Sunday, November 20, 2011

အကြောင်းရင်းအခြေအမြစ်သုံးပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်။

ဦးဇင်းအားလုံးသိကြတဲ့ အကျိုးရား၊အကြောင်း၊အကျိုးအပြစ်။အကြောင်းဆိုတာကတော့ ဒီဘ၀မှာ ဒုက္ခဆင်းရဲအပေါင်းက ကျွတ်လွတ်နိုင်တဲ့၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာကို ရသင့်ရထိုက်တဲ့ အကြောင်းကိုပြောတာ။ အဲဒီသုံးပါးပြည့်စုံရမယ်ပေါ့။ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မှသာလျှင် လောကီရော၊ လောကုတ္တရာရော ထွန်းပေါက်အောင်မြင်သူဖြစ်နိုင် ပါတယ်။ အထက်တန်းကျတဲ့ဉာဏ်ပညာကို ရနိုင်ဖို့၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန် ထက်မြက်သူဖြစ်ဖို့ အရည် အသွေး သုံးမျိုးလိုအပ်တာပေါ့။ IQ လို့ပြောရင်လည်းရတာပေါ့။ အရည်အသွေး သုံးမျိုးကတော့ ဥပမာ (၁) အလောဘ၊ (၂) အဒေါသ၊ (၃) အမောဟဆိုသော တရားသုံးပါးပါပဲ။ တိရစ္ဆာန်တွေမှာကျတော့ လောဘ၊ ဒေါသ၊ မောဟ သက်သက်သာရှိတယ်။ ထို့ကြောင့်သူတို့ကို အဟိတ်တိရစ္ဆာန်လို့ခေါ်တာပါ။ လူတွေမှာကျတော့ လောဘလည်းရှိ တယ်။ အလောဘလည်းရှိတယ်။ ဒေါသလည်းရှိ တယ်။ အဒေါသ(မေတ္တာ)လည်းရှိတယ်။ တစ်ချို့ကျတော့ မောဟ(အ၀ိဇ္ဇာ)ပဲရှိတယ်။ အမောဟ(၀ိဇ္ဇာဉာဏ်၊ ပညာစေတသိတ်) မရှိဘူး။ အန္ဓပုထုဇဉ်က အမှန်ကိုအမှန်တိုင်း သိတဲ့သစ္စာဉာဏ်(၀ိဇ္ဇာ)မရှိဘူး။အဲဒီလူကိုဒွိဟိတ်လို့ခေါ်တာပါပဲ။
အလောဘ
လူတွေမှာ မွေးလာကတည်းက လောဘမူလေးပါလာတယ်။ လိုချင်တပ်မက်တာပေါ့။ သာယာ နှစ်သက် တဲ့ဝေဒနာကြောင့် အဲဒီ မြင်မြင်သမျှကို ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့မယား၊ လင်သား၊ ဥစ္စာဆိုတဲ့ သကာယဒိဋ္ဌိ အစွဲ အလမ်းတွေရှိတဲ့အတွက် လိုချင်တယ်၊ တပ်မက်တယ်။ အလော ဘ (ဟိတ်)ရှိတဲ့သူတွေကျတော့ စည်းစိမ်ဥစ္စာ တွေအပေါ် ကိလေသာအာရုံကာမဂုဏ်တွေ အပေါ်မှာ မတပ်မက်ဘူး၊ မစွဲလမ်းဘူး၊ ထို့အတွက် သူက စွန့်လွှတ် နိုင်တယ်။ထို့ကြောင့်အလောဘကိုကုသလမူလကုသိုလ်ရဲ့အခြေအမြစ်လို့ခေါ်ပါတယ်။

အဒေါသ
အဒေါသကတော့ သူတစ်ပါး ပျက်စီးအောင် ဖျက်စီးလိုခြင်း မရှိတာပေါ့။ ဒေါသရှိတဲ့သူကျတော့ ပျက်စီးအောင် မဖျက်စီးခင်ကတည်းက သူ့ရဲ့စိတ်ပျက်စီးနေရတာပါပဲ။ ကိုယ့်ကိုလည်းထိခိုက်၊ သူတစ်ပါးကိုလည်း ထိခိုက်တာ ပါပဲ။ ရင်ထဲမှာ ငြိမ်းအေးမှု မရှိဘူး။ အဒေါသ(မေတ္တာ) ကိန်းနေသူရဲ့ရင်ထဲမှာထာဝရ အေးချမ်းနေတာပေါ့။ အဒေါသကလည်းကုသလမူလကုသိုလ်ရဲ့အခြေအမြစ်ပါပဲ။


အမောဟ
မတွေဝေမှုပါ။ အမောဟရဲ့သဘောက တော်တော်လေးကျယ်ဝန်းပါတယ်။ ပညာသဘော၊ ၀ိဇ္ဇာသဘော ဖြစ်တာကိုး။ သစ္စာဆိုတဲ့ သဘောအမှန်တရားကို ခွဲခွဲခြားခြား သိမှုပါပဲ။ ခုပစ္စုပ္ပန်ဘ၀မျာ မိမိတို့ရထားတဲ့ ခန္ဓငါးပါးဟာ ဖြစ်ပြီးပျက်နေတဲ့ မမြဲတဲ့ တရားကြီးပဲဆိုတာကို ဟုတ်တိုင်းမှန်စွာသိရမယ်။ သစ္စာလေးပါးကို တတ်သိနားလည်ရမယ်။ ဒီလူ့ဘ၀ ကိုဘာလို့ရောက်လာတာလဲအမြင့်မြတ်ဆုံးအလုပ်ဟာဘာလဲဆိုတာကိုသိတတ်တဲ့ဉာဏ်ရှိသူရဲ့အဖြစ်ဟာအမောဟရဲ့သဘောပါပဲ။

အမောဟစိတ်ရှိသူ တိဟိတ်ဟာ အလိမ္မာဉာဏ်ရှိသူဖြစ်ပါတယ်။ ကိလေသာအာရုံ ကာမဂုဏ်တရားတွေကို နှိပ်ကွပ်နိုင်တဲ့ အစွမ်းသတ္တိမျိုးရှိပါတယ်။ ဒီအယူ မှားလးမှန်လား ဆိုတဲ့ ထိုးထွင်းသိတဲ့ ၀ိဇ္ဇာဉာဏ်ရှိတယ်။ သိတာနဲ့ အဲဒီအယူကို စွန့်ပစ်နိုင်တဲ့ ပညိနြေ္ဒ၊ ပညာဉာဏ်ရှိတယ်။ ဆရာမှားကို တွေ့ရင်လည်း စွန့်ခွါဖို့ဝန်မလေးဘူး။ တွေဝေမနေဘူး။ မိမိဖြစ်ရာပုဂ္ဂိုလ်၊ ဖြစ်ရာဘ၀ကိုလည်း မြင့်တက် အောင် အထွတ်အထိတ် ရောင်အောင်ပို့ဆောင်နိုင်တဲ့ ဉာဏ်ပညာ သိတတ်တဲ့ သဘောရှိတယ်။
ဦးဇင်းတို့ဘုရားရှင်သော်မှ တပည့်သာဝကတို့၏ တရားတော်များ ပြန်လည်နာကြားပါသည်။ ဦးဇင်းတို့လို ကလျာနပုထုဇဉ်ဖြစ်ဖို့ ကြိုးစားသူများမှာ အချိန်တိုင်းမှာ တရားတော် နာကြားသင့်သည်ဟု ယူဆမိသလို နာကြားရန်လည်း တိုက်တွန်း နှိုးဆော်လိုပါတယ်။ အချိန်တိုင်းမှာ တရားတော် မနာဖြစ်ခဲ့ရင်တောင် အချိန်တိုင်းမှာ ကုသိုလ်ဖြစ်ရေး သတိရှင်၍ နေစေလိုပါတယ်။ ဦးဇင်းတို့၏ ဗုဒ္ဓသာသနာ ပြန့်ပွားရန် အုတ်တစ်ချပ်၊ သဲတစ်ပွင့်မျှ ကြိုးစားသည် မမြတ်သည့်တိုင်အောင် အကျိုးမယုတ် အသိတရား အထိုက်အလျောက်တိုးတက်ခဲ့မည်ဆိုလျှင် ဦးဇင်းတိုကြိုစားရကြိုးနပ်ပါလိမ့်မည်။
အချိန်တိုင်းမှာ တရားသတိ ရှိကြပါစေ။
စာရေး ဖျာပုံ နဒီ

No comments:

Post a Comment