Monday, November 21, 2011

ဗုဒ္ဓါနုဿတိပွားခြင်း၏ အကျိုးတရား

ဦးဇင်း ကိုယ်လူအများစုက ဘာသာရေးနဲ့ပတ်သတ်လာရင် အားနည်းတယ်လို့ပြောကျပါတယ်။အမှန်ကိုဝင်ခံရရင် အားနည်းတာအမှန်းပါပဲ ဘာသာရေးခေါင်းဆောင်တစ်ပါးဖြစ်တဲ့ ဦးဇင်းဘာသာရေးကို မလုပ်ဖြစ်တာ၎နှစ်ကျော်ခဲ့ပါပြီး။အကြောင်းကတော့၂၀၀၇ခုနှစ်လောက်ထဲကဖြစ်ပါတယ်ဘာရေးဘက်ကိုဘုရားဝတ်ပြုတာမေတ္တာပို့သတာလောက်နှင့်ရဟန်းတို့ကျင့်ရာမယ်။ဝိနည်းတရားတွေလောက်ပဲအာရုံးပြုကာ နိုင်ငံရေးဘက်ကိုရောက်သွားလို့ဖြစ်ပါတယ်။တစ်ခြားသော အကြောင်း အရာတွေမရှိပါဘူး။
ပြည်ပရောက်တဲ့ တစ်ချို့သော လူငယ်တွေကလည်း အရှင်ဘုရား တပည့်တော်တို့ကို ဆုံးမသြ၀ါဒလေးများ ပေးပါဆိုတော့ ဦးဇင်း စဉ်စားမိပါတယ်။ကိုယ်တိုင်း မပြည့်စုံပဲ သူများကို ဆုံးမဖိုဆိုရာ မဖြစ်နိုင်ပါဘူး။အဲဒီတော့ လူငယ်တွေ ဘာသာ သာသနာနှင့်ပတ်တဲ့ အကြောင်းအရာတွေကို စာရေးပြီး မေးကြကွာ ဦးဇင်းတက်နိုင်သလောက် ဖြေးပေးမယ်လို့ အာမခံလိုက်တော့ ဒါယိကာလေးတစ်ယောက်က မေးလာပါတယ်။အရှင်ဘုရား တပည်တော်ကို ဗုဒ္ဓါနုဿတိ နဲ့ပတ်သတ်ပြီး ပြောပြပေးပါဆိုတော့ ဦးဇင်းတို့ မြတ်ဗုဒ္ဓါဂုဏ်တော်တွေက ဗုဒ္ဓါနုဿတိ ပွားများပုံလေးကို အကျဉ်းချုံးပြီး ဦးဇင်းပြောပြပါမယ်။



ဦးဇင်းတို့ မြတ်ဗုဒ္ဓါမှာ လက္ခဏာတော် ကြီးငယ် အသွယ်သွယ်ဖြင့်၊ သပ္ပါယ်လှစွာ ကိုယ်အင်္ဂါဝယ်၊
ပါရမီတော်အဟုန် ကိုယ်လုံးခြုံ၍၊ မွှမ်းထုံသင်းကြူ……
သယမ္ဘူဟု ဥာဏ်တူကင်းလတ် အရဟတ်ဖြင့်၊
သတ်ဖြတ်ခပင်း ကိလေရှင်းသား…..
ဥာဏ်ရင်းမဟာ ကရုဏာနှင့် သမ္မာသမ္ဗောဓိ အစရှိလတ်၊
ဥာဏ်တော်မြတ်၏ ကိန်းဝပ်စံပျော်၊ ခန္ဓာပေါ်ဝယ်၊
ဘွဲ့တော် “ဗုဒ္ဓ” တင်ပါရသည်……လောကထွဋ်ထား မြတ်ဘုရား ဆိုတဲ့ အလင်္ကာ အတိုင်း တုနှိုင်းယှဉ်၍မရသော ဂုအင်္ဂါကြီး၊ငယ်သွယ်ကို ပိုင်းဆိုင်တဲ့ မြတ်စွာဘုရား၏ ကျေးဇူးတရားကို အောင်မေ့ပြီး ဗုဒ္ဓါနုဿတိ ပွားများကြည့်ညိုလိုက်ကြအောင်။
ဒီနေရာမှာ ဦးဇင်းတစ်ခုပြောချင်းတာက မန္တလေးမြို့ မဟာဂန္တာရုံကျေးဇူးတော်အရှင်ဇနကာဘိဝံသ၏-ဗုဒ္ဓါနုဿတိဘာဝနာ
အကျဉ်းချုပ်အဓိပ္ပါယ်ပို့၍ ပြည့်စုံအောင် ဖော်ပြပေးလိုက်ပါတယ်။ဒါယိကာလေကျေနပ်မယ်လို့ ဦးဇင်းထင်ပါတယ်။
  • လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် အသပ္ပါယ်ဆုံးလည်းဖြစ်ခြင်း။
  • ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်း၌ ကောင်းမှုပါရမီတော်တို့က လွှမ်းခြုံ၍ မွှမ်းထုံထားခြင်း။
  • ရာဂ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့ကို သတ်ဖြတ်နိုင်သော အရဟတ္တမဂ်ဥာဏ်တော်ကို ရခြင်း။
  • သတ္တ၀ါတို့၏ အပေါ်၌ သနား ကြင်နာကရုဏာကြီးမားခြင်း။
  • အလုံးစုံကို အကုန်သိနိုင်သော သဗ္ဗညုတဥာဏ်တော်ကို ရခြင်း။
ဤဂုဏ်တော်တို့၏ ကိန်းဝပ်စံပျော်ရာ ခန္ဓာကိုယ်ပေါ်၌သာ “ဗုဒ္ဓ” ဟု ဘွဲ့နာမည်တော်ကို တင်ထိုက်ပါ၏ထို့သို့ “ဗုဒ္ဓ” ဘွဲ့နာမည်တော် တင်ထိုက်သော ယောကျာ်းမြတ်သည်သာ လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏ အထွဋ်အထိပ်ထားရသော မြတ်ဘုရား ဖြစ်၏။ဤအဓိပ္ပါယ်ကို ဖတ်မှတ်၍ပြီးသောအခါ..တလောကလုံး၏ ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာကို မှန်းဆ အာရုံပြု၍ လက်အုပ်ချီကာ ဖော်ပြခဲ့ပြီးသော လင်္ကာကို ရွတ်ဖတ်၍ ဂုဏ်တော်ပွားလိုက်လျင် အားရဖွယ်ကောင်း အရသာပို၍ ရှိပါလိမ့်မည်။
ဒီလင်္ကာလေးက..ဗုဒ္ဓါနုဿတိဘာဝနာ(အရှင်ဇနကာဘိဝံသ)စာအုပ်လေးထဲက.ဦးဇင်းဖတ်မှတ်ထားတာဖြစ်ပါတယ်။ဦးဇင်းဂုဏ်တော်ပွားတဲ့အခါ..ဒီလင်္ကာလေးကို ရွတ်ဖတ်ပြီး ဗုဒ္ဓမြတ်စွာကို အာရုံပြုပါလိုက်ပါ
ပြီးတော့မှ…
ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား၊
ဗြဟ္မာနတ်လူတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား၊

မဟာကာရုဏိကော
-သနားခြင်းကြီးစွာမဟာကရုဏာတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
ဘုန်းတော်၆စုံ၊ကျေးဇူးဂုဏ်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊

သစ္စာ ၄ပါး၊ တရားအလုံးစုံကို ကိုယ်တော်တိုင် မှန်ကန်စွာ သိမြင်တော်မူသော မြတ်စွာဘုရား၊…
..
ဗုဒ္ဓါဿတိ ပွားများလိုက်ရင်..ဗုဒ္ဓမြတ်စွာကို ကြည်ညိုသဒ္ဓါစိတ်တွေ အရင်ထက် ပိုအားကောင်းလာမယ်..ပြီးတော့ ဘယ်လိုဦးတည်ချက်နဲ့ ဘုရားကို ကိုးကွယ်နေရတာလည်းဆိုတာ ပိုသိလာမယ်..လို့ ဦးဇင်းယုံကြည်တယ်။မြတ်စွာဘုရားကို ကိုးကွယ် ပူဇော်နေရခြင်း အကြောင်းဟာ..လောကီ စည်းစိမ် ရာထူးတွေ…အတွက် ဆုတောင်းဖို့ရာ…မဟုတ်ဘူး။ဦးဇင်းတို့အတွက် သစ္စာ ၄ ပါးတရားတော်တွေကို ဟောပြောပေးထားခဲ့တဲ့ ကျေးဇူးတော်ကို အောက်မေ့ သတိရခြင်းနဲ့..ကိုးကွယ်ပူဇော်နေရတာပါပဲ။
ဒါယိကာလေရေ ကိုယ်ကံကောင်းဖို့ရာအတွက်ပဲ ဘုရားကို ပူဇော်နေခြင်းဟာ..ကိုယ့်အတွက် သာသနာပ ဆန်သွားမယ်နော်၊ဒီတော့ အဲလိုမဟုတ်ပဲ…တလောကလုံးအား.. သစ္စာတရားတွေ သိစေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားအဖြစ် ပူဇော်လိုက်မယ်ဆိုရင်..ဦးဇင်းတို့ဟာ.သာသနာတွင်းလူ ဖြစ်နေမှာပဲ။ဒါယိကာလေးတို့အားအတွက်သာသနာတွင်းဖြစ်ဖို့ရန်၊မြတ်စွာဘုရားကိုပူဇော်နေခြင်းဟာ..အရင်ထက် ဦးတည်ချက်မှန်ကန်အောင် ဒီ ဗုဒ္ဓါနုဿတိဘာဝနာ လင်္ကာလေးကို ကျက်ထားလိုက်ပေါ့ ဒါယိကာလေရေ။နောက်များမှာပဲ စာရှည်ရှည်ရေးမယ် တစ်ခြားအလုပ်လေးတွေ ရှိသေလို ခွင့်ပြုပါအုံး။
စာရေး ဖျာပုံ နဒီ

No comments:

Post a Comment