Tuesday, January 5, 2010

အပ်နှင်းဥစ္စာ

တဏှာချစ်နှင့် ပက်သက်လာလျှင် မနာလိုစိတ် ၊ သ၀န်တိုစိတ် ရှိကြသည်မှာ လောကဓမ္မတာ သဘောမျိုးဖြစ်သည် ။
" မုန့်သာဝေစားမယ် ၊ လင်ကို ဝေမစားနိုင်ဘူး " " ထမင်းကိုသာ ဝေသာစားရဲ့ လင်ကို မထိနဲ့ဆရာ " ဟူသော
လောကဝေါဟာရ ပြောဆိုကြလျှက်ရှိရာ ဝေစားရလျှင် - အထိခံရလျှင် ဒေါသကြီးကာ မီးပွင့်တတ်ကြစမြဲ ဖြစ်သည် ။
ထို့ကြောင့် လင်က ကိုယ်ပိုင်မယားကိုသာ အလိုရှိသကဲ့သို့ မယားကလည်း ကိုယ့်လင်တစ်ဦးတည်းကိုသာ အလိုရှိ
တတ်ကြပေသည် ။ အချို့သူတို့သည် ချစ်သူများများရှိခြင်း ၊ မယားများများယူနိုင်ခြင်းကိုပင် အသာအယာကြီး သာ
ယာကာ ဂုဏ်ယူတတ်ကြပေသည် ။
" ယောက်ျားကောင်း မောင်းမတစ်ထောင် " ဟူသော စကားကိုအသုံးပြုကာ မယားများများရမှု
ကို အားကျ သဘောကျတတ်သည် ။ အမှန်အားဖြင့် ဤစကားသည် ယောက်ျားတိုင်းနှင့်ဆိုင်သောစကား မဟုတ်ချေ ။
ရှေးအခါက ထုံးတမ်းစဉ်လာအရ သမ္မုတိနတ်ဟုဆိုအပ်သော ဘုရင်မင်းနှင့်ဆိုင်သော စကားဖြစ်သည် ။ ဘုရင်များ၏
တိုင်းပြည်လုံခြုံရေးအရ သမီးကညာဆက်သသည်ကို လက်ခံသိမ်းပိုက်ခြင်းကို တင်စားပြောဆိုသော စကားသာဖြစ်ပါသည် ။ ကိုယ်ပိုင်ဇနီးရှိလျှက် စိတ်ဓာတ်ဖောက်ပြားအချစ်ပွား၍ ပျော်ပါးလိုက်စားသူတို့သည် မိမိကိုယ်
ကိုမိမိပင် ပျက်ဆီးအောင်ဖျက်ဆီးသကဲ့သို့လည်း ဖြစ်တတ်ပေသည် ။
သို့တွက် လင်ကောင်းတစ်ယောက်သည် မိန်းမနှင့်ပက်သက်၍ မိမိဇနီးမှ တစ်ပါးသောမိန်းမများအပေါ်၌ အမေ ၊ ညီမ ၊
အဒေါ် သဘောထားသောစိတ်ကို မွေးမြူ၍ ဆက်ဆံကြရသည် ။ ဖောက်ပြန်သောစိတ်ကို မမွေးရပါ ။ မိန်းမဘက်က
ဖောက်ပြန်လာသည်ကိုတွေ့က ထိုအတွေ့ကိုမသာယာဘဲ ဘီလူးသဘက်သဖွယ် သဘောထားသင့်လှပါသည် ။

No comments:

Post a Comment