လူတိုင်းအတွက်ထိုးတဲ့ ခေါင်းလောင်း
လူသားတွေရဲ့ သမိုင်းမှာ တွေ့ကြုံခဲ့ရတဲ့ကပ်ဆိုးများထဲကပ်ဆိုးများထဲမှာ ရောကန္တရ ကပ်ဟာ အဆိုးဝါးဆုံးထဲမှာ ပါပါတယ်။ ၁၄ရာစုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါ ကပ်ကြီး၊ ၁၅ရာစုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကာလသားရောဂါကပ်ကြီးတို့ဟာ အနောက်ဘက် ကမ္ဘာကို တုန်လှုပ် ချောက်ချား သွားစေခဲ့ပါတယ်။ ကျောက်ရောဂါနဲ့ ကာလ၀မ်းရောဂါ တို့ဟာလည်း ကပ်ဆိုက်သလိုပဲ။ကူး စက်ပြန့်ပွားခဲ့တယ်။ ၀မ်းရောဂါဟာ အာရှတိုက်ဘက်မှာ အဖြစ်များ ခဲ့တယ်။ တီဘီအဆုတ် ရောဂါနဲ့ အရေပြားရောဂါ (နူနာ) တို့ဟာလည်း လူကို တစိမ့်စိမ့်ဘ၀ တုံးစေခဲ့တဲ့အတွက် ကြောက်စရာ ကပ်ရောဂါတွေပါပဲ။
၂၀ ရာစု ကမ္ဘာလူသားတွေဟာ အဆိုးဝါးဆုံးကြောက်စရာ အကောင်းဆုံး ကပ်ရောဂါ တစ်ခုနဲ့ရင်ဆိုင်နေကြရပါပြီ။ ဒီနောက်ဆုံးပေါ်ရောဂါကတော့ AIDS အေအိုင်ဒီအက်စ်၊ အေ့စ်လို့ခေါ်တဲ့ ရောဂါပါပဲ။ ဆက်သွယ်သွားလာမှု လျင်မြန်လှတဲ့ ခေတ်ကာလမှာ ဒီရောဂါဟာ ကမ္ဘာတစ်ခုလုံးကိုပျံ့နှံ့နေပါပြီ၊ မြန်မာပြည်ကိုလည်း ရောက်နေပါပြီ၊ ဒီရောဂါကို အချိန်မီ မကာကွယ်ကြရင် နောက်ဖြစ်လာမယ့်အန္တရာယ်တွေကတော့ မစဉ်းစားဝံ့အောင် ကြောက်စရာကောင်းလှပါတယ်။ ဒါကြောင့် AIDS ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာ တွေ တကယ့်ဖြစ်ရပ်မှန်တွေကို ထိမ်ချန်မထားဘဲ အရှိကို အရှိအတိုင်းသိကြဖို့ လိုအပ်ပါ တယ်။ ကမ္ဘာမှာ ကျရောက်ခဲ့တဲ့ ပုလိပ်ရောဂါ၊ အနာကြီးရောဂါတို့အတွက် ပျောက်ကင်း အောင် ကုသနိုင်တဲ့ဆေးဝါး၊ ကာကွယ်နိုင်တဲ့နည်းလမ်းတွေရှိနေပါပြီ။ ဒါပေမယ့် AIDS ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမပေါ်ပေါက်သေးပါဘူး၊ ဒီရောဂါ စတင်ဖြစ်ပွားချိန်မှာ AIDS ရယ်လို့ အမည်မဖော်နိုင်ဘဲ နှစ်ပေါင်းများစွာ ဆေးပညာရှင် များဟာ အဖြေရှာမရ ဖြစ်ခဲ့ကြရတယ်။
ဒီလောက်ဆိုးဝါးတဲ့ ရောဂါကိုခုခံကာကွယ်ဖို့အတွက် ဒီရောဂါဟာဘာလဲ? ဘယ်လို စတင်ဖြစ်တတ်သလဲ? ဘယ်လိုလူတွေ ဖြစ်တတ်သလဲ? ဘာကြောင့်ဖြစ်တတ်သလဲ? ဆိုတာတွေ သိထားသင့်ပါတယ်။
AIDS ဆိုတာ Acquired Immune Deficiency Syndrome ကို အတိုကောက် ခေါ်ခြင်းဖြစ်ပါတယ်။ မြန်မာလိုကတော့ တစ်ဆင့်ခံ ရရှိသော လူကိုယ်တွင်းရောဂါတိုက်ဖျက်မှု ချို့တဲ့ခြင်း ချို့ယွင်းခြင်း လက္ခဏာ ဖြစ်ပါတယ်။ ဒီရောဂါအမည်ကို ၁၉၈၂ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုက စတင်သုံးနှုန်းခဲ့ပါတယ်။ ဆေးပညာ လောကမှာ အဲဒီအချိန်က AIDS ကို ရောဂါတစ်ခုရယ်လို့ သတ်သတ်မှတ်မှတ် မဖော်နိုင်သေး တဲ့အတွက် S=Syndrome လက္ခဏာစုရယ်လို့ ခေါ်ခဲ့ပါတယ်။ အခုအချိန်မှာ AIDS အကြောင်းစုံစုံလင်လင် သိရှိတဲ့အတွက် Disease ရောဂါရယ်လို့ ခေါ်နိုင်ပြီဖြစ်ပေမယ့် AIDS ဆိုတဲ့ ဝေါဟာရကို တွင်တွင်ကျယ်ကျယ် သုံးနေပြီဖြစ်တာကြောင့် ဆက်လက်သုံးစွဲနေကြခြင်း ဖြစ်ပါတယ်။ AIDS ရောဂါ Virus ပိုးကတစ်ဆင့် ၀င်ရောင့်တာဆိုတာကို ၁၉၈၂ မှာ သိရှိခဲ့ကြပြီး အမေရိကန်နိုင်ငံ National Institute of Cancer (NIC), Center for Disease Control (CDC), နှင့် ပြင်သစ်နိုင်ငံ Pasteur Institute တို့က ဆေးသိပ္ပံပညာရှင်များဟာအပြိုင်အဆိုင် ဒီ Virus ပိုးကို ဖော်ထုတ်နိုင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ AIDS ရောဂါ ဖြစ်စေတဲ့ Virus ဟာ HIV Human Immune Deficiency Virus လို International Committee on Taxonomy of Viruses ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ဗိုင်းရပ်စ်အမျိုးအစား ခွဲဝေအမည် ဖော်ထုတ်ပေးတဲ့ ကော်မတီက တရားဝင် သတ်မှတ်ပေးလိုက်ပါတယ်။ ဒီ Virus ပိုးဝင်,မ၀င် သွေးစစ်နိုင်တဲ့ နည်းလမ်းကိုလည်း တွေ့ရှိပြီး ဖြစ်ပါတယ်။
AIDS ရောဂါ စတင်ဖြစ်ပွားချိန်က အမည်မဖော်နိုင်ခဲ အရေပြားကင်ဆာ (Kaposi Sarcoma) လို့အမည်တပ်ခဲ့ကြတယ်။ ကိုယ်ခံအားကျဆင်းပြီး ပိန်ချုံးအားနည်းလာတယ်။ အရေပြားပေါ်မှာ အဖုအပိန့်တွေ၊ အာခေါင်တွင်းမှာ အနာတွေ ပေါက်ပြီး ဆေးကုမရဘဲ သေခဲ့ကြတဲ့လူတွေကတော့ အာဖရိကတိုက်မှာ စတင်တွေ့ရှိခဲ့ရပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံ New York နယူးယောက်နှင့် San Francisco ဆန်ဖရန်စစ်ကို တို့မှာ တွေ့ရပါတယ်။ AIDS ရောဂါလို့အမည်မတပ်နိုင်ခင် အချိန်ကာလအတွင်း အစောဆုံး ဒီရောဂါလက္ခဏာတွေနဲ့သေဆုံးသွားသူတွေရှိနေပါပြီ။ ဒီရောဂါလက္ခဏာပေါ်ပေါက်ပြီး ပထမ ဆုံးအသေအပျောက်များတဲ့အုပ်စုကတော့ အမေရိကန်နိုင်ငံက Gay (လိင်တူချင်းဆက်ဆံသူ) တွေဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ လွတ်လပ်ပွင့်လင်းလွန်းတဲ့ အမှားလုပ်တယ်ရယ်လို့ ရှက်ခြင်း ကြောက်ခြင်း မရှိကြဘူး။ ဒါပေမယ့် AIDS ရောဂါဟာ Gay အုပ်စုတွင်းမှာ အများဆုံး ဖြစ်နေပြီဆိုတာ သိရတဲ့အခါ Gay တွေကို ကျန်တဲ့လူအများစုက ကြဉ်ကြတယ်။ Gay တွေကို ၀ိုင်းပြီး ရိုက်ကြ၊ နှက်ကြတဲ့အထိ ပေါက်ကွဲခဲ့တယ်။ AIDS ရောဂါဟာ သဘာဝနဲ့ ပုံမှန်မူမှန် အခြေအနေကို ဆန့်ကျင်သူတွေကို ခတ်တဲ့ဒဏ်လို့ယူဆကြတယ်။ အထူးသဖြင့် ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး Rock Hudson ၁၉၈၅ ခုနှစ်မှာ AIDS နဲ့သေဆုံးသွားချိန်မှာတော့ ဒီရောဂါဟာ ဂေးတွေနဲ့ ဂေးအများဆုံးတွေ့ရတဲ့ အနုပညာရှင်လောကမှာ ပျံ့နှံ့နေပြီးလို့ ယူဆကြတယ်။
AIDS ရောဂါဖြစ်ပွားသူတွေဟာ လိင်တူဆက်ဆံမှုကြောင့်သာမက AIDS ဖြစ်နေတဲ့သူ တွေရဲ့ သွေးကို သုံးမိတဲ့ခွဲစိတ်ကုသခံရသူ လူနာတွေမှာလည်းတွေ့ခဲ့ရတယ်။ မူးယစ်ဆေးစွဲ သူတွေဟာ မသန့်ရှင်းတဲ့အပ်တွေ အသုံးပြုပြီး ဆေးထိုးကြတဲ့အတွက် သူတို့တွေမှာလည်း အများဆုံးပျံ့နှံ့နေကြတယ်။ လိင်တူဆက်ဆံမှုပြုကြတဲ့ အမျိုးသမီးအတွဲ Lesbian တွေထဲက ကလေးလိုချင်လို့ artificial ingemination နည်းလမ်းနဲ့ ကလေးယူခဲ့ရာမှာ သူတို့က ဖိုမျိုးတောင်းခဲ့တဲ့သူဟာAIDS ရောဂါရှင်ဖြစ်တဲ့အတွက် ကလေးမရဘဲ AIDS ကူးစက်မှုသာ အဖတ်တင်ခဲ့တယ်။
ပြည့်တန်ဆာတွေဟာ AIDS ရောဂါသယ်ဆောင်ရသူတွေဖြစ်လာကြပြီး သူတို့ဆီက တစ်ဆင့်ရောဂါရခဲ့တဲ့ အိမ်ထောင်ရှိအမျိုးသားတွေက သူတို့ရဲ့ အမျိုးသမီး အိမ်ထောင်ရှင်မ တွေကို ရောဂါပြန့်စေတယ်။ စတင်ရရှိတဲ့သူဟာ (၅)နှစ်ကနေ (၁၀)နှစ်အတွင် ရောဂါ လက္ခဏာမပေါ်ဘဲ အပြင်ပန်းအားဖြင့် လူကောင်းတွေလိုပဲ နေနိုင်ကြတယ်။အဲဒါကြောင့် AIDS ရရှိထားတဲ့သူတချို့ဟာ သူတို့ကိုယ်တိုင်က ရောဂါရနေမှန်း မသိဘဲ သူတို့ဇနီး (သို့မဟုတ်) ပြည့်တန်ဆာများနဲ့ ဆက်ဆံတဲ့အတွက် ရောဂါပြန့်ပွားမှုကို တွေ့ရတယ်။ တချို့လည်း ကိုယ့်မှာရောဂါ ဖြစ်နေတာသိသော်လည်း မဆင်မခြင်ဘဲ မထူးတဲ့ဘ၀မှာ နေချင်သလိုနေမယ် ဆိုပြီး လူကောင်းတွေနဲ့ လိင်ဆက်ဆံခဲ့ကြတယ်။ AIDS ရောဂါကို ဘယ်လိုမှ မကာကွယ်နိုင်မကုသနိုင်တာကြောင့် ဆရာဝန်တွေက ဒီလိုရောဂါသည်တွေကို ကုသဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဒါကြောင့် AIDS ပိုးတွေ့၍ဖြစ်စေ AIDS ရောဂါရှင်ဖြစ်စေ ကုသဖို့ ငြင်းဆန်သူတွေဟာ ဆရာဝန်တွေစောင့်ထိန်းရမယ့် ကတိသစ္စာကို ပယ်ဖျက်သူတွေပဲလို့ BMA ဗြိတိသျှ ဆေးပညာရှင်အသင်း၊ AMA အမေရိကန်ဆရာဝန်များအသင်း၊ British Royal College of Nursing ဗြိတိသျှသူနာပြုများအသင်းက ကြေညာခဲတယ်။ AIDS ရောဂါသည်တွေကို ကုသပေးဖို့ ဆေးပညာရှင်တွေမှာ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။
၁၉၈၁ မှာ CDC Center for Disease Control က အမေရိကန်မှာ AIDS လူနာ (၆၀) ရှိတယ်လို့ ကြေငြာခဲ့ပြီး (၆) လ ကြာတော့ (၄၉၃) ယောက်ရှိသွားပြီလို့ ကြေငြာခဲ့တဲ့အတွက် (၆) လ အတွင်း (၃) ဆ ပွားသွားခဲ့တယ်။ ၁၉၈၃ Geneva ဂျီနီဗာ W.H.O ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညီလာခံမှာ (ချက်ကိုစလိုဗီးကီးယားနိုင်ငံကလွဲပြီး) ဆှိုဗီယက်နှင့် အရှေ့အုပ်စုနိုင်ငံတွေက သူတို့မှာ ဒီရောဂါမရှိပါဘူးလို့ ကြေညာခဲ့ကြတယ်။ ၁၉၈၂ မှာ တောင်အာဖရိက၊ အမေရိက၊ ဥရောပနဲ့ အစ္စရေးတို့ အပါအ၀င် ကမ္ဘာမှာ ရောဂါရှင် (၁၆၆၈) ဦး၊ ၁၉၈၃ မှာ (၃) ဆ တိုးပြီး (၅၀၉၆) ဦး ဖြစ်လာခဲ့တယ်။ အာဖရိကနိုင်ငံများနှင့် ထိုင်းနိုင်ငံမှာ ရောဂါဖြစ်သူများ ရှိနေပြီးလို့ သတင်းပို့ခဲ့ကြတယ်။ ၁၉၈၆ မှာ (၁၀၂) နိုင်ငံ၊ ၁၉၈၇ မှာ (၁၂၉) နိုင်ငံမှာ ရောဂါရှင်တွေရှိနေပါပြီ။ ၁၉၈၈-၉၀ မှာတော့ (၁၄၉) နိုင်ငံမှာ ရောဂါရှင် (၁၅၇၁၉၁) ရှိနေပါပြီး ၁၉၈၉-၉၀ မှာ AIDS ဟာ ကမ္ဘာကို ပြန့်သွားပြီး တစ်မိနစ်ကို လူနာတစ်ယောက်နှုန်းနဲ့ တိုးလာပါပြီး။ AIDS ဟာ အာရှတိုက်မှာ ခြေကုတ်ရပြီး တစ်မဟုတ်ချင်း တိုးလာတာ ပြန့်ပွားလာတာကို တွေ့နေရပါပြီး။ သက္ကရာဇ် ၂၀၀၀ မှာ မြန်မာနိုင်ငံမှာ AIDS ရောဂါ ဖြစ်ပွားသူတွေရဲ့ အရေအတွက်ဟာ အချိုးအစား အမေရိကန်နိုင်ငံနဲ့ ဆတူဖြစ်ပွားနိုင်ပါတယ်။ AIDS ရောဂါကို သွေးနဲ့ သွေးပစ္စည်းသွင်းခြင်းအားဖြင့်လည်း ရနိုင်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူရတဲ့ လူနာတချို့ဟာ AIDS ပိုးပါတဲ့ သွေးသွင်းမိတာကြောင့် AIDS ဖြစ်ရတယ်။ သွေးမတိတ်ရောဂါရှင်တွေ (ဟီဖိုဖီးလီးယား) ဟာ မကြာခဏ သွေးသွင်းကြရတယ်။ AIDS ရောဂါကို ၁၉၈၁ မှာ သိပြီး ၁၉၈၃ မှာတော့ မသန့်တဲ့သွေးနဲ့ သွေးပစ္စည်း တွေသွင်းမိလို့ ရနိုင်တယ်ဆိုတာ အထင်အရှား သိလာကြတယ်။ အနောက်နိုင်ငံမှာ ဟီမိုဖီးလီးယား ရောဂါသည်တွေဟာ မသန့်တဲ့သွေးနဲ့ သွေးပစ္စည်းတွေ သွင်းမိလို့ ၅၀% လောက်ဟာ AIDS ဖြစ်ကြရတယ်။ ဒါ့ပြင် ဆေးကုမ္ပဏီတစ်ခုဟာ HIV ပိုး ရှိ - မရှိ မစစ်ဆေးဘဲ သွေးနဲ့ သွေးပစ္စည်းတွေ ထုတ်ခဲ့တာကြောင့် AIDS ရောဂါတွေ ပျံ့နှံ့ ကူးစက်သွားတာလည်း တွေ့ရှိရပါတယ်။ AIDS ရောဂါပြန်ပွားနိုင်တဲ့ အကြောင်းတွေမှာ -
၁။ ရောဂါရှိသူနှင့် လိင်စပ်ယှက်ခြင်း (လိင်တူ/ကွဲ)၊
၂။ မသန့်ရှင်းသော ရောဂါပိုးပါသည့် သွေးနှင့် သွေးပစ္စည်း သုံးမိခြင်း၊
၃။ အမိဝမ်းတွင်းမှ ရခြင်း၊ အမေမှ ကလေးသို့ ကူးစက်ခြင်းတို့ ဖြစ်ပါတယ်။
ဒါကြောင့် ဂေးအုပ်စု၊ မူးယစ်ဆေးစွဲသူအုပ်စု၊ ပြည့်တန်ဆာအုပ်စုတို့သာ အန္တရာယ်ရှိရုံမက မိမိရဲ့ အပြစ်လုံးဝမပါဘဲ ခင်ပွန်းထံက ရောဂါရလိုက်သူများ၊ မိခင်ထံမှ ရောဂါရလိုက်သူများ၊ မိခင်ထံမှ ရောဂါရသူကလေးများ၊ ရောဂါရှိသူမှန်းမသိဘဲ ပေါင်းသင်းဆက်ဆံ၍ ရောဂါရသူများကို တွေ့ရပါတယ်။ AIDS Virus ရောဂါပိုးဟာ နေ့စဉ်နေ့တိုင်း လုပ်နေကျ သာမန် လူမှုကိစ္စတွေကြောင့် မကူးနိုင်ပါ။ ဥပမာ - တစ်အိမ်တည်း အတူနေခြင်း၊ အတူစားခြင်း၊ အိပ်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ အိမ်သာ၊ တယ်လီဖုန်း၊ ရေကူးကန်တွေမှာ အတူသုံးစွဲသော်လည်း မကူးစက်နိုင်ပါ။
၁၉၈၄ မှာ ထိုင်း၊ ၁၉၈၅ မှာ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ ၁၉၈၆ မှာ အိန္ဒိယ၊ စင်ကာပူ၊ သီရိလင်္ကာ၊ ၁၉၈၅-၁၉၈၉ မှာ မြန်မာနိုင်ငံတွေမှာ AIDS ရောဂါရှင်တွေ ရှိနေပြီလို့ သိရတယ်။ မြိတ်အကျဉ်းထောင်မှာ အမျိုးသမီး (၁၁)ယောက်ကို စစ်ဆေးတော့ (၉) ယောက်မှာ ရောဂါရှိနေတာ တွေ့ရပါတယ်။ ကော့သောင်းမှာ မူးယစ်ဆေးစွဲသူ (၉၆) ယောက်ကို စစ်ကြည့်တော့ (၁၃)ယောက်မှာ ရောဂါပိုးတွေ့ရတယ်။ ၁၉၈၅-၈၉ အတွင် မူးယစ်ဆေးစွဲသူတွေကို သွေးစစ်တဲ့အခါ (၆၄.၅)မှာ ပိုးတွေ့ရပြီး ဒီလူတွေရဲ့ ၉၀%ဟာ အိမ်ထောင်ရှင်တွေဖြစ်တယ်။ သူတို့ကတစ်ဆင့် အိမ်ထောင်ဘက်တွေကို ရောဂါပွားမှာ အမှန်။ အာရှနိုင်ငံတွေမှာ ထိုင်းနှင့် အိန္ဒိယပြီးရင်မြန်မာနိုင်ငံက တတိယလိုက်နေတယ်။ AIDS ဟာ ပြည်ပကသယ်လာတဲ့ ရောဂါမဟုတ်လဲ ပြည်တွင်းပေါက်ပွားနေတဲ့“ပြည်တွင်းဖြစ်” ရောဂါဖြစ်နေပါပြီ။ ပြည်တွင်းရှိ မူးယစ်ဆေးစွဲသူများ၊ပြည့်တန်ဆာများ၊ သွေးလှူရှင်များက ပွားပေးနေပါပြီ။ သွေးလှူရှင်က တစ်ဆင့်AIDS ပြန့်ပွားခြင်းကိုတော့ သွေးလှူရှင်အားလုံး သွေးစစ်ပြီးတွေ့ရင် ပယ်လိုက်နိုင်တာမို့ အဲဒီအုပ်စုက ပြန့်ပွားမှုနည်းပါတယ်။ ပြည့်တန်ဆာ များကို သွေးစစ်ဖို့ကတော့ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာတွေဟာ တရားမ၀င်ဆိုတော့ စာရင်း အတိအကျကောက်လို့ မရပါ။ ပြည်ပကို ထွက်ပြီးငွေရှာကြတဲ့ ပြည့်တန်ဆာတွေကလည်း ပြည်တွင်းကိုရောဂါသွင်းလာကြတယ်။ မသန့်တဲ့ဆေးထိုးအပ်သုံးခြင်း၊ သွေးသွင်းရာက တစ်ဆင့် ရောဂါရလာခြင်းကို ကာကွယ်ဖို့ကတော့ သုံးစွဲတဲ့အပ်စတဲ့ ကိရိယာတွေကို သိပ္ပံနည်းကျကျ ပိုးစင်အောင် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဟာ လူပင်ပန်းပြီး ငွေအကုန်အကျများတဲ့အတွက် ဆေးခန်း၊ ဆေးရုံတွေမှာတောင် သေသေချာချာမလုပ် ကြဘူး။ မြန်မာနိုင်ငံကလူအများစု လူနာတွေဟာ ဆရာဝန်ကိုပြရင် ဆေးထိုးပေးဖို့လိုလာ တယ်။ အန္တရာယ်ကို မသိကြဘူး။ မြန်မာအပါအ၀င် အာရှအာဖရိကနိုင်ငံတွေမှာ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်း မပြောလိုကြဘူး။ ယဉ်ကျေးမှုအစဉ်အလာအရာ ညစ်ညမ်းတယ်၊ ယုတ်နိမ့်တယ်လို့ ယူဆကြတယ်။ ဒီအယူအဆကြောင့် လူထုနားလည်သိရှိနိုင်အောင် စာအုပ်စာပေ၊ ရေဒီယို၊ ဗွီဒီယို၊ တယ်လီဗေးရှင်းတို့က လိင်ဆက်ဆံရာမှာ Condom ယောက်ျားတွေသုံးတဲ့ အကာအကွယ်၊ ကြက်ပေါင်ရာဘာအစွပ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးဖို့ကိုပွင့်ပွင့်လင်းလင်း ဟောပြောခြင်းနည်းပါတယ်။ ယဉ်ကျေးမှုစရိုက်အရ ထိန်းထိန်း သိမ်းသိမ်းပဲ ဟောပြောကြရေးကြပါတယ်။ ကာယကံရှင်များဖြစ်တဲ့ AIDS ရောဂါပိုးရှိသူ၊ မူးယစ်ဆေးစွဲသူတို့ကို ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများသာမက သာမန်လူတွေလည်း ပညာပေးဆွဲဆောင်မှုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီတော့ အစိုးရအဖွဲ့အစည်းတွေကိုသာအားကိုး မနေဘဲ ပြင်ပအဖွဲ့အစည်းများ စေတနာ့ဝန်ထမ်း အသင်းအပင်းများရဲ့ ကူညီမှု လိုအပ်ပါတယ်။ စုစည်းဆွဲဆောင်လို့ရသမျှအင်အားကို သုံးရမယ့်အခြေအနေပါ။ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးတဲ့အခါပြင်ပနိုင်ငံတွေနဲ့ပိုပြီး ဆက်ဆံလာရတာ အကောင်းတွေရှိသလို အဆိုးတွေ လည်းရှိလာပါတယ်။ ဖွံ့ဖြိုးလာတဲ့ကချင်ပြည်နယ်နဲ့ အခြားစီးပွားရေး မြို့များ (မန္တလေး၊ မိုးကောင်း၊ မိုင်းရှုး) တို့မှာ အခြေအနေဆိုးပါတယ်။ ပြည့်တန်ဆာဦးရေတွေက တိုးလာပြီး တစ်ဘက်နိုင်ငံများမှာတောင် ပြည့်တန်ဆာအလုပ်သွားရောက်လုပ်လို့ဖမ်းမိတယ် ဆိုတဲ့ အကြောင်း၊ မြန်မာပြည့်တန်ဆာ ဘယ်နှစ်ယောက်မှာ HIV ပိုးတွေ့တယ်ဆိုတာ သူတို့ သတင်းစာတွေမှာ ခေါင်းစဉ်စာလုံးမဲကြီးတွေနဲ့ ပါနေပါပြီ။ မြန်မာဟာ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံကို (ပြည့်တန်ဆာတိုးပွားမှု) မှာ အမှီလိုက်နေပြီး။ ကာကွယ်ရေး ပညာပေးကိစ္စမှာတော့ ထိုင်းနဲ့ မယှဉ်သာအောင် အားနည်းနေပါတယ်။ ဒါကြောင့် ကာကွယ်ရေး၊ ပညာပေးကိစ္စကို အရှိန်အဟုန်မြှင့်တင်ရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေးအခြေအနေ ဘယ်လိုပဲ ကောင်းကောင်း ဒီတိုးတက်မှုတွေကို AIDS က အဟောသိကံ ဖြစ်အောင် လုပ်သွားမှာပါ။
ကမ္ဘာရှိ AIDS စီမံချက်တွေအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ AIDS ရောဂါအကြောင်း သိကောင်းစရာတွေကို သိစေပြီး ပညာပေးခြင်း၊ AIDS မရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာနဲ့ တခြားသူများကို မကူးစက်စေရန် ဆောင်ရွက်ဖို့ ပညာပွားပေးဖို့ ဖြစ်ပါတယ်။ မြန်မာမှာ ၁၉၈၉ ခု၊ ဖေဖော်ဝါရီလကစပြီး AIDS အတွက် စီမံချက်အကောင်အထည်ဖော်သည့် အပြည်ပြည်ရှိ AIDS စီမံချက်တွေဟာလည်း ကမ္ဘာ့ကျန်းမာရးအဖွဲ့ Global Programmer on AIDS နဲ့ ဆက်သွယ်ပြီး ကမ္ဘာလုံးဆိုင်ရာ AIDS ရောဂါစီမံချက်အရ စီစဉ်လုပ်ဆောင်ပါတယ်။ ဒီလိုလုပ်ရတာကလည်း AIDS ရောဂါပျောက်ဖို့က တိုင်းပြည်တစ်ပြည်တည်းမှာ ပျောက်သွားလို့ဖြစ်တာ မဟုတ်တဲ့အတွက် ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ၁၉၈၉ ဖေဖော်ဝါရီကစပြီး AIDS စီမံချက် ချခဲ့တယ်။ ၁၉၉၀ မှာ တာလတ်စီမံချက်ဆွဲခဲ့တယ်။ ဇောက်ချလုပ်ဆောင်စေတယ်။ အထူးသဖြင့် ပညာပေးခြင်းဖြစ်ပတယ်။ ကာလသားရောဂါ ဌာန၊ မူးယစ်ဆေးစွဲသူတွေကို ကုသရာဌာနတို့ကို AIDS ရောဂါနှင့် ပတ်သက်ပြီး ဒီလူနာတွေကို စည်းရုံးဟောပြောကြတယ်။ ရန်ကုန်မြို့ကြီး နှစ်မြို့မှာ ရောဂါအကြောင်း ပညာပေးခြင်း၊ Condom ကြက်ပေါင်အစွပ် သုံးဖို့ရာ ပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့တယ်။ ရောဂါထိန်းထားရေးအတွက် လိုအပ်တဲ့ ကွင်းဆင်းလေ့လာ စစ်ဆေးမှုတွေကို စနစ်တကျ လုပ်ဖို့ စီစဉ်ထားတယ်။ ဆေးထိုးအပ်နဲ့ ခွဲစိတ်ကိရိယာတွေကို ပိုးစင်အောင် ထားရှိရန်၊ မလိုအပ်ဘဲနှင့် ဆေးမထိုးကြရန် လှုံ့ဆော်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက်လုပ်နေတာတောင် ကောကွယ်ရေးအတွက် လုံလောက်မှု မရှိပါဘူး။
AIDS ကို တားဆီထိန်းချုပ်ရာမှာ မြန်မာအတွက် တကယ်အရေးပါအရာရောက်တဲ့ ကဏ္ဍကြီးနှစ်ခုရှိပါတယ်။ အရေးကြီးတဲ့ မူဝါဒပိုင်းဆိုင်ရာနဲ့ ဥပဒေစည်းမျဉ်းများကို ချုပ်ကိုင် နေတဲ့ အာဏာပိုင်များကပါ စိတ်ပါဝင်စားပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် များပေးပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါတယ်။ အဲဒီကဏ္ဍကြီးနှစ်ခုကတော့် (၁) ပြည့်တန်ဆာ ပြဿနာနဲ့ (၂) မူးယစ်ဆေးစွဲပြဿနာတို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည့်တန် ဆာ ဘယ်လောက်များနေတယ်ဆိုတာ ကိန်းဂဏန်း အတိအကျမသိပါဘူး။ အချိုးအဆ အတိုင်း တွက်ကြည့်ရန် အိမ်နီချင်းနိုင်ငံ လောက်တော့မများနိုင်ပါဘူး။
စဉ်စားစရာလိုတာက မြန်မာနိုင်ငံ ပြည့်တန်ဆာတွေဆီက AIDS မပြန့်ပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ထိထိရောင်ရောက် ပညာပေးဖို့လိုအပ်တာပါပဲ။ သူတို့ကိုယ်တိုင် နားလည်သဘောပေါက်မှသာ သူတို့ဧည့်ခံရတဲ့ ယောက်ျားတွေကို ကွန်ဒွန်ကြက်ပေါင်အစွပ် အကာအကွယ်နဲ့မှ လက်ခံမယ်လို အရေးဆိုတတ်လာမှာပါ။ ဒီတော့ AIDS အများဆုံး ရှိမယ်ထင်တဲ့ နေရာဒေသတွေမှာရှိတဲ့ ပြည့်တန်ဆာတွေကိ ဦးစားပေးအစီအစဉ်နဲ AIDS ပိုးဝင်မ၀င် စစ်ဆေးဖို့ လိုအပ်ပါတယ်။ အရေးကြီးတာက AIDS မဖြစ်သေးပေမယ့် HIV ပိုးဝင်ပြီးသူဟာ ပြည့်တန်ဆာအလုပ်ကို လက်လွှတ်မှ ဖြစ်မယ်။ အဲသလို လက်လွှတ် ပြီးရင် သူ့ရဲ့ဘ၀နေထိုင်ရေးအတွက် ထောက်ပံ့မှုပေးမှ ဖြစ်မှာပါ။ ထောက်ပံ့မှု မရရင်တော့ သူလုပ်တတ်တဲ့ အလုပ်ကို ပြန်လုပ်ပြီ ရောဂါပြန့်တော့မှာ ဖြစ်ပါတယ်။ AIDS ဆိုတာကလည်း ရောဂါပိုး၇ပြီး တော်တော်ကြာကြာ လူကောင်းလိုပဲ နေထိုင်နိုင်နိုင်တဲ့အတွက် လုပ်နေကျအလေုပ်ကို ပြန်လုပ်မှာ သေချာပါပဲ။ ဒါတွေကို ကျကျနန စဉ်းစာပြီး တကယ်လုပ်တဲ့အခါမှာ လက်တွေ့ကျကျ လုပ်လို့ဖြစ်မယ့် စီမံချက်တွေကို ဖော်ထုတ်ဖို့ လိုပါတယ်။ ပြည့်တန်ဆာတွေအပေါ်မှာ လူတွေက ဘယ်လိုမြင်ကြသလဲ၊ ဒုစရိုက်အမှု ကျူးလွန်နေသူတွေ၊ ယုတ်မာသူတွေ၊ “လူကောင်း” တွေကို ဖျတ်ဆီးနေသူတွေလို့ ဆိုတတ်မြင်တတ်ကြတယ်။ ဒါဟာ တကယ်ပဲလား၊ ပြည့်တန်ဆာဘ၀ကို နှစ်ခြိုက်လို့ သူတို့ ကိုယ်တိုင်သဘောအလျောက် ရွေးပြီးလုပ်တဲ့ သူတွေလည်း ရှိမှာပါ၊ ဒါပေမယ့် ကမ္ဘာပေါ်ရှိ ပြည့်တန်ဆာအများစုကတော့ ဆင်းရဲခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အရင်းအနှီး မရှိခြင်း အစရှိတဲ့ ဘ၀အခြေအနေချို့တဲ့မှုကြောင့် ဒီလိုနိမ့်ကျတဲ့ဘ၀ရောက်လာတာ ဖြစ်ပါတယ်။ ဒီအလုပ်က လုပ်လို့ရတဲ့ ငွေကိုလည်း သူတို့လက်ထဲအပြည့်အ၀မရဘဲ သူတို့ကို ထိန်းချုပ်ထားသူတွေ ခေါင်းပုံဖြတ်ယူကြတာက ပိုများပါတယ်။ လူ့အဖွဲ့အစည်းက သူတို့အပေါ် ကရုဏာသက်မှု၊ နားလည်းမှုနဲ့ ဖေးဖေးမမ ဆက်ဆံမယ်ဆိုရင် ပြည့်တန်ဆာအလုပ်ကို စွန့်လွှတ်ကြမယ့်သူတွေ အများကြီး ရှိပါတယ်။ ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ ဆန္ဒပြကြစဉ် အစိုးရက ကမ္ဘာလှည့်ခရီသည်တွေကို မြှင့်တင်ရေးနဲ့ AIDS ကာကွယ်ရေးအတွက် သုံးတဲ့ငွေ ၂၁ပုံ ၁ပုံသာ AIDS ကာကွယ်ရေးအတွက် သုံးတယ်လို့ ဆိုကြတယ်။ ထိုင်းနိုင်ငံလောက် ပြည့်တန်ဆာပြဿနာမတက်သေးတဲ့ မြန်မာနိုင်ငံအတွက် မှတ်သားလေ့လာဖွယ် သင်ခန်းစာတွေလို့ ဆိုရင် မမှားဘူးထင်တယ်။
မူးယစ်ဆေးထိုးမှုပြဿနာကလည်း ဆိုးဝါးပြီး ကြောက်စရာကောင်းတဲ့ ဖြစ် အဖြစ်ဆိုးကြီးပါပဲ။ တိုက်ဖျက်ဖို့ကလည်း အင်မတန် ခက်ခဲပါတယ်။ AIDS ရောဂါဝင်လာတော့ အဆမတန် ပိုမိုကြီးမားတဲ့ ပြဿနာကြီးတစ်ရပ် ဖြစ်လာတာပေါ့။ စိတ်ချရတဲ့ တစ်နည်းကတော့ မူးယစ်ဆေး (Supply) မရအောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဒါကလည်း ဆပ်ပလိုင်းကိစ္စကို အမြစ်ဖြတ်သုတ်သင်ဖို့ အင်မတန်မှ ခက်ခဲပါတယ်။ ဒါကြောင့် လက်တွေ့ကျကျ တကယ်လုပ်နိုင်တာကို ဦးတည်စဉ်းစားပြီး အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို လုံးဝ မချေမှုန်းနိုင်ပေမယ့် ကြီးတာကို သောအောင်လုပ်ဖို့ ကြိုးစားရမှာပါ။ တခြားနိုင်ငံတွေမှာ ဖြေရှင်းတဲ့နည်းလမ်းကို ကိုယ့်အခြေအနေ ရေမြေနဲ့ လိုက်ဖက်အောင် ပြုပြင်ပြီး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်
(၁) မူးယစ်ဆေးထိုးသူတွေကို AIDS ကူးနိုင်တယ်၊ အန္တရာယ် ဘယ်လောက်ကြီးမားတယ် ဆိုတာ တစ်ယောက်မကျန် သိရအောင် ပညာပေးရန်
(၂) ကာကွယ်ရေးအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ ဂဃဏန သိအောင် ရှင်းလင်းစွာ သင်ပြရန်
(၃) ဒီကာကွယ်မှု လုပ်ဆောင်မှုတွေ အောင်မြင်ရလေအောင် အစိုးရ-လူထု စသည်တို့မှ ဖေးမကူညီကြရန် တို့ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ သုံးတဲ့အပ်ဟာ ပိုးသန့်စင်ပြီး (Sterilized) ဆေးထိုးအပ်တွေ လိုချင်တဲ့အခါရအောင် အလကား ဝေငှပေးတယ်၊ မူးယစ်ဆေးဝါးကုသမှု၊ စီမံကိန်းချမှတ်ပြီး စိတ်ပါဝင်စားပြီး တက်ကြွတဲ့သူတွေရဲ့ အကူအညီကို ယူပြီး ထိရောက်စွာ အကောင်အထည်ဖော်တယ်။ AIDS နဲ့ မြန်မာ လက်တလော အခြေအနေကိုလေ့လာရင် တွေ့ရတာကတော့ လူတွေဟာ AIDS ရောဂါအပေါ် စိတ်ဝင်စားကြပါတယ်။ အန္တရာယ်ကိုလည်း သိသင့်သလောက်သိကြတယ်။ တစ်နိုင်ငံလုံး AIDS ပျံ့နှံလာပြီဆိုတာကို ၁၉၉၃ မှာ တွေ့နေရပါပြီ။ နယ်စပ်ဒေသတွေမှာ တိကျတဲ့ ကွင်းဆင်းမှတ်တမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်လို့ ကိန်းဂဏန်းနဲ့ အတိအကျပြောလို့ မရသေးပေမယ့် သေချာတာတစ်ခုကတော့ မင်နှိပ်စက္ကူအနားပေါ်မှာ မင်စက်ချလိုက်လျှင် မှင်တွေဟာ စက္ကူရဲ့ အတွင်းဘက်ကို ပြန့်သွားနေသလို AIDS ဟာလည်း လူထုအတွင်းမှာ ပြန့်နေတယ်ဆိုတာပါပဲ။ မင်းစွန်းကွက်ပြန့်သလို မျက်စေ့နဲ့သာမမြင်ရတာ၊ AIDS ရောဂါပြန့်ပွားမှုလှိုင်ကြီးဟာ နယ်စပ်ဒေသဖြစ်တဲ့ မြောက်ဘက်ကချင်ပြည်နယ်က အလယ်ရှမ်းပြည်နယ် (ရွှေတြိဂံဒေသ) က တောင်ဘက်တနသာင်္ရီ (ကော့ကရိတ်) ထိုင်းနယ်စပ်ကနေပြီး ပြည်တွင်းကို တရွေ့ရွေ့ အစဉ်တစိုက်တိုးလာပါပြီ။ ဒါကြောင့် AIDS တိုက်ပွဲ အပူတပြင်း မဆင်နွဲနိုင်ရင် ဒုက္ခရောက်ကြရတော့မှာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေဟာ အခုအခါမှာ စီပွားရေးကဏ္ဍ ထူးခြားလျင်မြန်စွာ တိုးတက်နေပါတယ်။ ဒါပေမဲ့ AIDS ကို မချိုးနှိမ်နိုင်ရင် စီးပွားရေးတိုးတက်မှုကြောင့်ရလာတဲ့ အကျိုးသက်ရောက်မှုတွေဟာ အချည်းနှီးဖြစ်သွားမှာ စိုးရတယ်။ ဖွံ့ဖြိုးစတိုင်းပြည်တွေ အထူးသဖြင့် မြန်မာနိုင်ငံလို စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်ခပ်ပြင်းပြင်းနဲ့ လုပ်ကြတဲ့နေရာတွေမှာ ချမ်းသာတဲ့သူတွေဟာ ပိုချမ်းသာကြပြီး ဆင်းရဲတဲ့သူတွေဟာ ပိုပြီးဆင်းရဲလာလို့ ကွာဟချက် ကြီးသထက်ကြီးလာမှာပဲ။ ရွှေတြိဂံနဲ့ ဆက်သွယ်တဲ့နေရာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှုရော ပြည့်တန်ဆာလုပ်ငန်းတွေပါ အင်မတန်တွင်ကျယ်စွာ ရှိနေပါတယ်။ ပြည့်တန်ဆာလုပ်ငန်းဟာ ထိုင်းကနေ တခြားနိုင်ငံတွေကို ပို့နေတာတွေ့ရတယ်။ ဇင်းမယ် (ထိုင်း) ကို ဗဟိုပြုပြီး မြန်မာအမျိုးသမီးတွေနဲ့ ယူနန်တောင်ပိုင်းက တရုတ်အမျိုးသမီးတွေကိုခေါ်ယူပြီး ပြည့်တန်ဆာတွေ ဖမ်းမိရင် များသောအားဖြင့် ထိုင်း၊ မြန်မာ၊ တရုတ် အမျိုးသမီးတွေ ဖြစ်နေကြတာတွေတွေ့ရပါတယ်။ နိုင်ငံခြားငွေကို ရှာဖွေတဲ့အနေနဲ့ Tourism တိုရစ်ဆင် ခေါ်တဲ့ တိုင်းပြည်တွေမှာ AIDS ပေါ်လာတဲ့အခါမှာတော့ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ခြင်း တန့်သွားလို့ ဒီတိုင်းပြည်တွေရဲ့ ၀င်ငွေကျဆင်းနေတာ တွေ့ရတယ်။ ဒါကြောင့် ဘယ်တိုင်းပြည်ကမှ သူတို့ဆီမှာ AIDS ဘက်လောက်ဖြစ်နေပြီးဆိုတာကို မဖော်ပြချင်ကြဘူး။ တိုရစ်ဆင်နဲ့ စီးပွားဖြစ်ကြတဲ့နိုင်ငံတွေကတော့ ကာရီဘီယန်မှာ ဆိုရင် “ဟေတီ” “ဒိုမီနီကန်”၊ အာရှမှာ “ထိုင်း” နဲ့ “ဖိလစ်ပိုင်” တို့ဖြစ်တယ်။ ထိုင်းနိုင်ငံမှာဆိုရင် “တိုရစ်” ကရတဲ့ဝင်ငွေဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ Million သန်းပေါင်း တစ်ထောင်ရခဲ့တယ်။ ဖိလစ်ပိုင်က သန်းပေါင်း ၅၀၇ သန်း ရခဲ့တယ်။ အင်ဒိုနီးရှားမှာ (၁၉၈၁-၈၅အကြား တိုးရစ်ဆင်ကြောင့် ၀င်ငွေနှစ်ဆတက်သွားတယ်။ ထိုင်းနိုင်ငံက ၁၉၈၇မှာ ပြည့်တန်ဆာလုပ်ငန်းနဲ့ သက်မွေးသူ ၁၅၀၀၀ကို သွေးစစ်ကြည့်တော့ အမျိုးသား ပြည့်တန်ဆာတွေထဲက ၂.၆% မှာ ပိုးတွေ့ပြီး အမျိုးသမီး၁.၈၃%တွေ့ရတယ်။ ဆိုးဝါးတဲ့အချက်တစ်ခုကတော့ အိမ်နီးချင်းနိုင်ငံအချင်းချင်း လူကုန်ကူးမှုတွေရှိနေတာကြောင့် ပထမ AIDS မရှိသေးတဲ့ အင်မတန်နည်းတဲ့ဒေသတွေကို AIDS အလျင်အမြန် ရောက်စေတယ်။ AIDS များတဲ့နိုင်ငံက AIDSနည်းတဲ့နိုင်ငံက အမျိုးသမီးလေးတွေ ခေါ်သွားပြီး ပြည့်တန်ဆာ လုပ်ခိုင်းကြတယ်။ နောက်ပြီး သူတို့နိုင်ငံတွေရဲ့ဥပဒေအရ ပြည့်တန်ဆာတွေမှာ ပိုးရှိ-မရှိစစ်ဆေးပြီး၊ ပိုးရှိသူကို ဒီအလုပ်မလုပ်ရတော့ဘူးဆိုပြီး ပြန်နှင်ထုတ်တယ်။ ဒီတော့AIDS ပိုးဝင်ပြီးသူတွေဟာ ကိုယ့်နိုင်ငံကိုယ်ပြန်ပြိးရောဂါ သယ်သွားကြတယ်။ နောက်တစ်ခါ လူကုန်ကူးသူတွေက ငယ်ရွယ်သူကလေးတွေကို အသစ်အုပ်စုအဖြစ် ကောက်ယူခေါ်သွား ပြန်တယ်။ သူတို့က မသိနားမလည် ကြတော့ပါသွားပြီး ရောဂါရှိလာတဲ့အခါ ကိုယ့်နိုင်ငံကိုယ် ပြန်ကြရတယ်။ ဒီတော့ဒီနိုင်ငံဟာ တစ်ဘက်နိုင်ငံက ဗိုင်းရပ်စ်ပိုးကို တမင်သွားယူပြီး သွင်းကုန်အဖြစ်မှန်မှန်သယ်ယူပြီး သွင်းနေကြတာ တွေ့ရတယ်။ ဒီနည်းလောက် AIDS ပြန့်ပွားတာမြန်တဲ့နည်းဘယ်မှာ ရှိဦးမလဲ။
ဒါကြောင့် တိုးရစ်ဆင်ကို မြှင့်တင်တဲ့စီမံချက်ဆွဲတဲ့အခါမှာ ဒီအချက်ကို သေသေချာချာ လေ့လာထိုက်တယ်။ တချို့နိုင်ငံတွေမှာ တိုးရစ်ဆင်နဲ့ရတဲ့ နိုင်ငံခြားငွေအပေါ် အမြင်တစ်မျိုး ပြောင်းလာကြတယ်။ ဒီလိုဝင်လာတဲ့ငွေကို အမြင်ကျယ်ကျယ်တွက်ကြည့်ရင် တစ်နိုင်ငံလုံး အနေနဲ့ ဘယ်လောက်မြတ်သလဲ၊ နောက်ဆုံးတော့လူတစ်စုသာ မြိုးမြိုးမြက် မြက်သလဲ၊ နောက်ဆုံးတော့ လူတစ်စုသာ မြိုးမြိုးမြက်မြက်စားရပြီးAIDSရောဂါပိုး ရလိုက်တာ အဖတ်တင် တာပဲလို့ မြင်ကြတယ်။ ဒီအချက်ကို မြန်မာအပါအ၀င် တိုးရစ်ဆင်စဖွင့်စ နိုင်ငံတိုင်းမှာ ကောင်းကောင်းလေ့လာသုံးသပ်ပါတယ်။
AIDSပြဿနာက ကျယ်ဝန်းလာပြီဆိုတော့ ကမ္ဘာနိုင်ငံအသီးသီးရဲ့ အစိုးရတွေဟာ ဒီပြဿနာကို အရေးယူ ဖြေရှင်းခဲ့ကြတယ်။ ယေဘုယျအားဖြင့်တွက်ကြပုံကတော့ ဒီရောဂါ ပြန့်ပွားပုံ ပြန့်ပွားနည်းပုံစံက တချို့သောအုပ်စုတွေမှ ဖြစ်တာကြောင့် ဒီအုပ်စုတွေကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ ဆုံးဖြတ်ကြတယ်။ အစ္စရေး၊ တောင်ကိုးရီးယားတို့မှာ၊ သြစတြေးချ၊ ဂွာတီမာလာတို့မှာ ပြည့်တန်ဆာတွေဟာ AIDSပိုးရှိ-မရှိ မစစ်မနေရလို့ပြဋ္ဌာန်း ထားတယ်။ ဂျာမနီမှာ သွေးစစ်လို့ ပိုးတွေ့တဲ့လူတွေ့ရင် သူ့ကိုတခြားသူတွေနဲ့ မရောယှက် စေဘဲခွဲထားတယ်။ သြစတြေးလျမှာ တစ်လတစ်ကြိမ် သွေးစစ်ပြီး ပိုးတွေ့ရင် အစိုးရထံက ပင်စင်ထောက်ပံ့ငွေ လျှောက်ထားလို့ရတယ်။ AIDSရောဂါရှိသူတွေကို အခြားသူတွေနဲ့ ခွဲခြားထားတာကိုquarantineလုပ်ဖို့ ကြိုးစားတဲ့နိုင်ငံတွေရှိသော်လည်း မအောင်မြင်ခဲ့ပါ။ အမေရိကန်မှာ ဂေးအုပ်စုအတွင်း AIDS စတွေ့ရတဲ့အတွက် အဲဒီအုပ်စုကို ဆင်ဆင်ခြင်ခြင် နေထိုင်လိုက်ကြတာကြောင့် နောက်ပိုင်းမှာ ဂေးအုပ်စုအတွင်း AIDS ဖြစ်ပွားမှု သိသိသာလျော့နည်းသွားတယ်။
AIDS ရောဂါလက္ခဏာများ
AIDS ရောဂါပိုး စတင်လာချိန်မှာ အဖျားနည်းနည်းရှိပြီး လည်ချောင်းနာ၊ အအေးမိ၊ နှာစေးတာမျိုးဖြစ်လာမယ်။ ဒီလက္ခဏာဟာ ဖြစ်ပေါ်ပြီးပျောက်သွားလေ့ရှိတယ်၊ ပျောက်သွား ပြီး အချိန်အတော်ကြာ ဘာမှမဖြစ်ဘဲနေပြီး လူနာဟာ အခြားရောဂါပိုးတွေ ၀င်လာတဲ့ လက္ခဏာများဖြစ်ပေါ်တက်တယ်။ ဒီလက္ခဏာတွေကို AIDS Related Complex (ARC) AIDS နှင့် နှီးနွယ်ဆက်စပ်တဲ့လက္ခဏာစုများလို့ခေါ်ပါတယ်။ များသောအားဖြင့်ကိုယ်အလေး ချိန် ၁၀%ထက်လျော့သွားကာ ပိန်ချုံးလာခြင်း၊ တစ်လထက်ပိုပြီး ၀မ်းလျော့သွားကာပိန်ချုံး လာခြင်း၊ တစ်လထက်ပိုပြီး ၀မ်းလျောခြင်း၊ တစ်လထက်ပိုပြီးဖျားခြင်းစတဲ့ ထင်ရှားတဲ့ လက္ခဏာတွေ ဖြစ်လာတယ်။ ချောင်းမပြတ်ဆိုးခြင်း၊ တစ်ကိုယ်လုံးယားယံခြင်း၊ ရေယုန် များပေါက်ပေါက်ခြင်း(တစ်ကိုယ်လုံးကြာရှည်စွာပေါက်ခြင်း)ခံတွင်းနှင့်လည်ချောင်းထဲမှ မက်ခရုစွဲခြင်း၊ ဂလင်းအကြိတ်များယောင်ခြင်း၊ ဥာဏ်စွမ်းအားကျဆင်းလာခြင်း၊ အာရုံကြော များထိ၍ခြေစွန်းလက်စွန်းများတွင် ထုံနာကျဉ်နာစွဲခြင်းတို့ကြာရှည်ဖြစ်လာတတ်ခြင်း၊ ဒီAIDS လက္ခဏာတွေဟာ Virus ကြောင့် တိုက်ရိုက်ဖြစ်တာ မဟုတ်ပေမယ့် ခုခံအားကိုဖျက်ဆီးထား လို့ နောက်ဆက်တွဲမှာ Infection ပိုးဝင်မှုနှင့် ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။ HIV ကိုယ်တွင်းမှာ ရှိနေရင် AIDSဖြစ်ရင်လည်းဖြစ်၊ မဖြစ်ရင်လည်း တော်တော်များများဟာ Dementiaရူးသွပ်ဝေဒနာ ဖြစ်နိုင်ပါတယ်။
AIDS လူနာတွေမှာ အဆုတ်တီဘီအဖြစ်များလို့ ဒီရောဂါနှစ်မျိုးကိုတွဲတွေ့ရတယ်။
ကုသမှု
AIDS ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေး မပေါ်သေးပါဘူး၊ AIDSရောဂါ ပိုးကို အပြတ်ရှင်းနိုင်မယ့်ဆေးကို ရှာဖွေနေကြဆဲပါ။ AIDSပိုးဟာ နှိမ်နင်းရန် အင်မတန် ခက်ခဲပါတယ်။လူ့ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့Cells တွေထဲမှာ ပုန်းအောင်းနေတာမို့ သူ့ကိုဖျက်ဆီးရင် သူပုန်းခိုနေတဲ့ဆဲလ်တွေပါ ပျက်စီးမှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်က ဦးနှောက် ကဗိုင်းရပ်စ်အတွက် ပိုပြီးလုံခြုံစိတ်ချရတဲ့နေရာဖြစ်နေတယ်။ ဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ဆေး တွေက သွေးထဲက ဦးနှောက်ကိုရောက်ရမှာ။ ဆေး(အများစု)တွေက သွေးနဲ့ဦးနှောက်ကို ခြားထားတဲ့ အတားအဆီးကို မကျော်နိုင်ကြပါဘူး၊ ဦးနှောက်ဆဲတွေကို မပျက်စီးစေဘဲ ဗိုင်းရပ်စ်ကို သီးသန့်ဖျက်ဆီးတဲ့ဆေး ဖန်တီးဖို့ အလွန်တရာခက်ပါတယ်။ ဒီတော့ ဗိုင်းရပ်စ်ကို မသတ်နိုင်ရင်မျိုးမပွားအောင်လုပ်ဖို့ ဆေးကို ရှာနေဆဲပါပဲ။
ဆေးတွေထိရောက် အောင်မြင်မှု ရှိ-မရှိစမ်းရတာက ပျမ်းမျှ (၁၀) နှစ်ကြာပါတယ်။ စမ်းသပ်မှုတွေကို တိရစ္ဆာန်၊ လူစသည်တို့အပေါ်မှာအချိန်ယူ စမ်းသပ်ရပါတယ်။ AIDS အတွက် အခုအချိန်အထိ အအောင်မြင်ဆုံးလို့ ဆိုရမယ့်ဆေးကတော ZIDOVUDINE ဖြစ်တယ်။ AZT လို့ အသိများတယ်။ အခုအခြေအနေမှာတော့ AIDS လူနာတစ်ယောက်ကို ဒီဆေးနဲ့ တစ်နှစ်ကုသဖို့အတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ိ/- (တစ်သောင်း)ကျတယ်။ ဒါကြောင့် မတတ်နိုင်သူတွေက ဆေးမသုံးနိုင်ဘဲ သေကြရုံပဲရှိပါတယ်။ ဒါတောင်ပျောက်တဲ့ ဆေးမဟုတ်ဘူး၊ ရောဂါတိုးမှုကို ဟန့်တားပြီး အသက်ပိုရှည်အောင် လုပ်ပေးနိုင်ရုံပဲရှိတယ်။ တခြားဆေးတွေလည်း တီထွင်စမ်းသပ်ဆဲပဲ ရှိပါသေးတယ်။ လောလောဆယ် (၁၉၉၉)မှာ ဆေးအသစ်တွေပေါနေပါတယ်။ ပေါင်းပြီးပေးရင် ထိရောက်တယ်။ ရောဂါကို အတော်အသင့် ထိန်းထားပြီးအသက်ရှည်နိုင်တယ်။ ပျောက်တော့မပျောက်ဘူး။ ဈေးကတော့ကြီးလွန်းလို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မသုံးနိုင်ကြသေးဘူး။AIDSကို တားဆီးနိုင်မယ့်လက်ငင်းကာကွယ်ဆေး ကိုလည်း ထုတ်လုပ်ဖို့ကြိုးစားနေကြပါတယ်။ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ဗင်ဆင်းစမ်းသပ်ရာ မှာလမ်းညွှန်ချက်တွေ ပေးပါတယ်။ ဗက်ဆင်းဟာရောဂါမ၀င်သေးသူတွေကို ကာကွယ်ရာမှာ သုံးမှာဖြစ်ပါတယ်။ တရုတ် ဘယဆေး၊ တိုင်းရင်းဆေးနဲ့အပ်စိုက်ကုသနည်းတွေကို တရုတ်ပြည်မှာ သုံးကြည့်ကြတော့ အထောက်အကူဖြစ်တာ တွေ့ရပါတယ်။
AIDSရောဂါဟာ ကာကွယ်ဖို့ ဆေးမရှိဘူး။ကုလို့လည်းမရဘူး၊ ဒါကြောင့် AIDS ဖြစ်လာရင် နောက်ဆုံးတော့သေကြတာပါပဲ။
သို့သော် အနှေးအမြန် သေရမယ်လို့သိထားတဲ့AIDSလူနာအပေါ်မှာ ကြင်နာမှု အပြည့်နဲ့စိတ်ဓာတ်ဆိုင်ရာ ပြုပြင်ရေးများကို တွန့်အားပေးပြီးလုပ်ကြည့်တဲ့အခါမှာ အောင်မြင် မှုတွေ့ရတယ်။ စိတ်ဓာတ်ကျသွားပြီဆိုရင် ရောဂါရဲ့ထိုးဖောက်မှုက လျင်မြန်တယ်။ ရောဂါကို အရှုံးမပေးရအောင် မိသားစု၊ မိတ်ဆွေ၊ အဖွဲ့အစည်းတွေက မေတ္တာ၊ ကရုဏာ၊ရှေ့ထားပြီး အားပေးရင် လူနာစိတ်ဓာတ်မြင့်တက်လာပြီး ကျန်းမာရေးကောင်း လာတာကို တွေ့ရတယ်။ စိတ်ပျော်အောင်နေတယ်၊ တရားထိုင်တယ်။ အဓိဋ္ဌာန်စတဲ့ စိတ်ဓာတ်ပြုပြင်ရေးတွေဟာ ထိရောက်မှုရှိတာ တွေ့ရတယ်။
AIDS ရောဂါစစ်စစ်ဖြစ်နေပြီလို့ သိတဲ့အချိန်က စပြီး ရောဂါသည် ၅၀%ဟာ(၁၈) လအတွင်း သေကြတယ်။ ၁၅%ဟာ (၅) နှစ်အထိနေကြရနတယ်။ မိသားစု ဆွေမျိုးမိတ်ဆွေတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုရသူတွေဟာ AIDS ရောဂါနဲ့ လောကကို အရှုံးမပေးဘဲ ကျော်လွှားနိုင်ကြတယ်။
၁၉၈၈ မှာ ဗြိတိသျှအစိုးရနဲ့ ကမ္ဘ့ာကျန်းမားရေးအဖွဲ့မှ ကြီးမှူးပြုလုပ်တဲ့ AIDS ကာကွယ်ရေးအတွက် ကမ္ဘ့ာနိုင်ငံများက ကျန်းမာရေးဝင်ကြီးများရဲ့ အစည်းအဝေးကို လန်ဒန်မှာ ကျင်းပတဲ့အခါ နိုင်ငံပေါင်း (၁၄၈) နိုင်ငံက တက်ရောက်ခဲ့တဲ့အတွက် ကမ္ဘ့ာလူဦးရေ ၉၅%ကို ကိုယ်စားပြုတယ်လို့ တွက်လို့ရပါတယ်။ (၁၉၈၆-၈၇) ကစပြီး ကမ္ဘ့ာကျန်းမားရေးအဖွဲ့ရဲ့ Global Programmed on AIDS ကမ္ဘ့ာလုံးဆိုင်ရာ AIDS စီမံချက်မှာ နိုင်ငံပေါင်း (၁၅၄) နိုင်ငံ ပါဝင်ပြီး ငွေကြေးထောက်အပံ့၊ ပညာပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။ ဒီ AIDS စီမံချက်ရဲ့ ကြိုတင်မျှော်မှန်းတွက်ချက်မှု Projection အရတော့ အကယ်၍ ယခုအချိန်မှာ လူပေါင်း (၅) သန်း ဗိုင်းရပ်စ်ပိုး ရှိနေရင် နောက် (၁၀) နှစ်အတွင်းမှာ သုံးဆတိုးလာနိုင်တယ်။ စီမံကိန်းတွေ အောင်မြင်သွားရင်တော့ ကူးစက်ပြန့်ပွားမှု သုံးပုံတစ်ပုံကျသွားရမယ်။ အအောင်မြင်ဘူးဆိုရင်တော့ အခြေအနေဆိုးဝါးလာမှာ အမှန်ပဲ။ တချို့နိုင်ငံတွေမှာ AIDS ကြောင့် လူဦးရေ ကျဆင်းသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံး တင်ပြလိုတာကတော့ (၁) AIDS ပြဿနာဟာ အနာဂတ်မှာ ပိုကြီးလာမယ်။ (၂) AIDS ရဲ့ ဒဏ်ခတ်ချက်ကို နောင်နှစ် (၂၀-၃၀) အတွင်းမှာ ပိုပြီး သိရမယ်။ (၃) AIDS ကုသမှုပိုင်းဆိုင်ရာမှာ တိုးတက်မှု ရှိသင့်သလောက်ရှိသော်လည်း အချိန်တိုတိုနဲ့ ဖြေးရှင်းနိုင်မှာ မဟုတ်သေးပါ။
AIDS ဟာ မူလက GAY ဂေးအုပ်စု၊ မူးယစ်ဆေးစွဲအုပ်စု၊ ပြည့်တန်ဆာ အုပ်စုတို့မှာဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ ပြီးတော့ အိမ်ထောင်ရှင်ယောက်ျားတွေ ကတစ် ဆင့်အိမ်ထောင်ရှင်မိန်းမတွေသူတို့ကတစ်ဆင့် ကလေးငယ်တွေကိုပါ ကူးစက်နိုတယ်ဆိုတာ သိလာကြပါပြီ။ AIDS ရောဂါဟာ အသေးအဖွဲ့ မဟုတ်ဘူး၊ ဖြစ်လာရန် ရုပ်ပျက်ဆင်းပျက် သေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် AIDS ကို တိုက်ဖျက်ဖို့ရာက ရောဂါမရသေးသူရောဂါပိုး မ၀င်သေးသူကို ကာကွယ်ဖို့ပဲရှိပါတယ်။ ကာကွယ်ရေးရဲ့ တစ်ခုတည်းသောလက်နယ်က ပညာပေးရေးဖြစ်ပါတယ်. ပညာပေးမှုအပိုင်းမှာ ခြောက်လှန့်ပေးစရာမလိုဘဲ လုံးဝမှန်ကန် သေချာတဲ့ သတင်းကို ပေးရမယ်။ ပွင့်ပွင့်လင်းလင်း သတိပေးရမှက AIDS မရရှိစေရန် -
၁။ လိင်ကိစ္စမှာ သစ္စရှိစွာ တစ်ဦးတည်နှင့် သာဆက်ဆံပါ။
၂။ အကယ်၍ တစ်တစ်ဦးမှာ ဗိုင်းရပ်စ်ရှိနေပြီလို့ သံသယဖြစ်ရင် ကွန်ဒွန် ကြက်ပေါင်အစွပ် အကွယ်သုံးပါ။
၃။ ပြည့်တန်ဆာတွေနဲ့ ဆက်ဆံမှု လုံးဝရှောင်ပါ။
၎။ ဆေးထိုးအပ်/ အခြားအသုံးပစ္စည်း ကိရိယာတွေကို စနစ်တကျ ပိုးသန့်စင်ပြီးမှ သုံးစွဲရန်။
၅။ AIDS ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးပြီး သွေးကိုသာ သုံးပါ။ သွေးလည်း မှန်တကယ်လိုအပ်မှ သုံးပါ။
ဗိုင်းရပ်စ်ပိုးဝင်ပြီးသူများ စောင့်ထိန်းရန်
၁။ ဗိုင်းရပ်စ်ပိုးရှိနေပြီးလို့ မိမိကိုယ်ကို သံသယဖြစ်လာလျှင် လုံးဝလိင်စပ်ယှက်မှု မပြုထိုက်၊ ပြုလုပ်လိုလျှင် ကွန်ဒွန် ကြက်ပေါင်အစွပ်အကာအကွယ်သုံးပါ။
၂။ သွေးပေးလှူခြင်း မလုပ်ပါနှင့်။
၃။ မူးယစ်ဆေးထိုးမှု၊ အခြားဆေးထိုးမှုများမလုပ်နှင့်၊ မတတ်သာ၍ ဆေးထိုးလျှင် ကိုယ့်အတွက် သုံးသည့်အပ်ကို သုံးပြီးလျှင် လွှင့်ပစ်ပါ။ တစ်ခု သတိချပ်ဖို့က AIDS ရောဂါသည် ကန့်သတ်အုပ်စုတွေမှာဖြစ်တာ အဟုတ်ဘဲ သာမန်လူတွေကိုလည်း ကူးနိုင်ပါတယ်။ ဒါကြောင့် AIDS ကာကွယ်ရေးအတွက် သွေးအေးနေလို့မရ၊ လူတိုင်းလူတိုင်းဟာ တာဝန်တစ်ရပ်အနေနဲ့ AIDS ကာကွယ်ရေးအနေနဲ့ ပါဝင်ကြရန် လိုအပ်ပါတယ်။
နောက်ဆုံးအနေနဲ့ သတိချပ်ဖို့က AIDS ရောဂါကူးစက်ပြန့်ပွားမှုဟာ ကန့်သတ်ချက်မရှိဘဲ လူ့အလွှာအသီးသီးကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့အတွက် အစိုးရ အဖွဲ့အစည်းများ၊ ကျန်းမာရေဌာန၊ ဆရာဝန်သူနာပြုများကသာမက လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးကပါ ဖိဖိစီးစီး ဆောင်ရွက်ကြရန် လိုပါတယ်။ ကမ္ဘာလောကကြီးထဲမှာ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ တစ်ဦးတည်း အဖော်မဲ့ သီးခြားနေ လို့မရပါ။ လူသားတိုင်းဟာ လူထဲကလူဖြစ်နေလို့ပါပဲ။
“ ဘယ်သူတစ်ယောက်မှ ကျွန်းကလေးလို
ထီးတည်းနေလို့ မရဘူး၊ တိုက်ကြီးရဲ့ တစ်ဖဲ့၊
ပြည်မကြီးရဲ့ တစ်ပိုင်းပဲ၊ လူတစ်ယောက်
သေခြင်းဟာ ငါ့ကိုလည်း ထိစေတယ်။
ငါဟာလည်း လူသားထဲကလူမို့ အားလုံးနဲ့
ပတ်သတ်နေတာပဲ။ ဒီတော့ လူသေလို့
ခေါင်းလောင်းထိုးရင် ဘယ်သူ့အတွက်
ထိုးတာလဲလို့ မမေး
Thursday, January 21, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment