလေးတို့အားအတွက်သာသနာတွင်းဖြစ်ဖို့ရန်၊မြတ်စွာဘုရားကိုပူဇော်နေခြင်းဟာ..အရင်ထက် ဦးတည်ချက်မှန်ကန်အောင် ဒီ ဗုဒ္ဓါနုဿတိဘာဝနာ လင်္ကာလေးကို ကျက်ထားလိုက်ပေါ့ ဒါယိကာလေရေ။နောက်များမှာပဲ စာရှည်ရှည်ရေးမယ် တစ်ခြားအလုပ်လေးတွေ ရှိသေလို ခွင့်ပြုပါအုံး။
စာရေး ဖျာပုံ နဒီ

Sunday, November 20, 2011

Famous Buddha images from myanmar(Burma)

အကြောင်းရင်းအခြေအမြစ်သုံးပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်။

ဦးဇင်းအားလုံးသိကြတဲ့ အကျိုးရား၊အကြောင်း၊အကျိုးအပြစ်။အကြောင်းဆိုတာကတော့ ဒီဘ၀မှာ ဒုက္ခဆင်းရဲအပေါင်းက ကျွတ်လွတ်နိုင်တဲ့၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာကို ရသင့်ရထိုက်တဲ့ အကြောင်းကိုပြောတာ။ အဲဒီသုံးပါးပြည့်စုံရမယ်ပေါ့။ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မှသာလျှင် လောကီရော၊ လောကုတ္တရာရော ထွန်းပေါက်အောင်မြင်သူဖြစ်နိုင် ပါတယ်။ အထက်တန်းကျတဲ့ဉာဏ်ပညာကို ရနိုင်ဖို့၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန် ထက်မြက်သူဖြစ်ဖို့ အရည် အသွေး သုံးမျိုးလိုအပ်တာပေါ့။ IQ လို့ပြောရင်လည်းရတာပေါ့။ အရည်အသွေး သုံးမျိုးကတော့ ဥပမာ (၁) အလောဘ၊ (၂) အဒေါသ၊ (၃) အမောဟဆိုသော တရားသုံးပါးပါပဲ။ တိရစ္ဆာန်တွေမှာကျတော့ လောဘ၊ ဒေါသ၊ မောဟ သက်သက်သာရှိတယ်။ ထို့ကြောင့်သူတို့ကို အဟိတ်တိရစ္ဆာန်လို့ခေါ်တာပါ။ လူတွေမှာကျတော့ လောဘလည်းရှိ တယ်။ အလောဘလည်းရှိတယ်။ ဒေါသလည်းရှိ တယ်။ အဒေါသ(မေတ္တာ)လည်းရှိတယ်။ တစ်ချို့ကျတော့ မောဟ(အ၀ိဇ္ဇာ)ပဲရှိတယ်။ အမောဟ(၀ိဇ္ဇာဉာဏ်၊ ပညာစေတသိတ်) မရှိဘူး။ အန္ဓပုထုဇဉ်က အမှန်ကိုအမှန်တိုင်း သိတဲ့သစ္စာဉာဏ်(၀ိဇ္ဇာ)မရှိဘူး။အဲဒီလူကိုဒွိဟိတ်လို့ခေါ်တာပါပဲ။
အလောဘ
လူတွေမှာ မွေးလာကတည်းက လောဘမူလေးပါလာတယ်။ လိုချင်တပ်မက်တာပေါ့။ သာယာ နှစ်သက် တဲ့ဝေဒနာကြောင့် အဲဒီ မြင်မြင်သမျှကို ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့မယား၊ လင်သား၊ ဥစ္စာဆိုတဲ့ သကာယဒိဋ္ဌိ အစွဲ အလမ်းတွေရှိတဲ့အတွက် လိုချင်တယ်၊ တပ်မက်တယ်။ အလော ဘ (ဟိတ်)ရှိတဲ့သူတွေကျတော့ စည်းစိမ်ဥစ္စာ တွေအပေါ် ကိလေသာအာရုံကာမဂုဏ်တွေ အပေါ်မှာ မတပ်မက်ဘူး၊ မစွဲလမ်းဘူး၊ ထို့အတွက် သူက စွန့်လွှတ် နိုင်တယ်။ထို့ကြောင့်အလောဘကိုကုသလမူလကုသိုလ်ရဲ့အခြေအမြစ်လို့ခေါ်ပါတယ်။

အဒေါသ
အဒေါသကတော့ သူတစ်ပါး ပျက်စီးအောင် ဖျက်စီးလိုခြင်း မရှိတာပေါ့။ ဒေါသရှိတဲ့သူကျတော့ ပျက်စီးအောင် မဖျက်စီးခင်ကတည်းက သူ့ရဲ့စိတ်ပျက်စီးနေရတာပါပဲ။ ကိုယ့်ကိုလည်းထိခိုက်၊ သူတစ်ပါးကိုလည်း ထိခိုက်တာ ပါပဲ။ ရင်ထဲမှာ ငြိမ်းအေးမှု မရှိဘူး။ အဒေါသ(မေတ္တာ) ကိန်းနေသူရဲ့ရင်ထဲမှာထာဝရ အေးချမ်းနေတာပေါ့။ အဒေါသကလည်းကုသလမူလကုသိုလ်ရဲ့အခြေအမြစ်ပါပဲ။


အမောဟ
မတွေဝေမှုပါ။ အမောဟရဲ့သဘောက တော်တော်လေးကျယ်ဝန်းပါတယ်။ ပညာသဘော၊ ၀ိဇ္ဇာသဘော ဖြစ်တာကိုး။ သစ္စာဆိုတဲ့ သဘောအမှန်တရားကို ခွဲခွဲခြားခြား သိမှုပါပဲ။ ခုပစ္စုပ္ပန်ဘ၀မျာ မိမိတို့ရထားတဲ့ ခန္ဓငါးပါးဟာ ဖြစ်ပြီးပျက်နေတဲ့ မမြဲတဲ့ တရားကြီးပဲဆိုတာကို ဟုတ်တိုင်းမှန်စွာသိရမယ်။ သစ္စာလေးပါးကို တတ်သိနားလည်ရမယ်။ ဒီလူ့ဘ၀ ကိုဘာလို့ရောက်လာတာလဲအမြင့်မြတ်ဆုံးအလုပ်ဟာဘာလဲဆိုတာကိုသိတတ်တဲ့ဉာဏ်ရှိသူရဲ့အဖြစ်ဟာအမောဟရဲ့သဘောပါပဲ။

အမောဟစိတ်ရှိသူ တိဟိတ်ဟာ အလိမ္မာဉာဏ်ရှိသူဖြစ်ပါတယ်။ ကိလေသာအာရုံ ကာမဂုဏ်တရားတွေကို နှိပ်ကွပ်နိုင်တဲ့ အစွမ်းသတ္တိမျိုးရှိပါတယ်။ ဒီအယူ မှားလးမှန်လား ဆိုတဲ့ ထိုးထွင်းသိတဲ့ ၀ိဇ္ဇာဉာဏ်ရှိတယ်။ သိတာနဲ့ အဲဒီအယူကို စွန့်ပစ်နိုင်တဲ့ ပညိနြေ္ဒ၊ ပညာဉာဏ်ရှိတယ်။ ဆရာမှားကို တွေ့ရင်လည်း စွန့်ခွါဖို့ဝန်မလေးဘူး။ တွေဝေမနေဘူး။ မိမိဖြစ်ရာပုဂ္ဂိုလ်၊ ဖြစ်ရာဘ၀ကိုလည်း မြင့်တက် အောင် အထွတ်အထိတ် ရောင်အောင်ပို့ဆောင်နိုင်တဲ့ ဉာဏ်ပညာ သိတတ်တဲ့ သဘောရှိတယ်။
ဦးဇင်းတို့ဘုရားရှင်သော်မှ တပည့်သာဝကတို့၏ တရားတော်များ ပြန်လည်နာကြားပါသည်။ ဦးဇင်းတို့လို ကလျာနပုထုဇဉ်ဖြစ်ဖို့ ကြိုးစားသူများမှာ အချိန်တိုင်းမှာ တရားတော် နာကြားသင့်သည်ဟု ယူဆမိသလို နာကြားရန်လည်း တိုက်တွန်း နှိုးဆော်လိုပါတယ်။ အချိန်တိုင်းမှာ တရားတော် မနာဖြစ်ခဲ့ရင်တောင် အချိန်တိုင်းမှာ ကုသိုလ်ဖြစ်ရေး သတိရှင်၍ နေစေလိုပါတယ်။ ဦးဇင်းတို့၏ ဗုဒ္ဓသာသနာ ပြန့်ပွားရန် အုတ်တစ်ချပ်၊ သဲတစ်ပွင့်မျှ ကြိုးစားသည် မမြတ်သည့်တိုင်အောင် အကျိုးမယုတ် အသိတရား အထိုက်အလျောက်တိုးတက်ခဲ့မည်ဆိုလျှင် ဦးဇင်းတိုကြိုစားရကြိုးနပ်ပါလိမ့်မည်။
အချိန်တိုင်းမှာ တရားသတိ ရှိကြပါစေ။
စာရေး ဖျာပုံ နဒီ

Saturday, November 19, 2011

ပထမဆုံးသော ဆွမ်းတစ်နပ်ကုသိုလ်နှင့် စပ်ဆက်သော မေတ္တာတရား


ဒီနေ့vangမြို့လေးကိုရောက်ရှိသီတင်းသုံးတာသုံးလပြည့်တဲ့နေ့...မနက်မှာ ဒီမနက်တော့ ဒါယိကာကြီးတစ်ဦးက ဆွမ်း လာကပ်ပေးပါတယ်ပထမဆုံး ဆွမ်းလာကပ်တဲ့ သူလို့ပြောရင်လည်း မမှားနိုင်ဘူး အဲဒါနဲ့ဒါယိကာကြီး ပြည်ပရောက်နေတော့ မေတ္တာကော်ပို့ဖြစ်ရဲ့လားဆိုတော့တင်ပါ့ပို့ဖြစ်ပါတယ်ဘုရား။

ကောင်းတာပေါ့ ဒါယိကာကြီး သုံးဆယ်တစ်ပုံသားသတ္တ၀ါတွေကမေတ္တာတရားသိမ်လိုချင်ကြတာကွယ်။မေတ္တာပို့တော့ မေတ္တာတရား၏ကျေးဇူးများများခံစားရမယ်။များများသာပို့ပါလိုတိုက်တွန်းရင်
သတ္တဝါတွေဟာ။သူသူကိုယ်ကိုယ်မတ္တာလိုချင်ကြပါတယ်...ဒါပေမဲ့ကိုယ်ကသူ့ကိုမေတ္တာပို့ရမှာပါလားဆိုတာကြတော့မေ့နေကြတယ်...သဘောက...လိုတော့လိုချင်ကြတယ်မပေးချင်ကြဘူးပေါ့...
မေတ္တာတရားမဖြစ်ကြတော့ဒေါသတရားတွေဖြစ်ပေါ်လာတတ်ပါတယ်ဒါယိကာကြီးမှန်ပါ့ဘုရားဒီနိုင်ငံကလူတွေပိုဆိုးပါတယ်ဘုရား...တပည့်တော်ကသွားရင်းလာရင်းသူတစ်ပါးကိုအကူအညီပေးလာတော့...တပည့်တော်လိုတော့လည်း အကူအညီတွေ ပြန်ရပါတယ်ဘုရား...
ဝမ်းသာစရာပေါ့ဒါယိကာကြီးရာ...
မှန်ပါတယ်ဒါယိကာကြီးကိုယ်ကသူ့ကို ကောင်းတာတွေပေးတော့ ကောင်းကျိုးက ကိုယ်ဆီပြန်လာတာပေါ့...
အကျိုးကချက်ခြင်းပြန်ပေးရင်ပေးမပေးသေးရင်တချိန်တော့ပေးမယ်လေ...အဲဒါကြောင့် ကောင်းကျိုးတွေရဖို့ ကုသိုလ်အမြဲ လုပ်နေဖို့လိုပါတယ်...မကောင်းတဲ့ကံသုံးပါးကိုမလွန်ကျူးနဲ့...အမြဲရှောင်...
အရှင်ဘုရားရေးသွားရလာရတာ ကားလမ်းတွေကလည်း နှင်းတွေအရမ်းကြ အစဉ်ကိုမပြေဘူးဘုရား. တလောကဆို ကားတွေစလစ်ဖြစ်ကြတယ်ဘုရားပြင်နေတာအကြာကြီးပဲ...တဲ့...အရှင်ဘုရားကျောင်းကကားလမ်းနဲ့နီးတော့သွားလာရတာစဉ်ပြေတယ်ဘုရား...ခုခေတ်အဆောက်အဦးတွေဆောက်ရင်ဒီနိုင်ငံတွေမှာအေးဒဏ်ခံအောင်အောက်မှာပူးပြာခင်းကျောက်ခင်းပြီးမှဆောက်ကြတယ်...လမ်းတွေမချော်အောင်နှင်းဒဏ်ခံနိုင်အောင်စလစ်မဖြစ်အောင်တဲ့...

...စကားကောင်းပြောရင်းကတရားစကားကနေဘေးကွေ့သွားပြီ...ဒီလိုပါပဲ ကြုံတုန်းပြောရတာဆိုတော့ စကားကောင်းကို ပြန်ဆွဲယူရင်ယူ မယူရင်တော့...အကြာကြီးပေါ့... ဟိုရောက်ဒီရောက် မိုင်ရှစ်ဆယ်လောက်တော့ ပါသွားနိုင်တယ်...

ဒါယိကာကြီးတို့ ထမင်းစားရင် ဘာတွေတွေးလို့ နှလုံးသွင်းပြီး စားကြသလဲ... အမျိုးမျိုးပါပဲဘုရား...ဦးဇင်းတို့ကိုတော့ မြတ်ဗုဒ္ဓက တရားသဘော ဆင်ခြင်ပြီး စားဖို့ ညွှန်ပြ သင်ပြထားတယ် ဒါယိကာကြီး... စားတိုင်းဆင်ခြင်ရမှာကတော့... ငါ ဒီအစားစာတွေကို ဘုဉ်းပေးတာ ခန္ဓာကိုလှပဖို့ ကြီးမားထွားကျိုင်းဖို့ မဟုတ်ဖူး... သူတော်ကောင်းတရားတွေကျင့်ဖို့ ခန္ဓာကိုယ်မျှတ ကျန်းမာရုံ ဘုဉ်းပေးတယ်... ဒီလို နှလုံးသွင်းခိုင်းတယ် ဒါယိကာကြီး... ရှေးသူတော်ကောင်းများ ဒီလိုနှလုံးသွင်းခဲ့ကြလို့ အရိယာဖြစ်သွားသူတွေ မနည်းဘူး... သီရိလင်္ကာမှာဆို တခေတ်တစ်ခါက အရိယာ မဖြစ်ဖူးတဲ့ ဆွမ်းစားဇရပ် မရှိဘူးတောင် ဆိုကြပါတယ်...ဦးဇင်းတို့ကျင့်ကြရမှာတွေ...

မှန်လှပါဘုရားအချိန်နည်းလို့တပည့်တော်ကိုသွားခွင့်ပြုပါဦးဘုရား...

ကောင်းပါပြီဒါယိကာကြီး...
မိသားစုအားလုံး ကိုယ်စိတ်ချမ်းသာကြပါစေ စိတ်ဆင်းရဲကင်းဝေးကြပါစေ...
ဆွမ်း၌ဆင်ခြင်ရန်...
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။

သင်္ကန်း၌ဆင်ခြင်ရန်...
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေ လွှဲသုန်၊ ဟိရိဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မမှန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း ဝတ်ရုံပါသတည်း။

ကျောင်း၌ဆင်ခြင်ရန်...
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။

ဆေး၌ဆင်ခြင်ရန်...
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်လျင်း၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကျင့်ဖြည့်စွမ်းဖို့၊ ရည်မှန်း သုံးဆောင်ပါသတည်း။
စာရေးသူ ဖျာပုံ အရှင်

ရွှေတိဂုံစေတီတော် မြတ်ကြီးကို ဦးချနေပုံ

Friday, November 11, 2011

သြဝါဒကထာ

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး၏
သြဝါဒကထာ 
++++++++
တရားဟောလိုသော်
ဓမ္မကထာနှင့် ပတ်သက်လာလျှင်၊ လူကြိုက်ကိုမငဲ့ပါနှင့်။
လူကျိုးကို ငဲ့ကြပါ။
-------------------------------------------
သူများအကျိုး ပျက်စီးရာကို ဘယ်သောအခါမှ
မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်၊
ကြမ်းတမ်းသောစကားကို မဆိုနှင့်၊
မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်။
အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော၊
ယခုလက်ရှိအချိန်ထက်
ကောင်းသောအချိန်မရှိ၊
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ
အကျိုးရှိအောင်သုံးပါ။


ပတ်ဝင်းကျင်နှင့်ထိတွေ့သောအခါ
၁။ တတ်နိုင်ရင် အများအကျိုး၊ ကိုယ့်အကျိုး
နှစ်မျိုးလုံးကို ဆောင်ရွတ်ပါ။
၂။ မတတ်နိုင်ရင်တော့
ကိုယ့်အကျိုးအတွက်
ပြီးမြောက်အောင်လုပ်ပါ။
၃။ နှစ်မျိုးလုံး မတတ်နိုင်ရင်
မိမိကိုယ်ကိုယ် မကောင်းတဲ့အလုပ်၊
အပြော၊ အတွေးမှရှောင်ကြဉ်ပါ။
အနေကောင်း အသေကောင်းနည်း
ကိစ္စမများ၊ စကားနည်းစေ
အိပ်နေမှုနည်း၊ ကိုယ်တည်းပျှော်လေ။
ရောနှောမှုကင်း၊ ချဲ့ခြင်းရှောင်လေ။
အနေကောင်း အကြောင်းဂုဏ်ခြောက်ထွေ၊
အသေကောင်း အကြောင်ဂုဏ်ခြောက်ထွေ။


စာနာခြင်းအလှ
သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏။
သူ့ကိုယ်ဂုဏ်နိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏။
စည်းစိမ်းအရာ၊ သူ့ချမ်းသာ၌၊
ဣဿာမပြု၊ ဝမ်းမြောက်ရှုလော့။
သူ့ကိုစောင့်မှ၊ သူကကိုယ်ကို၊
ကြည်ညိုမေတ္တာ၊ စောင့်နိုင်ရာ၏။
မဃဒေဝလင်္ကာ
ရွှေကျင်ဆရာတော်၏
သြဝါဒ
-------
တုံးတံတားလျှောက်စဉ်၊
အရပ်တစ်ပါးကို မကြည့်နှင့်
ချောက်ထဲ ကျလိမ့်မည်။
သံသရာတံတား လျှောက်စဉ်၊
သူတစ်ပါးအပြစ်ကို မကြည့်နှင့်၊
အပါယ်လေးပါး ချောက်ထဲသို့
ကျလိမ့်မည်။

ဗုဒ္ဓအဆုံးအမ
အတ္တာနမေဝ ပထမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။
ရှေးဦးစွာသာလျှင် မိမိကိုယ်ကို
သင့်လျှော်သောအကျင့်၌ တည်စေရာ၏။
ထိုနောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊
ပညာရှိသည် သူတစ်ပါး ကဲ့ရဲ့ခြင်းဖြင့်
မညစ်နွမ်းစေရာ။
ဓမ္မပဒ၊ အတ္တဝဂ်။



ပုံသေကားကျ
ကလျာဏ ကာရီ ကလျာဏံ
ပါပကာရီ စ ပါပကံ။
ကောင်းသော ကိုယ် နှုတ် စိတ် အမူအရာဖြင့်
ပြုလုပ် ပြောဆို ကြံစည်သောသူသည်
ကောင်းကျိုး ချမ်းသာသုခကို ရရှိ သုံးဆောင်ခံစားရ၏။
မကောင်းသော ကိုယ် နှုတ် စိတ် အမူအရာဖြင့်
ပြုလုပ် ပြောဆို ကြံစည်သော သူသည် မကောင်းကျိုး
ဆင်းရဲ ဒုက္ခကို ရရှိသုံးဆောင် ခံစားရ၏။
(ဇာတက-ပါ-ပအုပ်၊ ပဉ္စကနိပါတ်၊ မဏိကုဏ္ဍလဝဂ်)
အောင်ပွဲစတဲ့နေ့
-------
ကိုယ့်အမှား သိတဲ့နေ့ဟာ
တိုးတက်ကြီးပွားဖို့
စတဲ့နေ့ပဲ။
ပထမလယ်တီဆရာတော်ကြီး
အဆင့်မြင့်တရားများ
ဘဝအဆင့်အတန်းမြင့်ချင်ရင် ဗုဒ္ဓတရားကို ကျင့်သုံးပါ
ကိုယ် နှုတ် ယဉ်ကျေးသူအဖြစ်နဲ့ ဘဝအဆင့်အတန်း မြင့်ချင်ရင် သီလကို ကျင့်ပါ။
စိတ် ယဉ်ကျေးသူအဖြစ်နဲ့ ဘဝအဆင့်အတန်း မြင့်ချင်ရင် သမာဓိကို ကျင့်ပါ။
စိတ်ဓာတ်ဖွံ့ဖြိုါ် အသိဉာဏ် တိုးသူ အဖြစ်နဲ့ ဘဝ အဆင့်အတန်းမြင့်ချင်ရင် ပညာအကျင့်ကို ကျင့်ပါ။
ရွှေတောင်ကုန်းဆရာတော်


Thursday, November 10, 2011

သာဓုခေါ်လိုက်ကြရအောင်

အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။

ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။

မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ
သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို ဒါတွေသယ်လာတယ် ဆိုတော့ ထူးဆန်းနေကြတယ်။ထိုင်းနိုင်ငံက ပြည့်စုံတဲ့ ဘဝကို စွန့်ပစ်ခဲ့တော့ အချို့က မင်းစိတ်မှမှန်သေးရဲ့လား ဆရာဝန်ပြပါလားလို့ နောက်ကြတယ်။ သူကတော့ တရားစာအုပ်တွေဖတ်တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ်နေခဲ့တယ်။ (သူမရှိတော့တဲ့ နောက်ပိုင်းမှာသူအလုပ်၊လုပ်ခဲ့တဲ့ အပန်းဖြေစခန်းလေးဟာ ဆူနာမီဒဏ် ခံလိုက်ရတော့
ခင်မင်ရင်းနှီးသူတွေ များစွာရုတ်တရက်သေဆုံးသွားတဲ့ သတင်းကိုကြားခဲ့ရတယ်။ဆရာတော်အလောင် လျာတွက်လည်း သံဝေဂယူစရာတွေ ဖြစ်ခဲ့ပါလိမ္မယ်။ကျွန်တော်ကတော့ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်
နတ်ကောင်း နတ်မြတ်တွေများ စောင့်ရှောက်နေသလားလို့ တွေးမိသေးတယ်။)

အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေအားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာ
ထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့စည်းရုံးကြသေးတယ်။ သူ့ကို အချို့ကလည်း ဆိတ်ကလေး၊ ကြက်ကလေးတွေ စားဖို့လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ်Steven က အကောင်တွေ သတ်တာကို မလိုလားတော့ဘူး။ အထူးသဖြင့် သူ့အတွက်သတ်မှာကို လုံးဝ မဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ
သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန်တရားကိုရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။

တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ Tathagata
Meditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သောရဟန်းဘဝကို ခံယူလိုက်တယ်။

ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံတောင်ကြားဒေသတစ်ခုမှာ တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကို
ဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့ အတွေး ၂-မျိုးဝင်လာတယ်။မြန်မာဆရာတော်ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ သာသနာပြုဖို့ကိုအားပေးတော်မူခဲ့တယ်။ အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးမှမရှိတဲ့ဒေသမှာ ရဟန်းတပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်းစားဖို့နေဖို့ပင် အခက်အခဲရှိနိုင်ကြောင်းတွေကို ပြောကြသေးတယ်။
နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာပြုဖို့ ဆုံးဖြတ်လိုက်တယ်။ အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊သိရီလင်္ကာနိုင်ငံတွေကို အလည်အပတ်သွားရောက်ခဲ့သေးတယ်။ သိရီလင်္ကာနိုင်ငံဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်းအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ် ယူသွားဖို့ ပေးလိုက်တယ်။ သူကလည်း
အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ ကင်ညာနိုင်ငံအရောက်အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီးကို မဖူးမြင်ဖူးတဲ့ လူတွေကသူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရတယ်။

အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။
ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက်ပြန်ပို့ပေးသော Godကို ကျေးဇူးတင် ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာလုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူစိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။

ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင်အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကို
ဖွင့်လစ်နိုင်ခဲ့ပါတယ်။


သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲအမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ်ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို
ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီးတိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသောအခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်းသိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေဖြစ်လာကြပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊
သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်ကြီးကိုပါ အတူတကွအဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေကစုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံစနစ်တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်းစက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။
ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်းရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့
စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင်ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကိုတာဝန်ယူပါရစေလို့ လျှောက်ထား လိုက်ပါသေးတယ်။

အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီးလောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့
ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်းသားရဟန်းပြောပါတယ်။ သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သော
ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကိုတည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။ အခုတော့အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာ
ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။

ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးကိုလည်း ယူဂန်ဒါနိုင်ငံတော် ကိုယ်စားပြုအနေနဲ့ ပထမဆုံးတတ်ရောက်ခွင့်ရခဲ့ပါတယ်။
King Oyo of Tooro ယူဂန်ဒါနိုင်ငံက Tooroဒေသရဲ့ဘုရင်လေး Oyo ဟာလည်း ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဘုရားကြီးဦးဆောင်ကျင်းပခဲ့တဲ့ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ
အစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ပါတယ်။

ယူဂန်ဒါနိုင်ငံ Kampalaမြို့တော်က University of Makere ရဲ့ဖိတ်ကြားချက်ကြောင့်ဟောပြောပွဲတစ်ခုကို ဟောပြောခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ မဆာချူးဆက်တက္ကသိုလ်မှာလည်း အခါအားလျော်စွာ ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ အဲဒါတွေကတော့
ဆရာတော်ရဲ့ အောင်မြင်မှုတွေပါပဲ။
၂၀၀၉ ခုနှစ်အတွင်း ဆရာတော်ရဲ့ဆက်လက်လုပ်ဆောင်ဖွယ် ခရီးစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒီမှာလေ့လာနိုင်ပါတယ်။
Uganda Buddhist Centre
Plot 31, Garuga Road, Bulega, Entebbe
P.O.Box 16650, Kampala
UGANDA
Telephone: +256-(0)414-662203
Mobile phone: +256-(0)782-159985
E-mail : ugandabuddhistcentre@gmail.com
Web site: http://www.ugandabuddhistcentre.org

စာကြွင်း
စစ်ကိုင်း၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်နိုင်ငံတကာ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ အစည်းအဝေးကြီး တွင်
ဥိးဇင်းနှင့် ထိုဆရာတော် ဆုံဖြစ်ခဲ့ပါသည်ဆရာတော်၏ပြောပြချက်အရ အာဖရိကမှာ ဆရာတော်၏ စွမ်းဆောင်မူကြောင့်
ထေရဝါဒဗုဒ္ဓဘာသာဝင် လူဥိးရေ လေးဆယ်ကျော်ရှိသွားပြီဖြစ်ကြောင်းသိခဲ့ရပါသည်။
ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများ ကုသိုလ်တရား ပွားများနိုင်ရန်ရည်ရွယ်၍ အရှင် ၀ရသာမိ၏ ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။

Wednesday, November 9, 2011

တန်ဆောင်မုန်း လပြည့်နေ့(သာမညဖလအခါတော်နေ့)


တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ် မင်းအား သာမည ဖလ သုတ္တန်ကို ဟောကြား တော် မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကို ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါသည်။
၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟု အဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသော နေ့ဖြစ်၍ ဤနေ့ကို သံဃာတော်များ၏ နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၎။ သာမည ဖလသုတ်သည် ရဟန်း သံဃာတော်များ အဖို့ ကြေးမုံမှန်ချပ်ကြီး သဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ် ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမား များ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။(သည်အချက်ကို ထောက်ထားပြီး မိဘ ဆရာများကို ပြန်လည် ဝေဖန်မိရုံဖြင့်ပင် အပြစ်ကြီးသည်ဟု မျက်စိမှိတ် ဟောပြောနေသော အချို့ တရားဟော ဓမ္မကထိကများကို သတိထားဖွယ် ဖြစ်ပါသည်။ မြတ်စွာဘုရား၏ တရားတော်သည် မည်သူ့အပေါ်မှ ဘက်မလိုက်ဘဲ အပြန်အလှန် ဝေဖန် ဆန်းစစ်ခွင့် ရှိသည်ကို မျှတစွာ တွေ့နိုင်ပါသည်။ ခွန်မြလှိုင်၏ စကားချပ်)

၆။ အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္မိသာရ မင်းကြီးကို သတ်မိသောကြောင့် ကံကြီး ထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏ အကြံပြုချက်အရ တိတ္ထိ ဆရာကြီး ၆ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း (သာမညဖလ) ၏ အကျိုးကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သော အဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီး ဇီဝက၏ အကြံပေးချက်အရ ရာဇဂြိုဟ် မြို့အနီး ဇီဝက လှူထားသော သရက် ဥယျာဉ်တော်၌ သီတင်းသုံးလျက် ရှိသော မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသော အခါမှ သူသိလိုသော ရဟန်း ပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တော်ကို ကြားနာရသည့်အချိန်မှ စပြီး ဗုဒ္ဓ သာသနာတော်ကို သက်ဝင် ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာ သုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ် ကြီးလေးသော မဟာ အ၀ီစိ ငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ် ပေါ့သော လောဟကုမ္ဘီ ငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ၀ိဇိတာဝီ မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရ ပါလိမ့်မည်။

၁၁။ ဤနေ့တွင်ဟောကြားသော သာမညဖလ သုတ်တော်ကြောင့် အဇာတသတ် မင်းတရားသည် ပထမ သင်္ဂါယနာတင် မင်းတရား အဖြစ် ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ သတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီး သုံးရပ်ကိုလည်း လုပ်ဆောင်သွားခဲ့ခြင်းတို့မှာ ဗုဒ္ဓဘာသာဝင်များ အတွက် ကျေးဇူး ကြီးလှပါသည်။

၁၂။ ပိဋကတ်တော်များ မပျက်စီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိ နေကြခြင်း ဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးနှင့် သာမညဖလသုတ်တော်တို့ ၏ အကျိုးဆက်ဟု ဆိုနိုင်ပါသည်။
( သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက် စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ (မာဂဓီ- သာစည်) ဆရာတော် ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ ကူးယူဖော်ပြ ပါသည်။


သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့------
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။

သာမညဖလသုတ်


မင်းနှင့်အမတ်တို့  ဆိုင်ရာစကား
ပူရဏကုပေ၏ အယူဝါဒ
မက္ခလိဂေါသာလ၏ အယူဝါဒ
အဇိတကေသကမ္ဗလ၏ အယူဝါဒ
ပကုဓကစ္စာယန၏ အယူဝါဒ
နိဂဏ္ဌနာဋပုတ္တ၏ အယူဝါဒ
သဉ္စယဗေလဌပုတ္တ၏ အယူဝါဒ
ရှေးဦးစွာ မျက်မှောက်ဘ၀၌ ရအပ်သော ရဟန်းဖြစ်ကျိုး
နှစ်ကြိမ်မြောက် မျက်မှောက်ဘ၀၌ ရအပ်သော ရဟန်းဖြစ်ကျိုး
သာ၍မွန်မြတ်သော ရဟန်းဖြစ်ကျိုး
စူဠသီလ
မဟာသီလ
ဣနြေ္ဒကို စောင့်စည်းခြင်း
အောက်မေ့ခြင်းနှင့် ဆင်ခြင်ခြင်း
ရောင့်ရဲလွယ်ခြင်း
ပဌမဈာန် ရဟန်းဖြစ်ကျိုး
ဒုတိယဈာန် ရဟန်းဖြစ်ကျိုး
တတိယဈာန် ရဟန်းဖြစ်ကျိုးတရားများစွာကိုရရှိနိုင်ပါတယ်။

Tuesday, November 8, 2011

ကထိန်သင်္ကန်း သမိုင်းကြောင်း

 
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူ စဉ်ပါဝေယျကတိုင်းသားရဟန်း(၃၀)တို့သည်အရညကင်ဓုတင်ပိဏ္ဍပါတ်ဓုတင်ပံသုကူဓုတင်တို့ကိုဆောင်ကြလေသည်။ ထိုရဟန်းတို့သည် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည်သို့ ကြွလာကုန်၏။ သို့သော် ၀ါဆိုရက်ကို မမှီလိုက်ကြသည့်အတွက် သူတို့သည် ခရီအကြားဖြစ်သော သာကေတမြို့၌ ၀ါကပ်ကြရလေကုန်၏။ ထိုရဟန်းတို့သည် ”ငါတို့၏ အနီးဖြစ်သော ဤသာကေတမြို့မှ ခြောက်ယူဇနာအရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။



ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရကုန်”ဟု မပျော်ပိုက်ပဲ ၀ါဆိုကြရကုန်၏။ထိုရဟန်းတို့သည် သုံးလလွန်၍ ၀ါကျွတ်ပ၀ါရဏာပြုပြီးနောက် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ကြွတော်မူခဲ့ကြသည်။ လမ်းခရီးတွင်း မိုးကြီးသည်းထန်စွာရွာသွန်းသည့်အတွက်အကြောင့် သူတို့၏ သင်္ကန်းများသည် မိုးရေစိုစွတ်ကုန်ကြသည်။ သင်္ကန်းအပိုမပါရှိသည့်အတွက် သင်္ကန်းအစိုများဖြင့်သာ ကြွလာခဲ့ရလေသည်။ ထိုမျှမက သူတို့သည် ရွံ့နွံများထဲမှ ရုံးကန်၍ ဆင်းရဲကြီးစွာဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ရောက်လာကြရလေကုန်သည်။ ထိုအခါ မြတ်စွာဘုရားသည်



”ရဟန်းတို့ ခန့်ကျန်းသာလို့မာပါစ၊ မျှတကြပါရဲ့လား၊ အချင်းချင်း ငြင်းခုံမှု မဖြစ်သည်၍ ချမ်းသာစွာ ၀ါဆိုခဲ့ကြပါကုန်၏လော့၊ ဆွမ်းကွမ်းကော ပြည့်စုံကြပါရဲ့လား၊”ဟူ၍ မေးတော်မူသောအခါ ရဟန်းများသည်

”တပည့်တော်တို့တတွေ ကျန်းမာကြပါတယ် ဘုရား၊ မျှတကြပါတယ်ဘုရား၊ အချင်းချင်းညီညွတ်စွာ နေခဲ့ကြပါတယ်ဘုရား၊ ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်ဘုရား၊ တပည့်တော်တို့တတွေ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာကြတဲ့အခါဝါဆိုရက်မမှီတဲ့အတွက် ခရီးအကြား သာကေတမြို့၌ ၀ါကပ်ခဲ့ကြရပါတယ်ဘုရား၊၀ါကပ်ပြီးလို့ ပ၀ါရဏာပြုပြီးလို့ မြတ်စွာဘုရားကို ဖူးမြင်ရန် သာဝတ္ထိပြည် လာကြတဲ့အခါ လမ်းခရီးတွင် မိုးကြီးသည်းထန်စွာ ရွာတဲ့အတွက် လမ်းခရီးတစ်လျှောက် မိုးစိုသော သင်္ကန်းများဖြင့် လာခဲ့ကြရပါသည်ဘုရား၊



ထို့ပြင်ဘုရားတပည့်တော်တို့သည်ပင်ပန်းဆင်းရဲစွာမိုးထဲလေထဲရွံ့နွံဗွက်တို့ကိုဖြတ်ကျော်ပြီးလာခဲ့ရပါသည်

ဘုရား”ဟုလျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်တို့ကို အကြောင်းပြုကာ ကထိန်လျှာသင်္ကန်းကို ခွင့်ပြုတော်မူပါသည်။







ကထိန်ဆိုသည်

ဗုဒ္ဓါဒီဟိ ကထီယတေ သိလာဃတေ ပသံသီယတေတိ ကထိနံ-ဘုရားအစရှိသော သူတော်ကောင်းတွေက ကထိနစီဝရဒါနကို ကောင်းပေစွကောင်းပေစွမြတ်ပေစွဟုချီးမွမ်းအပ်တဲ့အတွက်ကြောင့်ကထိန်လို့ခေါ်သည်။



ချီးမွမ်းခြင်းအကြောင်းသုံးချက်



(၁) သံဃိကဒါနဖြစ်သောကြောင့်လည်းကောင်း



(၂ )အထူးသဃိကဒါနဖြစ်သောကြောင့်လည်းကောင်း



(၃)သံဃာတော်အရှင်မြတ်တို့၏ အာပတ်ကို သုတ်သင်နိုင်သော ဒါနဖြစ်သောကြောင့်လည်းကောင်းဘုရား အစရှိသော အရိယာသူတော်ကောင်းတွေက အထူးအားဖြင့် ချီးမွမ်းတော်မူပါတယ်။



(၁) သံဃိကဒါနဖြစ်သောကြောင့်



ကထိန်ကမ္မ၀ါစာဖတ်ကြတဲ့အခါ “ဣဒံ သဃဿ ကထိနစီဝရံ ဥပ္ပန္နံ”လို့ ကမ္မ၀ါစာမှာ ပါပါတယ်။ အဲဒီထဲမှာ ”သံဃဿ ဥပ္ပန္နံ”ဟူသည် သံဃာတော်အရှင်သူမြတ်များရဲ့ အထံမှာဖြစ်ပေါ်တယ်လို့ဆိုပါတယ်။

ဒီစကားကိုထောက်သောအားဖြင့် ကထိနဒါနကို သံဃိကဒါနလို့ဆိုနိုင်ပါတယ်။ သံဃိကသင်္ကန်းနဲ့သာကထိန် ခင်းလို့ရပါတယ်၊ဒီလိုသံဃိကဒါနဖြစ်သောကြောင့်ကထိနစီဝရဒါနကိုဘုရားအစရှိတဲ့သူတော်ကောင်းတွေက ချီးမွမ်းကြတာပါ။ပုဂ္ဂလိကဒါနထက်မြတ်နေလို့ ဒီကထိနစီဝရသံဃိကဒါနကို အထူးဝိသေသပြု ချီးမွမ်းခြင်း ဖြစ်ပါတယ်။





တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှာလဲ တစ်ကျောင်းတည်း လှူလို့ရတယ်တစ်ကျောင်းမှာ တစ်ရက်ပဲလှူလို့ရတယ်။ တခြားဒါနထက် ထူးခြားနေတယ်။အမြဲလှူလို့မရ အချိန်ကာလအားဖြင့်သာ လှူဒါန်းရသော ဒါနဖြစ်သောကြောင့် ဘုရားစသော သူတော်ကောင်းများက ချီးမွတ်တော်မူကြပါတယ်။



(၂)အထူးသံဃိကဒါနဖြစ်သောကြောင့်



ကထိနစီဝရဒါနကို ပထမ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် တစ်ရက် မဟာ ပ၀ါရဏာနေ့၌ ပုရိမ၀ါကျွတ်လို့ ၀ါမကျိုးမပြတ်တဲ့ သံဃာတော်တွေသာ ဒီကထိန်သင်္ကန်းကို အလှူခံ ခွင့်ရှိ တယ်။

အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ”



ဆိုလိုသည်မှာ ၀ါဆိုသံဃာတွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ကထိန်သင်္ကန်းလှူသူတွေကလဲ ဒီက ထိန်ခင်းခွင့်ရှိတဲ့ ရဟန်းတော်တွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ဒါကြောင့် ဒီကထိနဒါနကို ထူးခြား တဲ့ဒါနလို့ပြောတာ။ဒီလို ထူးခြားတဲ့ သံဃိကဒါနဖြစ်လို့ ဘုရားအစရှိသော သူတော်ကောင်းတို့က ချီးမွမ်း ကြတာဖြစ်ပါတယ်။



(၃) သံဃာတော်အရှင်သူမြတ်တို့၏အာပတ်ကိုသုတ်သင်သောဒါနရဟန်းတော်များမှာမြတ်ဗုဒ္ဓပညတ်ထားတဲ့ သိက္ခာပုဒ် အကျဉ်းအားဖြင့် ၂၂ရ သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်ရှိနေပါတယ်။ ဒီသိက္ခာပုဒ်တွေကို ကြူးလွန်ရင်အာပတ်သင့်တယ်။ သို့သော် ကထိန်သင်္ကန်းကို အလှူခံကြတဲ့ သံဃာ တော်များဟာ မြတ်ဗုဒ္ဓက ချမှတ်ထားသော သိက္ခာပုဒ်ငါးမျိုးမှ လွတ်ငြိမ်းခွင့်ရရှိနိုင်ပါတယ်။ထိုလွတ်ငြိမ်းချမ်း သာခွင့် ငါးပါးဟူသည်ကား



(က) ရဟန်းသည် မပန်းကြားပဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း



(ခ) တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူပဲ သွားနိုင်ခြင်း

(ဂ) ဂဏဘောဇဉ်ကို စားနိုင်ခြင်း



(ဃ)အလိုရှိသော အဓိဋ္ဌာန် ၀ိကပ္ပမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း



(င) ထိုကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အားသာ ဖြစ်ရခြင်း တို့ပင်ဖြစ်သည်။ကထိန်အာနိသင်ရသောကာလသည်ကားသီတင်းကျွတ်လပြည့်တစ်ရက်နေ့မှတပေါင်းလပြည့်အထိ ငါးလတိုင်တိုင်ဖြစ်ပေသည်။ထို့ကြောင့် ကထိန်ကို ဘုရားအစရှိသော သူတော်ကောင်းများက ကောင်းပေစွ ကောင်းပေစွဟု ချီးမွမ်းတော်မူကြပါပေကုန်သည်။ထိုသို့သော အကြောင်းများကို ထောက်ဆကာ ရှေးဆရာ တော်ကြီးများက”ဘုရားမှာတော့စိန်၊ကျောင်းမှာတော့သိမ်၊ သင်္ကန်းမှာတော့ကထိန်”ဆိုပြီး ဆိုရိုးစကား ပြုထားကြသည်။





ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးပါး



(၁) မိမိတို့ အလိုရှိအပ်သော အရပ်များသို့ အတားအဆီး အချုပ်အချယ်မရှိဘဲ သွားနိုင်ခြင်း၊



(၂) ကိုယ်ပိုင်ပစ္စည်းများကို ထားလိုရာ ထားနိုင်ခြင်း၊



(၃) အမျိုးမျိုးသော အ၀တ်အစား အစာအသောက်များနှင့် ပြည့်စုံခြင်း၊



(၄) အစာအသောက်နှင့်ပတ်သက်၍ ဘယ်သောအခါမှ ဘေးမဖြစ်ခြင်း၊



(၅) စည်းစိမ်ဥစ္စာပေါများခြင်းတို့ပင်ဖြစ်သည်။







ကထိန်ခင်းခြင်းအဓိပ္ပာယ်



ကထိန်သင်္ကန်းလှူရှင်များသည် “သံဃဿ ဒေမ”ဟုဆိုကာလှူဒါန်းလိုက်သောသင်္ကန်းကိုသံဃာတော်များက သိမ်ထဲမှာရှိတဲ့ကထိန်သင်္ကန်းအလှူခံမည့်ကျောင်းမှာရှိသောရဟန်းတော်တစ်ပါးကိုသံဃာအများသဘောတူ

မှုနဲ့ ရွေးချယ်ပြီး ထိုကထိန်လျာသင်္ကန်းကို ကမ္မ၀ါစာနှင့် ရွတ်ဖတ်ကာ ပေးကြရပါသည်။ ထိုကထိန်သင်္ကန်းကို ရရှိသော ရဟန်းသည် မိမိကျောင်းတိုက်ကို ပြန်ပြီး ကထိန်ခင်းရပါသည်။ ကထိန်ခင်းဟူသည် စွန့်သင့်သော သင်္ကန်းကို စွန့်၊အဓိဋ္ဌာန်တင်သင့်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ကာ လက်ရှိရရှိလာသော သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်သည်ကို ဆိုလိုပါသည်။

ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူရခြင်း၏ ရည်ရွယ်ချက်



ရဟန်တော်များဟာ လိုက်နာရန်အလို့ငှာ မြတ်ဗုဒ္ဓက ချမှတ်ထားသော ၀ိနည်းစည်းကမ်းငါးမျိုးကို အချိန်ကာ လအတိုင်းအတာတစ်ခုအတွင်း မလိုက်နာဘဲ ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်နိုင်ရန်အတွက် ကထိန် ခင် ခြင်းဖြစ်သည်။







ညှပ်မကြီး





ညပ်မကြီးဟူသည် တန်ဖိုးရှိသော ပစ္စည်းများကို စီးထားသောအ ပဒေသာပင်အကြီးစားကြီးကို ဆိုလိုသည်မဟုတ်။ကထိန်နှင့်ပတ်သက်သော စကားလုံးသည်ကား ဥတ်ဖြစ်သည်။ ဥတ္တိဆိုသော စကားလုံးမှဆင်းသက်လာသည်။”ဥတ္တိဒုတိယကမ္မ၀ါစာ”ရွတ်ဆိုပြီးကထိန်ခင်းထိုက်သောရဟန်းကိုကထိန်

သင်္ကန်းပေးရသည်။ထို့ကြောင့် ထိုကထိန်သင်္ကန်းကို ”ဥတ်”သင်္ကန်းဟူ၍ဆိုပါသည်။ဥတ်သင်္ကန်းဟူ

သည် ရဟန်းများအသုံးပြုတော်မူနေသော အပေါ်ရုံသင်္ကန်း၊ အောက်ပိုင်းသင်္ကန်းနှင့် နှစ်ထပ်သင်္ကန်း

ထိုသုံးထည်တွင် တထည်ထည်ကို ဆိုလိုပါသည်။







မျက်မှောက်ခေတ်ကထိန်



ယနေ့ မြန်မာပြည်တွင် မျက်မှောက်ခေတ်ကထိန်များကို ကြည့်လျှင် ရှုမြင်ရသူတို့၏ စိတ်ဝယ် အလွန်အင်မတန်မှကြည်နူးစရာကောင်းလှပေသည်။သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှတန်ဆောင်မုန်းလပြည့်အထိ ကထိန်ပွဲကျင်ပရာ တစ်လတာကာလအဖြစ်သတ်မှတ်ကြကာ မြန်မာတစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်မှာ ကထိန်ပွဲများကို စည်းကား သိုက်မြိုက်စွာ ကျင်းပကြသည်။ ရပ်ကွက်အလိုက်၊ အသင်းအလိုက်၊ ဌာနအလိုက်စသည်ဖြင့် မြို့ရော တောမပါမကျန် ကထိန်ပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပနေကြသည်။

တန်ဖိုးရှိသော ပဒေသာပင်အကြီးစားကြီးများကို စီးကာ အတီးအမှုတ် အကအခုံများဖြင့် လှည့်လည်အပူဇော်ခံကြသည်။ရည်ရွယ်ချက်သည်ကားကြည့်ရှုသူဗုဒ္ဓဘာသာဝင်တို့သဒ္ဓါတရားတိုးပွားနိုင်စေရန်အလို့ငှာဖြစ်သည်။ ထိုပဒေသာပင်များ၏ ကြီးကျယ်ခမ်းနားမှုကို ကြည့်သောအားဖြင့် မြန်မာလူမျိုးများ၏ သဒ္ဓါတရားကောင်းမှုသည်ကား အထူးပြောဖွယ်မလိုတော့ပေ။



သို့သော် စိတ်မကောင်းစရာတစ်ခုသည်ကား အချို့သော အလှူရှင်အချို့သည်ကား ကထိန်၏ အဓိပ္ပာယ်ကိုကား တိတိကျကျ မသိတော့ချေ။ ပဒေသာပင်ကြီးတွေစီး၊ ဆိုင်းတွေ ဗုံတွေနှင့် လှည့်လည်ပြီး နောက်ဆုံး ဘုန်းကြီးကျောင်းကို ထိုပဒေသာပင်ကြီးတွေပို့လိုက်သည်ကိုပင် ကထိန်ဟုထင်မှတ်နေကြသည်။ ဆရာတော်များဟောကြားတော်မူသော တရားတော်များကိုပင် မနာယူနိုင်တော့ပေ။အဘယ်ကြောင့်ဆိုသော် တစ်နေကုန် မမောနိုင် မပန်းနိုင် တီးမှုတ်ကခုန်မှုခဲ့ကြသောကြောင့်ပေတည်း။ အကာဖြစ်သော တီးမှုတ်ကခုံမှုတွေနှင့် အဆုံးသတ်ပြီး၊ အနှစ်ဖြစ်သော ဆရာတော်များဟောသော ကထိန်အကြောင်းသိကောင်းစရာ တရားများကိုကား မနာယူနိုင်တော့ပေ။



ထိုကြောင့်ငွေကုန်လူပန်းဖြစ်နေလေ၏။ဤသည်ပင်လျှင်အထူးသတိပြုစရာအချက်ဖြစ်ပေသည်။မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဤကဲ့သို့ မဖြစ်မူ၍ တစ်နှစ်မှ တစ်ခါ ကြုံခဲလှသော ဤကထိန်ပွဲရာသီအတွင်း အကာမပါမူ၍ အနှစ်သက်သက်ဖြစ်သော အလုပ်ကို လုပ်နိုင်ကြပါစေဟု တိုက်တွန်းရင်း မိမိ၏ ဆောင်းပါးကို နိဂုပ်ချုပ်လိုက်ရပေသည်။

Saturday, November 5, 2011

ခေါင်းဆောင်တို့၏ကျင့်စဉ် (သို့မဟုတ်) လူမြတ်တို့၏ကျင့်စဉ်


၁၃၇၃ ခု ကဆုန်လပြည့်၊ (၂၀၁၁ ခု မေ ၁၆ ရက်) နယူးယောက်မြို့ အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ဗုဒ္ဓနေ့အခမ်းအနားတွင် သီတဂူဆရာတော် မိန့်ကြားသော မြတ်ဗုဒ္ဓ၏ ထူးသောသတင်းစကားဆယ်ပါး

“ခေါင်းဆောင်တို့၏ကျင့်စဉ် (သို့မဟုတ်) လူမြတ်တို့၏ကျင့်စဉ်။”

၁။ ဒါနပါရမီ = Perfection of Generosity မိမိရရှိပိုင်ဆိုင်ထားသော ပစ္စည်း၊ ဥစ္စာ၊ ရာထူး၊ အာဏာ၊ ဂုဏ်သတင်း၊ ကျော်ကြားခြင်းတို့ကို ပေးဝေခြင်း၊ လှူဒါန်းခြင်း၊ စွန့်လွှတ်ခြင်း၊ ဝေငှမျှတခြင်းတို့ဟာ Perfect ဖြစ်လိုတဲ့ ခေါင်းဆောင်တို့အတွက် မွန်မြတ်တဲ့ကျင့်စဉ် တစ်ခုပါပဲ။ ယနေ့ကမ္ဘာလောကမှာ ဖြစ်နေတဲ့ တင်းမာမှုတွေ၊ လုယက်တိုက်ခိုက်မှုတွေနဲ့ မကျေနပ်မှုပေါင်းများစွာတို့ဟာ သိမ်းပိုက်မှု အလွန့်အလွန်ပိုင်ဆိုင်လိုမှု၊ မဝေငှ မမျှတလိုမှုတွေရဲ့ အကြောင်းတစ်ရပ် အဖြစ် သက်ဆိုင်နေပါတယ်။ ဒါန နှင့် စာဂ၏ အလှအပလေးများကို ကျွန်ုပ်တို့အသေအချာ သင်ကြား လေ့ကျင့်ဖို့ လိုပါတယ်။ ကမ္ဘာမှာရှိတဲ့ သန်းပေါင်းများစွာသော လူတွေရဲ့ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေးနှင့် ပညာရေးဆင်းရဲမှု အောက်မှာ ခံစားနေရတဲ့ ဒုက္ခတွေကို ကျွန်ုပ်တို့ သနားဖို့ကောင်းပါတယ်။ ပေးနိုင်၊ ဝေငှနိုင်ရင် အရာရာပြီးမြောက် ခရီးရောက်ပါတယ်။

၂။ သီလပါရမီ = Perfection of Virtue ကျွန်ုပ်တို့ခေါင်းဆောင်တွေအားလုံး (ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး) လူသားအချင်းချင်း ဒုက္ခပေးမယ့် မည်သည့် ကိုယ်မှု နှုတ်မှု မကောင်းမှုတို့ကိုမှ မပြုသင့်ပါဘူး။ ဘ၀တန်ဖိုးဟာ အကျင့်ကောင်းပါပဲ။ တန်ခိုးအာဏာ ပါဝါကြီးမားခြင်းဟာလဲလည်း သီလပါပဲ။ ဒီနေ့ နိုင်ငံတစ်ခုနှင့် တစ်ခု ဆက်ဆံကြတဲ့ မူဝါဒတွေဟာ အများအားဖြင့် သီလကင်းမဲ့ခြင်းနှင့် အတ္တဆန်ခြင်းတို့အပေါ်မှာ အခြေခံကြတာ တွေ့ရပါတယ်။ မည်သည့် အရေးအရာမှာမဆို တန်ခိုးပါဝါကြီးချင်ကြသူတွေဟာ သီလပါရမီကို အခြေခံကျင့်ကြရမှာပါ။ “သီလပြည့်စုံသူသည် အရာရာပြည့်စုံ၏” မြတ်ဗုဒ္ဓ၏ သတင်းစကားတစ်ပုဒ်ပါ။

၃။ နေက္ခမ္မပါရမီ = Perfection of Renunciation ကျွန်ုပ်တို့ ဘာသာရေး နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်တွေ အားလုံး မိမိတို့ကိုယ်တိုင်လည်း Perfect ဖြစ်ဖို့ ကိုယ်ဆောင်ရွက်နေသော လူသားကောင်းကျိုးပြုလုပ်ငန်းများလည်း Perfect ဖြစ်ဖို့၊ မိမိတို့ရဲ့ ဘ၀နှင့် ခန္ဓာသက်သာမှု၊ ချမ်းသာမှု၊ အခွင့်အရေး အချိန်နှင့် ပစ္စည်းဥစ္စာတို့ကို စွန့်လွှတ်စွန့်စားနိုင်ဖို့ လေ့ကျင့်ရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ အခွင့်အရေးနှင့် စည်းစိမ်ချမ်းသာ ခံစားမှုတို့ကို မစွန့်လွှတ်နိုင်သေးသမျှ မက်မောနေသေးသမျှ ကာလပတ်လုံး မိမိတို့သည် လူသားအကျိုးပြုလုပ်ငန်းများကို Perfect ဖြစ်အောင်၊ ပြည့်စုံအောင် ဆောင်ရွက်နိုင်ကြဦးမှာ မဟုတ်ပါဘူ။ စွန့်လွှတ်နိုင်မှ အောင်မြင်မှာပါ။ (ဗုဒ္ဓရှင်တော်၏ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို လေ့လာပါ)။

၎။ ပညာပါရမီ = Perfection of Wisdom ပညာဆိုတာ အသေးစိတ်သိတတ်တဲ့ ဉာဏ်ပါ။ ခေါင်းဆောင်တို့ အရာရာမှာ အသေးစိတ်သိနားလည်ကြလျှင် လူသားတွေရဲ့ ဘ၀အမှောင်ကို ပယ်ဖျောက်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။ အရှိနှင့် အမှန်ကို သူ့အတိုင်းသိမြင်ခြင်းဟာ ပညာပါပဲ။ အရှိကိုသိလျှင် အမှန်ကို သိတော့တာပါပဲ။ ဒါကို သမ္မာဒိဋ္ဌိလို့ ခေါ်တာပါပဲ။ အသိမှန် အမြင်မှန်မှ လူသားတို့အတွက် ဆုံးဖြတ်မှန်မှာဖြစ်ပါတယ်။ ပညာ ကင်းသူတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ မှားနေတာများပါတယ်။ Good Leader ဆိုတာဟာ Wise Leader, Good hearted Leader ကိုဆိုတာဖြစ်ပါတယ်။ ပညာကို ပါရမီမြောက် ဖြည့်ကျင့်ဖို့လိုပါတယ်။ မေတ္တာ၊ ကရုဏာဖြင့် အေးချမ်းစွာနေလျက် သတိဖြင့်ထိန်းချုပ်ထားသော ပညာရှင်ခေါင်းဆောင်တစ်ယောက်၏ လူသားတို့အတွက် ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များကား တန်ဖိုးဖြတ်၍ မရနိုင်ချေ။

၅။ ၀ီရိယပါရမီ = Perfection of Endeavor မည်သည့်အခါမှာ မည်သည့်နေရာမှာ မည်သူ့အတွက်၊ မည်သည့်အလုပ်ကိုပဲလုပ်လုပ် အားထုတ်သမျှ အလုပ်ဟာ ကောင်းရမယ်၊ မှန်ရမယ်၊ အကျိုးရှိရမယ်၊ အများလက်ခံနိုင်ရမယ်၊ လှပသော မွန်မြတ်သော ဘယ်သူကမှ အနှောင့်အယှက်မပေးသော ငြိမ်းချမ်းသော အလုပ်ဖြစ်ရမယ်။ မိမိ သူတပါး နှစ်ဦးသား အကျိုးရှိရမယ့်အလုပ်ကို လုပ်တဲ့နေရာမှာ တည်ငြိမ်ဖို့လိုတယ်။ အခက်အခဲ နည်းနည်းတွေ့လျှင် တွန့်ဆုတ်ချင်တဲ့ စိတ်ညံ့ စိတ်ဖျင်းတွေ ကင်းရမယ်။ အားထုတ်လို့ နည်းနည်းအောင်မြင်လာလျှင် များများကြီး စိတ်ကြီးဝင်တာမျိုးလည်း မရှိစေရဘူး။ မပြီးဆုံးခင်မှာ အရှုံးပေးချင်တဲ့ စိတ်ဓာတ်မျိုးလည်းကင်းမှ သမ္မာဝါယမမြောက်မှ ပါရမီလည်းမြောက်ပါတယ်။

၆။ ခန္တီပါရမီ = Perfection of Tolerance ခေါင်းဆောင်တို့ကျင့်စဉ်ဆယ်ရပ်ထဲမှာ ခန္တီဟာ အလွန်အရေးပါပါတယ်။ နှစ်သက်သာယာဖွယ်ကောင်းသည့် အခြေအနေကို လောဘတဏှာ မဖြစ်အောင်ခံနိုင်ရမယ်။ စိတ်ပျက်ဖွယ်ကောင်းအောင် ဆိုးဝါးသည့်အခြေအနေကို ဒေါသပဋိဃမဖြစ်အောင် သည်းခံနိုင်ကြရမည်။ အကောင်းအဆိုး နှစ်မျိုးလုံးကို ခြားနားမှုမပြု တညီထည်းရှုတတ်တဲ့ စိတ်ဟာ ခန္တီပါပဲ။ ကမ္ဘာမြေကြီးဟာ သူ့အပေါ် ကျင်ကြီး၊ ကျင်ငယ်စွန့်ကြတဲ့ သူတွေအပေါ်မှာ ဘယ်သောအခါမျှ ပဋိဃမပြု၊ စိတ်မထိခိုက်၊ သူ့အပေါ်မှာ သစ်ပင်ပန်းပင်စိုက်၍ အလှပြင်ပြန်တော့လည်း အနုနယမပြု၊ (မသာယာ၊မမက်မော) တညီတည်းရှုတယ် ဆိုတာလိုပဲ ရှုတ်ချကဲ့ရဲ့သံကြားလည်း Detach မဖြစ်အောင်နေခြင်းဟာ ဗုဒ္ဓ၏ ခန္တီပါပဲ။ ချီးမွမ်းထောက်ခံ အားပေးတာကိုလည်း Attach မဖြစ်အောင်နေခြင်းဟာ ခန္တီပါပဲ။ အမြတ်ဆုံးသော အကျင့်ဖြစ်ပါတယ်။ ခန္တီဟာကြီးကျယ်သော အောင်မြင်မှု ပန်းတိုင်အတွက် မြင့်မြတ်သော ခေါင်းဆောင်တို့၏ ကြီးမြတ်သော ကျင့်စဉ်တရပ်ပါ။ အခြားတစ်ဖက်မှာတော့ သည်းမခံနိုင်ခြင်းဟာ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်အားလုံးတို့ရဲ့ ဆုံးရှုံးခြင်းသို့ အရှိန်ပြင်းပြင်းနဲ့ တွန်းပို့တဲ့ ရန်သူကြီးတစ်ပါးပင် ဖြစ်ပါတော့တယ်။

၇။ သစ္စာပါရမီ = Perfection of Truth သိလျက်နှင့် မရိုးသားသောစိတ်ဖြင့် သူ့အကျိုးမဲ့အောင် မမှန်စကားမပြောမှ၊ မိမိ၏ရာထူးအာဏာ၊ စီးပွါးဥစ္စာ၊ ဂုဏ်ပါဝါကို မငဲ့ပဲ မှန်သော၊ အကျိုးရှိသော၊ ရိုးသားသော၊ ချိုသာသော၊ ယဉ်ကျေးသော စကားကို ပြောနိုင်မှ လူသားတို့ယုံကြည်စိတ်ချ အားကိုးလောက်သော၊ လူတွေကို လမ်းလွဲသို့မပို့သော ခေါင်းဆောင်ကောင်းတစ်ယောက်၊ လူသားကောင်းတစ်ယောက် ဖြစ်မည်ဟု ဗုဒ္ဓမိန့်ဆိုပါသည်။ ချစ်ခြင်းကြောင့် ဘက်လိုက်သောစကား၊ မုန်းခြင်းကြောင့် ဖိနှိပ်သောစကား၊ ကြောက်ခြင်းကြောင့် မရိုးသားသောစကား၊ တွေဝေခြင်းကြောင့် မှားယွင်းသောစကားတို့ကို မပြောမိစေရန်၊ နှစ်ခွစကားမဆိုကြားဖို့ မြတ်ဗုဒ္ဓက အစဉ်သဖြင့် တိုက်တွန်းပါတယ်။ သစ္စာပါရမီသည် ခေါင်းဆောင်တို့၏ ဂုဏ်ကျက်သရေတစ်ခုဖြစ်သည်။ နေလနှင့် နက္ခတ်တာရာတို့သည် ဥတုသုံးပါးလုံး သူတို့သွားနေကျ လမ်းကြောင်းမှ ဘယ်လမ်းကြောင်းသို့မှ မပြောင်း၊ သွားမြဲလမ်းကြောင်းအတိုင်း သွားနေသကဲ့သို့ ကျွန်ုပ်တို့ခေါင်းဆောင်အားလုံး လူသားတွေကို သစ္စာလမ်းကြောင်းကပဲ ခေါင်းဆောင်ခေါ်သွားသင့်ပါတယ်။

၈။ အဓိဋ္ဌာနပါရမီ = Perfection of Resolution ကျွန်ုပ်တို့ ခေါင်းဆောင်တွေဟာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်တယ်ဆိုလျှင် ကျောက်ထဲမှာစိုက်သော ကျောက်တိုင်သည် လေပြင်းမုန်တိုင်းမည်သို့ပင် တိုက်ခတ်စေကာမူ ယိမ်းယိုင်တုန်လှုပ်ခြင်း မရှိသလို လာဘ၊ အလာဘ၊ ပိယ၊ အပ္ပိယ မုန်တိုင်းများ တိုက်ခတ်ခြင်းဟူသော အကြောင်းကြောင့် မပြောင်းမလဲ ခိုင်မြဲသော ဆုံးဖြတ်ချက်နှင့် တည်ငြိမ်သော စိတ်ထားရှိကြဖို့ လိုပါတယ်။ ခိုင်မြဲသော ဆုံးဖြတ်ချက်နှင့် တည်ငြိမ်သောစိတ်ထားသည် ဘ၀နှင့် ဘ၀၏ လုပ်ဆောင်ချက်များ Perfect ဖြစ်ရေးအတွက် အရေးပါသော အင်္ဂါတစ်ရပ်ဖြစ်ပါတယ်။

၉။ မေတ္တာပါရမီ = Perfection of Loving kindness မေတ္တာဆိုတာ ယောက်ျား၊ မိန်းမ နှစ်ဦးသားတို့ ချစ်ကြတာမျိုးကို တကယ်ဆိုလိုတာ မဟုတ်ပါဘူး။ အဘိဓမ္မာမှာ မေတ္တာဆိုတာ အဒေါသကို ပြောပါတယ်။ ဒေါသဆိုတာက အဖျက်ဓာတ်ဖြစ်ပါတယ်။ အဒေါသဆိုတာက Constructive Element, Peaceful Element ဖြစ်ပါတယ်။ ရေနဲ့တူတဲ့ အကျင့်ပါ။ လူကောင်း၊ လူဆိုးနှစ်ယောက်စလုံးကို အေးချမ်းအောင် ဆောင်ရွက်ပေးလိုတဲ့စိတ်ပါ။ ရေဟာ ဘယ်တိုင်းပြည်က ဘယ်ရေပဲဖြစ်ဖြစ် လူတိုင်းကိုအေးချမ်းစေပါတယ်။ မေတ္တာဆိုတာ ရန်သူနှင့် မိတ်ဆွေနှစ်ယောက်လုံးရဲ့ အပေါ်မှာ ကောင်းကျိုးချမ်းသာ ဖြစ်စေချင်တဲ့ စိတ်မျိုးဖြစ်ပါတယ်။ ရင်ခွင်ပိုက်ထားသည့် ကလေးသည် အမေ့ရင်ခွင်မှာ ကျင်ကြီး ကျင်ငယ်စွန့်ပေမယ့် အမေသည် ထိုသားငယ်ကို အပြစ်မယူ၊ အတိုင်းမရှိ ကောင်ကျိုးလိုလားသော စိတ်ဓာတ်ဖြင့် တသားတည်းတညီတည်း အေးချမ်းစေချင်တဲ့ စိတ်ဖြစ်ပါတယ်။ ဒေါသ၊ အာဃာတ၊ ပဋိဃတို့ကို ငြိမ်းအောင်ကျင့်ရတဲ့ ကျင့်စဉ်မျိုးဖြစ်လို့ Way of Peace ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အကောင်းမြင်ဝါဒ ဖြစ်ပါတယ်။

၁၀။ ဥမေက္ခာပါရမီ = Perfection of Equilibrium စိတ်ဓာတ်ရဲ့ ဟန်ချက်ညီမှုပါပဲ။ ဘာသာရေးမှာပဲဖြစ်စေ၊ နိုင်ငံရေးမှာဖြစ်စေ၊ လူမှုရေးမှာဖြစ်စေ၊ ရ+မရ၊ အောင်မြင်+မအောင်မြင်၊ ချီးမွမ်း+ကဲ့ရဲ့ စတဲ့ နှစ်ခုတွဲရှိနေကြတဲ့ လူ့ဘ၀၏ သဘာဝတွေမှာ ဘယ်ဘက်ကိုမှ ဘက်မလိုက်ပဲ မက်မောခြင်းလည်းမရှိ၊ စိတ်ပျက်ခြင်းလည်းမရှိ၊ ဟိုဘက်ဒီဘက် အစွန်းမထွက်ပဲ မျှတညီညွှတ်သော စိတ်အလယ်ကသွားရတဲ့ ကျင့်စဉ်မျိုးဟာ Perfect ဖြစ်လိုတဲ့ ခေါင်းဆောင်တို့အတွက် လိုအပ်တဲ့ ကျင့်စဉ်တစ်ရပ်ဖြစ်ပါတယ်။ The mind of equanimity, that is without fear and favor and evenly balanced ဖြစ်ပါတယ်။

7DAY NEWS journal မှ ထုတ်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။
(Credit to ယဉ်သင်းအိ မဂ္ဂဇင်း)

Wednesday, November 2, 2011

စက်တင်ဘာထာဝရ၏ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမြို့သို့ ခရီးသွား အမှတ်တရ ဆောင်းပါး အပိုင်း (၁)

စက်တင်ဘာထာဝရ၏ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမြို့သို့ ခရီးသွား အမှတ်တရ ဆောင်းပါး အပိုင်း ()




အိန္ဒိယရောက်ရှိတာ တစ်နှစ်နည်းပါးကြာခဲ့ပင်မယ် ဗုဒ္ဓဂါယာအကြောင်း စာရေးမယ်လို့ စိတ်ကူးရှိခဲ့တာ အကြိမ်းအကြိမ်းပါပဲ။အကြောင်းမတိုက်ဆိုင်တော့ မဖြစ်ခဲ့ပါဘူး။ခရီးအစဉ် တစ်ချို့ အကြောင်းအရာတွေကို စာရေးမယ်လို့ ခရီးသွားစဉ်က စိတ်ကူးခဲ့ပေမယ့် ကြောင့်အမျိုးအမျိုးကြောင့်မရေးဖြစ်ပြန်ဘူး။အများအားဖြင့်လာကြတာက ။ မြန်မာပြည်က အိန္ဒိယ ဘုရားဖူး ခရီးသည်တွေဟာ များသောအားဖြင့် ဗုဒ္ဓဂါယာမြို့ကို တိုက်ရိုက်လာကြပါတယ်။ ဗုဒ္ဓဂါယာမြို့က ဘုရားပွင့်တော်မူရာ အထိမ်းအမှတ် အသောကမင်းတရားကြီး တည်ထားတော်မူခဲ့တဲ့ မဟာဗောဓိ စေတီတော်ကြီးနှင့် သတ္တဋ္ဌာန၊ အဲဒီ အနီးတစ်ဝိုက်က ဒုက္ကရစရိယာ ကျင့်တော်မူခဲ့ရာ တောင်နှင့် လှိုင်ဂူ၊ သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်း ကပ်လှူရာ နေရာ၊ နေရဉ္ဖရာမြစ်ထဲသို့ ရွှေခွက်မြှောရာ နေရာ၊ သုပ္ပိယငစင် မြက်ရှစ်ဆုပ် လှူရာ နေရာတို့ကို ရှေးဦးစွာ ဖူးမျှော် လည်ပတ်ကြတာများပါတယ်။ကိုရင်လေး ဘ၀ကို သင်ခဲ့ရတာတွေက အခုတော့လက်တွေအသုံးတဲ့ သွားတယ်လိုပြောရမှာပါပဲ။ ဂျပန်ကနေ မြန်မာတွေလာတာ အရမ်းနည်းပါတယ်။ပထမဆုံးစာရေးသူတို့နေထိုင်ရာ နယူဒေလီမြို့ကိုရောက်ရှိလာပြီး အိန္ဒိယနိုင်ငံကို ရောက်လာတဲ့ ကိုမောင်မောင်ဦး (ဂျပန်)နှင့်အတူးစာရေးသူရယ် ကိုမင်းကိုတို့ဟာ အိန္ဒိယနိုင်ငံရဲ့မြို့တော်နယူဒေလီမြို့ကနေ့ ဗုဒ္ဓဘုရားပွင့်ရာ ဒေသတွေကို ခရီးစတင်ခဲ့ပါတယ်။


စာရေးသူတို့ဟာ ဗုဒ္ဓဂါယာမှာ အေးအေးသက်သာ ဘုရားဖူးမျှော်၊ နားနေပြီးမှ တစ်ခြားသော ဘုရားဖူးရာ နေရာတွေကို လိုက်လံ ဖူးမျှော်ကြမယ်လို့ တွက်ထားပင်မယ် အိန္ဒိယနိုင်ငံ အပူးဒဏ်ကို မခံနိုင်တဲ့ ဂျပန်တပိုင်းမြန်မာကြီးကိုမောင်မောင်ဦး ကျမ္မာရေးအခြေနေကြောင်း နောက်ချောင်းလှန်းပြန်ခဲ့ရပါတယ်။ မြန်မာပြည်က စာလာသင်တဲ့ ဆရာတော်တစ်ပါးက ရှင်ပြလို့ ဗုဒ္ဓဂါယာမှ ထွက်ပြီး အခြားမြို့ရွာတွေက ဘုရားဖူးရာ နေရာတွေကို သွားတဲ့အခါ မြန်မာဘုရားဖူးတွေ အခေါ် လက်ျာခရီးနှင့် လက်ဝဲခရီးလို့ နှစ်မျိုး ရှိတယ်ဆိုတာကိုသိခွင့်ရခဲ့ပါတယ်။စာရေးသူတို့ဟာ ကားဖြင့် ဗုဒ္ဓဂါယာမှသည် ဗာရာဏသီ၊ သာဝတ္ထိ စသည်အတိုင်း လှည့်လည်ပါက လက်ျာခရီးလှည့်လည်ခြင်းလို့ ဆိုကြပြီး၊ ဗုဒ္ဓဂါယာမှသည် ရာဇဂြိုဟ်၊ ပါဋလိပုတ်၊ ဝေသာလီ၊ ကုသိနာရုံ၊ လုမ္ဗိနီ၊ သာဝတ္ထိ၊ ဗာရာဏသီ ခရီးစဉ်အတိုင်း လှည့်လည် ဖူးမြော်ကြတာကိုတော့ လက်ဝဲခရီးလို့ ဆိုကြပါတယ်။ အဲဒါကတော့ ဘုရားဖူးခရီးစဉ်အတွင်း ညအိပ် တည်းခိုကြမည့် နေရာ ခရီးသည် ရောက်ရှိ တည်းခိုနေတဲ့အပေါ် အခြေအနေကြည့်ပြီး လှည့်လည်ကြရတာလို့ ဆိုပါတယ်။ တည်းခိုတဲ့ ခန်းတွေမှာ ခရီးသည် ပြည့်ကြပ်နေတာမျိုး ဖြစ်မှာကို ရှောင်တဲ့ သဘောပါတဲ့။ စာရေးသူတို့တွေ လှည့်လည်ခဲ့ကြတာကတော့ လက်ဝဲခရီးပါ။

စာရေးသူတို့ လှည့်လည်ခဲ့ကြတာကတော့ ရက် အလွန်နည်းလွန်းပါတယ်။ သုံးညအိပ်၊ လေးရက်ခရီးမို့ ခရီးပန်းသလို အေးအေး ဆေးဆေးကြည့်ရှု လေ့လာဖို့၊ စိတ်ကြိုက် ဘုရားအာရုံပြုဖို့ သိပ် အဆင်မပြေလှပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဖြစ်သွားခဲ့ရတာပါ။ ဓာတ်ပုံများများ ရိုက်ပြီး ပြီးမှ ပြန်အာရုံပြု ကြည်ညိုရပါတော့တယ်။ ဆရာတော်ကတော့ လိုက်ပို့နေကြသူမို့ မိမိတို့အဖွဲ့က တစ်လုံးတစ်ပါဒမျှ ပြောစရာ၊ လမ်းညွှန်စရာမလိုပါဘူး။ ခရီးလမ်းစဉ်အပါအဝင်၊ ဘယ်မြို့ ဘယ်နေရာမှာ မြန်မာကျောင်း ရှိတယ်ကစလို့ အားလုံးကို ဘုရားဖူးသွားသင့်တဲ့ အဓိက နေရာများကိုဆရာတော်ကနေ့ ပြောပြပေးပါတယ်။
ဘုရားဖူးသွားသင့်တဲ့ နေရာတွေကတော့ သံဝေဂတရား ရစေတတ်တဲ့ အဓိကလေးနေရာပါ။ သံဝေဇနိယ လေးဌာနလို့ ခေါ်ကြပါတယ်။ အဲဒီ လေးနေရာကို အလွယ်တကူ မှတ်မိလွယ်အောင် “ဖွား ပွင့် ဟော စံ၊ ဤလေးတန်၊ မှတ်ရန် သံဝေဇနိယလို့ လင်္ကာလေး စပ်ပြီး ပြောကြတယ်လို့။ ဆရာတော်က ရှင်ပြပါတယ်။ဖွား ပွင့် ဟော စံ၊ ဤလေးတန်၊ မှတ်ရန် သံဝေဇနိယ”အဓိပ္ပါယ်ကိုတစ်ခုချင်းစီပြောပြတယ်။
ဖွား” ဆိုတာက ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်၊
ပွင့်” မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် အမြင့်ဆုံး အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူရာ မဟာဗောဓိ (ပုဒ္ဓဂါယာ)
ဟော” ဆိုတာက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် အမြတ်ဆုံးသော ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူရာ မိဂဒါဝန်၊ (ခုခေတ် ဆရဏာတ်၊ ဗာရာဏသီ)
စံ” ဆိုတာက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ခန္ဓာအကြွင်းအကျန်မရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံ တို့ ဖြစ်ပါတယ်။ ဒီလေးဌာနကို သံဝေဂရစေတတ်တဲ့ နေရာမြတ်တွေအဖြစ် ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင် ပရိနိဗ္ဗာန် စံလွန်တော်မူခါနီးမှာ မိန့်ကြားတော်မူခဲ့တာပါ။ (မဟာပရိနိဗ္ဗာနသုတ်)

မြန်မာပြည်က ဘုရားဖူးတွေအကြောင်းကိုပြောပြလို့ အရယ်စရာဖြစ်ခဲ့ရပါသေတယ်။အတ္တကြီးမားတဲ့သူတွေအကောင်း ကြိုက်သူတွေအကြောင်းစုံပါပဲ။ဘုရားခရီးစဉ်ဖူးသွားတော့မည် ဆိုလျှင် ဘယ်လိုစိတ်ထားမည် ဆိုသည်ကို ကြိုတင် ပြင်ဆင်သင့်တယ်ဆိုတာက အစဆရာတော်ကရှင်ပြပြီးဘယ်လို့ပြင်ဆင်သင်တယ်၊အရင်ထဲက ပြင်မလာရင်တော့ ငွေကုန် လူပန်းသလောက် အကျိုး မရနိုင်ပါဘူး။ ကိုယ့်မိသားစုချည်း လာကြတာ မဟုတ်ရင် မပြောပလောက်တဲ့ ကိစ္စလေးတွေနှင့် စိတ်ဆိုးကြ၊ စိတ်ကောက်ကြ၊ မနာလို ဝန်တိုမှုတွေဖြစ်ကြ၊ ပြိုင်ကြ ဆိုင်ကြနှင့် “ကုသိုလ် တစ်ပဲ ငရဲတစ်ပိဿာ” ဖြစ်ကြရတတ်ပါတယ်တဲ့။ ဥပမာ အတ္တကြီးသူက ဘယ်ရောက်ရောက် အကောင်းဆုံး နေရာချည်း ပြေးပြေးယူတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တာတို့၊ ကားပေါ်မှာ နေရာကောင်း လုရင်း စကားများကြရတာ ဒါမှမဟုတ် စကားမပြော ဖြစ်ကြရတတ်တာ စသည်ဖြင့်ပါပဲ။ ဒါတွေက ဖြစ်နေကျ ပြဿနာတွေလို့ ဗာရာဏသီက ဆရာတော် တစ်ပါးက မိန့်ဘူးပါတယ်။

မြန်မာပြည်သားဘုရားဖူးတစ်ချို့ကလည်း ဘုရားဖူးခရီးလား ဈေးဝယ်ထွက်တဲ့ ခရီးလား မကွဲကြဘူးလို့ ဒေသခံလို ဖြစ်နေတဲ့ ဆရာတော်တစ်ပါးထံကနေ သိခဲ့ရပါတယ်။ တစ်ချို့ကြတော့လည်း ဘုရားဖူးဖို့ စိတ်က နည်းနည်း၊ နိုင်ငံခြားဆိုပြီး ထွက်ချင်ဇောကများများနှင့် ထွက်လာလိုက်တာ အိန္ဒိယ လူနေမှုကြည့်ပြီး စိတ်တစ်ပျက်ထဲ ပျက်နေ့သူကတော့ ဂျပန်ရောက် ကိုမောင်မောင်ဦးဟာ ဒေလီကို အမြန်ပြန်စေချင်းတာပါပဲ။ အိန္ဒိယမှာ အစိုးရက ချမ်းလည်း ချမ်းသာ၊ တော်တော်လည်း ကောင်းပေမည့် လူဦးရေ များလွန်းတာကို နိုင်နင်းအောင် ကိုင်တွယ်နိုင်ဖို့က နှစ်ပေါင်း အများကြီး လုပ်ပါဦးမှာပါ။ ဘုရားဖူးသွားရာ နေရာတွေ (အထူးသဖြင့်ဘီဟာပြည်နယ်)ဟာ ခုခေတ်မှာတော့ အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်ပါ။ ဒါကြောင့် ဘုရားဖူးစိတ်ကို သန်သန်ကြီး မွေးမထားလို့ကတော့ စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်မှာပါ။ စင်္ကာပူ၊မလေးရှားစတဲ့ နိုင်ငံတွေကို ခရီးလည် ထွက်ရတာနှင့်တော့ လုံးဝ လုံးဝ မတူနိုင်ပါဘူး။ ဘုရားဖူး ခရီးကို အလည်အပတ်ခရီးနှင့် မရောထွေးမိဖို့ အရေးကြီးကြောင်း ဆရာတော်က ရှင်ပြပါတယ်။

ဘီဟာပြည်နယ်ဆိုတာ ရှေးဟောင်းနေရာတွေ အလွန်းများပြားတဲ့ နေရာပါ။နောက်တစ်ခုကတော့ ဒီနေရာတွေဟာ ရှေးဟောင်းနေရာတွေချည်းပဲဆိုတော။ ဒီတော့ ဗုဒ္ဓ သို့မဟုတ် ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ ရှေးဟောင်း အဆောက်အဦး အပြို အပျက်တွေချည်း မြင်ရမှာပါ။ ဒီတော့ ကိုယ်လာရင်း ခရီးမှာ ထားရမည့် စိတ်ထားကို မေ့နေလို့ကတော့ အုတ်ကျိုး အုတ်ပဲ့ အုတ်ပုံတွေကို လာကြည့်ရသလိုပါလို့လည်း တွေးမိတတ် မြင်မိတတ်ပါတယ်။သမိုင်းမှတ်တိုင်းနေရာကိုသာ စိတ်အာယုံပြုပြီး ကိုယ်ကွယ်ကြတဲ့နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ပြီးတော့ သမိုင်းအမွှေ့းကို ရှေ့လက်ရာမပြက်ထိမ်းသိမ်းတန်းဖိုးကြတာပါပဲ။စာရေးသူတို့နိုင်ငံမှာတော့ သမိုင်းတွေကို စနစ်တကျဖြတ်စည်းဖြစ်နေတာ ၀မ်းနည်းစရာကောင်းပါတယ်။

ဒါကြောင့် ဒီခရီးကို သွားတော့မယ်ဆိုရင် စာရေးသူတို့အားလုံး ဗုဒ္ဓဂုဏ်တော် ရတနာသုံးပါးဂုဏ်ကျေးဇူးတွေကိုများများ ပွားဖို့နှင့် မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခနှင့် အစိုးမရခြင်း အနတ္တသဘောကို များများကြီး နှလုံးသွင်းကာ သွားသင့်ကြောင်း သတိပြုပြီး စိတ်ကို ပြုပြင်ထားသင့်ပါသည်။တစ်ချို့ကတော့ ဘုရားဖူးခရီးသွားပြီးလျှင် သေလျှင် အပါယ်မကျကြောင်း၊ နတ်ပြည်ရောက်မည့်အကြောင်း ပြောသံကြားလို့ လာကြသူတွေလည်း နည်းလှမယ် မထင်ဘူး။ ဒါနှင့် ပတ်သက်တဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်ကြားချက်ကို မဟာပရိနိဗ္ဗာန သုတ်တော်မှ ကောက်နှုတ်တင်ပြရလျှင် -
မြတ်စွာဘုရားက ချစ်သားအာနန္ဒာ၊ သဒ္ဓါတရားရှိသော ရဟန်း၊ ရဟန်း မိန်းမ၊ ဥပသကာ၊ ဥပါသိကာမတို့သည် “ဤအရပ်၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏၊” “ဤအရပ်၌ မြတ်စွာဘုရား အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏၊ “ဤအရပ်၌ မြတ်စွာဘုရားသည် အမြတ်ဆုံးသော ဓမ္မစကြာ တရားကို ဟောတော်မူ၏၊ “ဤအရပ်၌ မြတ်စွာဘုရားသည် ခန္ဓာအကြွင်းအကျန် မရှိသော ငြိမ်းခြင်းသဘောရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏” ဟု အောက်မေ့ သတိယပြီး လာရောက်ကြကုန်လိမ့်မည်။ အာနန္ဒ၊ စေတီ ပုထိုးတို့ကို ဖူးမျှော်ရန် လှည့်လည် သွားလာသော သူတို့သည် ကြည်ညိုသော စိတ်ထားဖြင့် သေကုန်ငြားအံ့။ ထိုသူအားလုံးတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကြရကုန်လိမ့်မည်”။
အဲဒီ ဟောကြားချက်မှာ “ကြည်ညိုသော စိတ်ထားဖြင့် သေကုန်ငြားအံ” ဆိုတဲ့ စကားရပ်ကို သတိပြုသင့်ပါတယ်။ ကြည်ညိုတဲ့ စိတ်နှင့် ကွယ်လွန်မှ နတ်ပြည်ရောက်မှာပါ။ သွားဖူးရုံ ရောက်ဖူးရုံနှင့်တော့ သို့မဟုတ် ကွယ်လွန်ခါနီး ဆဲဆဲမှာ မကောင်းတဲ့ အာရုံ၊ မကောင်းတဲ့ စိတ်တွေနှင့် ကွယ်လွန်သွားလို့ကတော့ နတ်ပြည် မရောက်နိုင်ပါဘူး။ ဒီလို အဓိပ္ပါယ်ကောက်မှလည်း အခြားသော ဗုဒ္ဓရဲ့ ဟောကြားချက်တွေနှင့် ကိုက်ညီမှာပါ။ ဒါကြောင့် ခရီးမသွားခင် ကတည်းက ခရီးစဉ်အတွင်း ထားရမည့် စိတ်ထားကို ကြိုးစားကာ ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုတိုက်တွန်းလိုက်ချင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်......