Wednesday, November 2, 2011

စက်တင်ဘာထာဝရ၏ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမြို့သို့ ခရီးသွား အမှတ်တရ ဆောင်းပါး အပိုင်း (၁)

စက်တင်ဘာထာဝရ၏ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမြို့သို့ ခရီးသွား အမှတ်တရ ဆောင်းပါး အပိုင်း ()




အိန္ဒိယရောက်ရှိတာ တစ်နှစ်နည်းပါးကြာခဲ့ပင်မယ် ဗုဒ္ဓဂါယာအကြောင်း စာရေးမယ်လို့ စိတ်ကူးရှိခဲ့တာ အကြိမ်းအကြိမ်းပါပဲ။အကြောင်းမတိုက်ဆိုင်တော့ မဖြစ်ခဲ့ပါဘူး။ခရီးအစဉ် တစ်ချို့ အကြောင်းအရာတွေကို စာရေးမယ်လို့ ခရီးသွားစဉ်က စိတ်ကူးခဲ့ပေမယ့် ကြောင့်အမျိုးအမျိုးကြောင့်မရေးဖြစ်ပြန်ဘူး။အများအားဖြင့်လာကြတာက ။ မြန်မာပြည်က အိန္ဒိယ ဘုရားဖူး ခရီးသည်တွေဟာ များသောအားဖြင့် ဗုဒ္ဓဂါယာမြို့ကို တိုက်ရိုက်လာကြပါတယ်။ ဗုဒ္ဓဂါယာမြို့က ဘုရားပွင့်တော်မူရာ အထိမ်းအမှတ် အသောကမင်းတရားကြီး တည်ထားတော်မူခဲ့တဲ့ မဟာဗောဓိ စေတီတော်ကြီးနှင့် သတ္တဋ္ဌာန၊ အဲဒီ အနီးတစ်ဝိုက်က ဒုက္ကရစရိယာ ကျင့်တော်မူခဲ့ရာ တောင်နှင့် လှိုင်ဂူ၊ သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်း ကပ်လှူရာ နေရာ၊ နေရဉ္ဖရာမြစ်ထဲသို့ ရွှေခွက်မြှောရာ နေရာ၊ သုပ္ပိယငစင် မြက်ရှစ်ဆုပ် လှူရာ နေရာတို့ကို ရှေးဦးစွာ ဖူးမျှော် လည်ပတ်ကြတာများပါတယ်။ကိုရင်လေး ဘ၀ကို သင်ခဲ့ရတာတွေက အခုတော့လက်တွေအသုံးတဲ့ သွားတယ်လိုပြောရမှာပါပဲ။ ဂျပန်ကနေ မြန်မာတွေလာတာ အရမ်းနည်းပါတယ်။ပထမဆုံးစာရေးသူတို့နေထိုင်ရာ နယူဒေလီမြို့ကိုရောက်ရှိလာပြီး အိန္ဒိယနိုင်ငံကို ရောက်လာတဲ့ ကိုမောင်မောင်ဦး (ဂျပန်)နှင့်အတူးစာရေးသူရယ် ကိုမင်းကိုတို့ဟာ အိန္ဒိယနိုင်ငံရဲ့မြို့တော်နယူဒေလီမြို့ကနေ့ ဗုဒ္ဓဘုရားပွင့်ရာ ဒေသတွေကို ခရီးစတင်ခဲ့ပါတယ်။


စာရေးသူတို့ဟာ ဗုဒ္ဓဂါယာမှာ အေးအေးသက်သာ ဘုရားဖူးမျှော်၊ နားနေပြီးမှ တစ်ခြားသော ဘုရားဖူးရာ နေရာတွေကို လိုက်လံ ဖူးမျှော်ကြမယ်လို့ တွက်ထားပင်မယ် အိန္ဒိယနိုင်ငံ အပူးဒဏ်ကို မခံနိုင်တဲ့ ဂျပန်တပိုင်းမြန်မာကြီးကိုမောင်မောင်ဦး ကျမ္မာရေးအခြေနေကြောင်း နောက်ချောင်းလှန်းပြန်ခဲ့ရပါတယ်။ မြန်မာပြည်က စာလာသင်တဲ့ ဆရာတော်တစ်ပါးက ရှင်ပြလို့ ဗုဒ္ဓဂါယာမှ ထွက်ပြီး အခြားမြို့ရွာတွေက ဘုရားဖူးရာ နေရာတွေကို သွားတဲ့အခါ မြန်မာဘုရားဖူးတွေ အခေါ် လက်ျာခရီးနှင့် လက်ဝဲခရီးလို့ နှစ်မျိုး ရှိတယ်ဆိုတာကိုသိခွင့်ရခဲ့ပါတယ်။စာရေးသူတို့ဟာ ကားဖြင့် ဗုဒ္ဓဂါယာမှသည် ဗာရာဏသီ၊ သာဝတ္ထိ စသည်အတိုင်း လှည့်လည်ပါက လက်ျာခရီးလှည့်လည်ခြင်းလို့ ဆိုကြပြီး၊ ဗုဒ္ဓဂါယာမှသည် ရာဇဂြိုဟ်၊ ပါဋလိပုတ်၊ ဝေသာလီ၊ ကုသိနာရုံ၊ လုမ္ဗိနီ၊ သာဝတ္ထိ၊ ဗာရာဏသီ ခရီးစဉ်အတိုင်း လှည့်လည် ဖူးမြော်ကြတာကိုတော့ လက်ဝဲခရီးလို့ ဆိုကြပါတယ်။ အဲဒါကတော့ ဘုရားဖူးခရီးစဉ်အတွင်း ညအိပ် တည်းခိုကြမည့် နေရာ ခရီးသည် ရောက်ရှိ တည်းခိုနေတဲ့အပေါ် အခြေအနေကြည့်ပြီး လှည့်လည်ကြရတာလို့ ဆိုပါတယ်။ တည်းခိုတဲ့ ခန်းတွေမှာ ခရီးသည် ပြည့်ကြပ်နေတာမျိုး ဖြစ်မှာကို ရှောင်တဲ့ သဘောပါတဲ့။ စာရေးသူတို့တွေ လှည့်လည်ခဲ့ကြတာကတော့ လက်ဝဲခရီးပါ။

စာရေးသူတို့ လှည့်လည်ခဲ့ကြတာကတော့ ရက် အလွန်နည်းလွန်းပါတယ်။ သုံးညအိပ်၊ လေးရက်ခရီးမို့ ခရီးပန်းသလို အေးအေး ဆေးဆေးကြည့်ရှု လေ့လာဖို့၊ စိတ်ကြိုက် ဘုရားအာရုံပြုဖို့ သိပ် အဆင်မပြေလှပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဖြစ်သွားခဲ့ရတာပါ။ ဓာတ်ပုံများများ ရိုက်ပြီး ပြီးမှ ပြန်အာရုံပြု ကြည်ညိုရပါတော့တယ်။ ဆရာတော်ကတော့ လိုက်ပို့နေကြသူမို့ မိမိတို့အဖွဲ့က တစ်လုံးတစ်ပါဒမျှ ပြောစရာ၊ လမ်းညွှန်စရာမလိုပါဘူး။ ခရီးလမ်းစဉ်အပါအဝင်၊ ဘယ်မြို့ ဘယ်နေရာမှာ မြန်မာကျောင်း ရှိတယ်ကစလို့ အားလုံးကို ဘုရားဖူးသွားသင့်တဲ့ အဓိက နေရာများကိုဆရာတော်ကနေ့ ပြောပြပေးပါတယ်။
ဘုရားဖူးသွားသင့်တဲ့ နေရာတွေကတော့ သံဝေဂတရား ရစေတတ်တဲ့ အဓိကလေးနေရာပါ။ သံဝေဇနိယ လေးဌာနလို့ ခေါ်ကြပါတယ်။ အဲဒီ လေးနေရာကို အလွယ်တကူ မှတ်မိလွယ်အောင် “ဖွား ပွင့် ဟော စံ၊ ဤလေးတန်၊ မှတ်ရန် သံဝေဇနိယလို့ လင်္ကာလေး စပ်ပြီး ပြောကြတယ်လို့။ ဆရာတော်က ရှင်ပြပါတယ်။ဖွား ပွင့် ဟော စံ၊ ဤလေးတန်၊ မှတ်ရန် သံဝေဇနိယ”အဓိပ္ပါယ်ကိုတစ်ခုချင်းစီပြောပြတယ်။
ဖွား” ဆိုတာက ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်၊
ပွင့်” မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် အမြင့်ဆုံး အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူရာ မဟာဗောဓိ (ပုဒ္ဓဂါယာ)
ဟော” ဆိုတာက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် အမြတ်ဆုံးသော ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူရာ မိဂဒါဝန်၊ (ခုခေတ် ဆရဏာတ်၊ ဗာရာဏသီ)
စံ” ဆိုတာက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ခန္ဓာအကြွင်းအကျန်မရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံ တို့ ဖြစ်ပါတယ်။ ဒီလေးဌာနကို သံဝေဂရစေတတ်တဲ့ နေရာမြတ်တွေအဖြစ် ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင် ပရိနိဗ္ဗာန် စံလွန်တော်မူခါနီးမှာ မိန့်ကြားတော်မူခဲ့တာပါ။ (မဟာပရိနိဗ္ဗာနသုတ်)

မြန်မာပြည်က ဘုရားဖူးတွေအကြောင်းကိုပြောပြလို့ အရယ်စရာဖြစ်ခဲ့ရပါသေတယ်။အတ္တကြီးမားတဲ့သူတွေအကောင်း ကြိုက်သူတွေအကြောင်းစုံပါပဲ။ဘုရားခရီးစဉ်ဖူးသွားတော့မည် ဆိုလျှင် ဘယ်လိုစိတ်ထားမည် ဆိုသည်ကို ကြိုတင် ပြင်ဆင်သင့်တယ်ဆိုတာက အစဆရာတော်ကရှင်ပြပြီးဘယ်လို့ပြင်ဆင်သင်တယ်၊အရင်ထဲက ပြင်မလာရင်တော့ ငွေကုန် လူပန်းသလောက် အကျိုး မရနိုင်ပါဘူး။ ကိုယ့်မိသားစုချည်း လာကြတာ မဟုတ်ရင် မပြောပလောက်တဲ့ ကိစ္စလေးတွေနှင့် စိတ်ဆိုးကြ၊ စိတ်ကောက်ကြ၊ မနာလို ဝန်တိုမှုတွေဖြစ်ကြ၊ ပြိုင်ကြ ဆိုင်ကြနှင့် “ကုသိုလ် တစ်ပဲ ငရဲတစ်ပိဿာ” ဖြစ်ကြရတတ်ပါတယ်တဲ့။ ဥပမာ အတ္တကြီးသူက ဘယ်ရောက်ရောက် အကောင်းဆုံး နေရာချည်း ပြေးပြေးယူတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တာတို့၊ ကားပေါ်မှာ နေရာကောင်း လုရင်း စကားများကြရတာ ဒါမှမဟုတ် စကားမပြော ဖြစ်ကြရတတ်တာ စသည်ဖြင့်ပါပဲ။ ဒါတွေက ဖြစ်နေကျ ပြဿနာတွေလို့ ဗာရာဏသီက ဆရာတော် တစ်ပါးက မိန့်ဘူးပါတယ်။

မြန်မာပြည်သားဘုရားဖူးတစ်ချို့ကလည်း ဘုရားဖူးခရီးလား ဈေးဝယ်ထွက်တဲ့ ခရီးလား မကွဲကြဘူးလို့ ဒေသခံလို ဖြစ်နေတဲ့ ဆရာတော်တစ်ပါးထံကနေ သိခဲ့ရပါတယ်။ တစ်ချို့ကြတော့လည်း ဘုရားဖူးဖို့ စိတ်က နည်းနည်း၊ နိုင်ငံခြားဆိုပြီး ထွက်ချင်ဇောကများများနှင့် ထွက်လာလိုက်တာ အိန္ဒိယ လူနေမှုကြည့်ပြီး စိတ်တစ်ပျက်ထဲ ပျက်နေ့သူကတော့ ဂျပန်ရောက် ကိုမောင်မောင်ဦးဟာ ဒေလီကို အမြန်ပြန်စေချင်းတာပါပဲ။ အိန္ဒိယမှာ အစိုးရက ချမ်းလည်း ချမ်းသာ၊ တော်တော်လည်း ကောင်းပေမည့် လူဦးရေ များလွန်းတာကို နိုင်နင်းအောင် ကိုင်တွယ်နိုင်ဖို့က နှစ်ပေါင်း အများကြီး လုပ်ပါဦးမှာပါ။ ဘုရားဖူးသွားရာ နေရာတွေ (အထူးသဖြင့်ဘီဟာပြည်နယ်)ဟာ ခုခေတ်မှာတော့ အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်ပါ။ ဒါကြောင့် ဘုရားဖူးစိတ်ကို သန်သန်ကြီး မွေးမထားလို့ကတော့ စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်မှာပါ။ စင်္ကာပူ၊မလေးရှားစတဲ့ နိုင်ငံတွေကို ခရီးလည် ထွက်ရတာနှင့်တော့ လုံးဝ လုံးဝ မတူနိုင်ပါဘူး။ ဘုရားဖူး ခရီးကို အလည်အပတ်ခရီးနှင့် မရောထွေးမိဖို့ အရေးကြီးကြောင်း ဆရာတော်က ရှင်ပြပါတယ်။

ဘီဟာပြည်နယ်ဆိုတာ ရှေးဟောင်းနေရာတွေ အလွန်းများပြားတဲ့ နေရာပါ။နောက်တစ်ခုကတော့ ဒီနေရာတွေဟာ ရှေးဟောင်းနေရာတွေချည်းပဲဆိုတော။ ဒီတော့ ဗုဒ္ဓ သို့မဟုတ် ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ ရှေးဟောင်း အဆောက်အဦး အပြို အပျက်တွေချည်း မြင်ရမှာပါ။ ဒီတော့ ကိုယ်လာရင်း ခရီးမှာ ထားရမည့် စိတ်ထားကို မေ့နေလို့ကတော့ အုတ်ကျိုး အုတ်ပဲ့ အုတ်ပုံတွေကို လာကြည့်ရသလိုပါလို့လည်း တွေးမိတတ် မြင်မိတတ်ပါတယ်။သမိုင်းမှတ်တိုင်းနေရာကိုသာ စိတ်အာယုံပြုပြီး ကိုယ်ကွယ်ကြတဲ့နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ပြီးတော့ သမိုင်းအမွှေ့းကို ရှေ့လက်ရာမပြက်ထိမ်းသိမ်းတန်းဖိုးကြတာပါပဲ။စာရေးသူတို့နိုင်ငံမှာတော့ သမိုင်းတွေကို စနစ်တကျဖြတ်စည်းဖြစ်နေတာ ၀မ်းနည်းစရာကောင်းပါတယ်။

ဒါကြောင့် ဒီခရီးကို သွားတော့မယ်ဆိုရင် စာရေးသူတို့အားလုံး ဗုဒ္ဓဂုဏ်တော် ရတနာသုံးပါးဂုဏ်ကျေးဇူးတွေကိုများများ ပွားဖို့နှင့် မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခနှင့် အစိုးမရခြင်း အနတ္တသဘောကို များများကြီး နှလုံးသွင်းကာ သွားသင့်ကြောင်း သတိပြုပြီး စိတ်ကို ပြုပြင်ထားသင့်ပါသည်။တစ်ချို့ကတော့ ဘုရားဖူးခရီးသွားပြီးလျှင် သေလျှင် အပါယ်မကျကြောင်း၊ နတ်ပြည်ရောက်မည့်အကြောင်း ပြောသံကြားလို့ လာကြသူတွေလည်း နည်းလှမယ် မထင်ဘူး။ ဒါနှင့် ပတ်သက်တဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်ကြားချက်ကို မဟာပရိနိဗ္ဗာန သုတ်တော်မှ ကောက်နှုတ်တင်ပြရလျှင် -
မြတ်စွာဘုရားက ချစ်သားအာနန္ဒာ၊ သဒ္ဓါတရားရှိသော ရဟန်း၊ ရဟန်း မိန်းမ၊ ဥပသကာ၊ ဥပါသိကာမတို့သည် “ဤအရပ်၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏၊” “ဤအရပ်၌ မြတ်စွာဘုရား အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏၊ “ဤအရပ်၌ မြတ်စွာဘုရားသည် အမြတ်ဆုံးသော ဓမ္မစကြာ တရားကို ဟောတော်မူ၏၊ “ဤအရပ်၌ မြတ်စွာဘုရားသည် ခန္ဓာအကြွင်းအကျန် မရှိသော ငြိမ်းခြင်းသဘောရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏” ဟု အောက်မေ့ သတိယပြီး လာရောက်ကြကုန်လိမ့်မည်။ အာနန္ဒ၊ စေတီ ပုထိုးတို့ကို ဖူးမျှော်ရန် လှည့်လည် သွားလာသော သူတို့သည် ကြည်ညိုသော စိတ်ထားဖြင့် သေကုန်ငြားအံ့။ ထိုသူအားလုံးတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကြရကုန်လိမ့်မည်”။
အဲဒီ ဟောကြားချက်မှာ “ကြည်ညိုသော စိတ်ထားဖြင့် သေကုန်ငြားအံ” ဆိုတဲ့ စကားရပ်ကို သတိပြုသင့်ပါတယ်။ ကြည်ညိုတဲ့ စိတ်နှင့် ကွယ်လွန်မှ နတ်ပြည်ရောက်မှာပါ။ သွားဖူးရုံ ရောက်ဖူးရုံနှင့်တော့ သို့မဟုတ် ကွယ်လွန်ခါနီး ဆဲဆဲမှာ မကောင်းတဲ့ အာရုံ၊ မကောင်းတဲ့ စိတ်တွေနှင့် ကွယ်လွန်သွားလို့ကတော့ နတ်ပြည် မရောက်နိုင်ပါဘူး။ ဒီလို အဓိပ္ပါယ်ကောက်မှလည်း အခြားသော ဗုဒ္ဓရဲ့ ဟောကြားချက်တွေနှင့် ကိုက်ညီမှာပါ။ ဒါကြောင့် ခရီးမသွားခင် ကတည်းက ခရီးစဉ်အတွင်း ထားရမည့် စိတ်ထားကို ကြိုးစားကာ ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုတိုက်တွန်းလိုက်ချင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်......

No comments:

Post a Comment