အခုတလော ဗုဒ္ဓ ဘာသာကို စော်ကားနေတဲ့ ဘလော့တစ်ခု ကြောင့် ကျနော်တို့ ဘာသာဟာ ကမ္ဘာ့ ပညာရှင်တွေရဲ့ အမြင်မှာ ဘယ်လိုရှိလဲ ဆိုတာသိရအောင် ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်.....
ပါရမီတော်အစုအဝေး
ဗုဒ္ဓဟူသည် ကိုယ်တော်တိုင်ဟောကြားတော်မူခဲ့သည် ပါရမီတော်များ၏ အစုအဝေးဖြစ်သည်။ အောင်မြင် ထူးခြားသည်က သာသနာပြု သက်တမ်း ၄၅-နှစ် တာအတွင်း သူ့(ဟောပြောချက်) စကားလုံးအားလုံးကို လုပ်ငန်း အသွင်သို့ ပြောင်းလဲစေခဲ့သည်။ (သက်ဝင်လှုပ်ရှားစေခဲ့သည်) လူ့သမာဓိအားနည်းမှု (သို့မဟုတ်) ယုတ်ညံ့ သည့်တပ်မက်မှုကို ထွက်ပေါက်ပေးသည့် နေရာမရှိပေ ။ ဗုဒ္ဓ၏လူမှုကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်း (ဂီဟိဝိနယ) သည် ကမ္ဘာကပင် သိရှိထားသည့် အပြည်စုံဆုံး စည်းမျဉ်းဖြစ်သည်။
( ဂျာမန်ပညာရှင် ပါမောက္ခ မက်ခ်စ်မူလာ)
အမြင့်မြတ်ဆုံးလူသား
လူသားထုတစ်ရပ်လုံးတွင် အမြင့်မြတ်ဆုံးလူသားကို တွေ့မြင်လိုပါက ဖုန်းတောင်းယာစကာအ၀တ်အဆင် နှင့်ရှင်ဘုရင်တစ်ပါးကို ရှုကြည့် လိုက်ပါ။ သူသည် လူသားထု အတွင်းတွင် အမြင့်မားဆုံး စွန့်လွှတ်နိုင်သူ ဖြစ်သည်။
( မူစလင်ကဗျာဆရာ အဗ္ဗဒူအတဟိယ)
ဗုဒ္ဓ၏ အဆုံးအမ
ဗုဒ္ဓတွင် အားလုံးသော ဟောပြောချက်များ ၊ တရားသေ အယူဝါဒများထက် ပိုမိုမြင့်မြတ်သည့် အရာတစ်ခု ရှိပြီးဖြစ်သည်။ဗုဒ္ဓ၏ အဆုံးအမတော်သည် လူသားထုအတွက် တစ်သက်လုံး ရင်ကိုအေးမြစေသည် ။လူမှုဒုက္ခ သူက္ခ အရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ငြိမ်းချမ်းရေး ဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပိုပြီးလိုအပ် ပေသည်။ (နေရူး)
သမားတော် ဗုဒ္ဓ
ဗုဒ္ဓသည် သမားတော်တစ်ဦးနှင့်တူ၏။ သမားတော်သည် ရောဂါအမျိုးမျိုး၏ လက္ခဏာ၊ ရောဂါဇစ်မြစ်၊ ကုသရန် ဆေးဝါးနှင့် အသုံးချပုံတို့ကို သိသကဲ့သို့ ဗုဒ္ဓသည် ဆင်းရဲဒုက္ခ အဆင့်ဆင့်၊ ဒုက္ခ၏မူလဘူတ အကြာင်း၊ (သမုဒယ) ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ သွားရာလမ်းကြောင်းဟူသော အရိယသစ္စာ ၄-ပါးကိုဟောကြားတော် မူခဲ့သည်။ (ဒေါက်တာအက်ဒွပ်ကွန်ဇ်)
တောက်ပသည့် နေတစ်ဆူ
ကျူးကျော်တိုက်ခိုက်ခြင်း ၊ အမျက်သိုခြင်း၊ အကြမ်းဖက်ခြင်းတို့ လွှမ်းမိုးနေသည့် ဒီကမ္ဘာဝယ် ဗုဒ္ဓ၏အဆုံး အမသည် ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် နေတစ်ဆူကဲ့သို့ တောက်ပနေပေသည်။ ဗုဒ္ဓ၏အဆုံး အမတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ဟိုက်ဒရိုဂျင်ဗုံးများရှိနေသည်ထက်ပိုပြီး လိုအပ်သောအချိန် ဖြစ်သည်။ ထိုအဆုံးအမ၏မှန်ကန်မှုသည် နှစ်ပေါင်း ၂၅၀၀- အထိ သက်တမ်းရျည်ရှင်သန်နေခဲ့သည်။ ထာဝစဉ် တည်မြဲသည့် အဆုံးအမကို နှလုံးမူလျက် ယင်းဒေသနာတော် အလင်းရောင်ဖြင့် ကျွန်ုပ်တို့၏ အတွေးအကြံ အပြုအမူများကို ပြုပြင်ကြပါစို့။ အနုမြူခေတ်၏ အမှားများကိုပင် တည်ကြည်သောသမာဓိတရားဖြင့် ရင်ဆိုင်ပြီး ဟုတ်သောအကြံ မှန်သောအလုပ်တို့ကို တိုးမြှင့်ခြင်းဖြင့်အနည်းငယ်မျှ အကူအညီရနိုင်ကောင်းပေမည်။
(နေရူး)
ဗုဒ္ဓ၏မူလဒေသနာများ
တစ်ကိုယ်ကောင်းဆန်ခြင်း၊ ငြိကပ်တွယ်တာခြင်းမှ လွတ်မြောက်သောအားဖြင့် ဂုဏ်သရေရှိမှု၊ ငြိမ်သက် တည်ကြည်မှု ၊ ကရုဏာထားမှုမည်သည့်တို့ကား အရှေ့တိုင်းဗုဒ္ဓဘာသာ၏ မူလပင်မဖြစ်သော သင်ပြချက် ဒေသနာများဖြစ်သည်။ (အီးအေ-ဘာထ်)
ဗုဒ္ဓ၀ါဒသည် စိတ်ကူးယဉ်လောကသို့ဦးမတည်ပါ
ဗုဒ္ဓ၀ါဒသည် လောကနှင့်ဘ၀၏ တကယ့်ပကတိအဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝအတိုင်း ရှုမြင်သောဝါဒဟုဆိုရပေမည်။ ၄င်းဝါဒသည် အကြောင်းအရာ ဟူသမျှကို ယထာဘူတကျအောင် လေ့လာ သုံးသပ်သည်။ ဗုဒ္ဓ၀ါဒသည် စိတ်ကူးယဉ်လောကတွင်မေ့လျော့ပျော်ပါးနေစေရန် မှောက်မှားသော နှစ်သိမ့်မှုကို လည်းမပေး ၊ အပြစ်များအန္တရာယ်များကို တွေးတောပြီး စိုးရိမ်သောကရောက်နေအောင် ချောက်လှန့် နှိပ်စက် မှုလည်းမပြု ။ မိမိ၏ ပကတိအစစ်အမှန်၊ ပတ်ဝန်းကျင်လောက၏ အခြေအနေအဖြစ်သနစ်အမှန်ကို အတိအကျ ယထာဘူတကျကျပြောပြပြီး လွတ်လပ်ရေးတည်ငြိမ်ရေးနှင့်ချမ်းမြေ့ပျော်ရွင်ရေးကို ရရှိနိုင်ရန် လမ်းညွှန်ပြသပေး ပေသည်။
(ဆရာတော် ဒေါက်တာ ၀ါပိုလာရာဟုလာ)
စကြာဝဠာဘာသာတရား
အနာဂတ်ဘာသာရေးသည် စကြာဝဠာတစ်ခုလုံးနှင့် ဆိုင်သည့် ဘာသာတရား ဖြစ်လာလိမ့်မည်။ ပုဂ္ဂိုလ် ရေးဆိုင်ရာများကို ဖုံးကွယ်လျက် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစပ်မှုအဖြစ် စိတ်ပိုင်းဆိုင်ရာအရာအားလုံး ၏ အတွေ့အကြုံမှ ထွက်ပေါ်လာသည့် ဘာသာရေးအသိဥာဏ်ကို အခြေခံလိမ့်မည်။
(အဲလဘတ် အိန်စတိန်း)
ဗုဒ္ဓဘာသာတွင်ဟန်ဆောင်မှုမရှိ
အသိပညာအလင်းကို လွတ်မြောက်မှု၏ အနှစ်သာရ အဖြစ်အနေ ဆောင်ရွက်ပေးခြင်းသည် ဗုဒ္ဓဘာသာ၏ ဂုဏ်ကျက်သရေဖြစ်သည်။ ဗုဒ္ဓဘာသာတွင် သီလနှင့်ပညာကို တစ်ခုစီခွဲခြားလို့ မရပေ။ မြင့်မားသောဘ၀ အခြေခံကို သီလက ပြုပြင်ပေးလျှင် အသိပညာက ဘ၀ကို ပြီးပြည့်စုံစေသည်။ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်၀၀နားမလည်ဘဲ လိုအပ်သည့် ၀ိပသနာပညာကို မပိုင်ဆိုင်ခဲ့လျှင် မည်သူ့ကိုမျှအမှန်တကယ် စာရိတ္တ ပြည့်ဝသူဟု မဆိုနိုင်ပေ။ ယင်းနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာသည် အခြားဘာသာအားလုံးနှင့် ကွဲပြားသည်။ ဘုရားတစ်ဆူတည်းသာရှိ၏ဟု ယူဆကြသော ဘာသာတရားအားလုံးပင် တစ်စုံတစ်ရာသော ဟန်ဆောင်မှုဖြင့် အစပြုကြပေသည်။ ယင်းဟန်ဆောင်မှုများကို အသိပညာ တိုးတက်မှုက ဆန့်ကျင်မိသည့်အခါ ၀မ်းနည်းမှု(သောက) ဖြစ်ရပေတော့သည်။ သို့ရာတွင် ဗုဒ္ဓဘာသာသည်ဟန်ဆောင်မှုဖြင့် အစမပျိုးပါ။ ကျောင်တောင်အလား ခိုင်မာသည့် အကြောင်းအရာပေါ်တါင် ရပ်တည်ပါသည် ။ ထို့ကြောင့်အသိပညာအလင်း သက်သက်ကို မည်သည့်အခါမျှ မရှောင်လွှဲနိုင်ပါပေ။ (ပါမောက္ခ လက်္ခရှ် နာရာဆု)
မှတ်ချက်။ ။ ကိုရွှေသောင်းဝင်း ၏ ကမ္ဘာ့ ပညာရှင်တို့မျက်လုံးထဲက ဗုဒ္ဓဘာသာ စာအုပ်မှ တစ်ချို့ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Monday, January 25, 2010
ကမ္ဘာ့ ပညာရှင်တို့မျက်လုံးထဲက ဗုဒ္ဓဘာသာ
Sunday, January 24, 2010
ဇောက်ချလုပ်ကိုင်ပါ
ဇောက်ချလုပ်ကိုင်ပါ
လုပ်ငန်းတစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းဖြင့် မိမိ ဘဝ၏တိုးတက်လမ်းကို ရှာသင့်သည် ။
မိမိသည် မည်သည့်နေရာတွင့် ကျွမ်းကျင်သည်ဟု ပြောဆိုနိင်သူသည် သူလိုကိုယ်လို သာမာန်လူများထက် အခွင့် အရေးပိုသည်မှာ အထူးပြောရန်မလိုပေ ။ ထို့ကြောင့် ဘဝ တိုးတက်စေရန် ပထမ အဆင့် တစ်ခုဖြစ်သော skillful person ဖြစ်လာစေရန် တစ်နေရာတည်းစွဲမြဲစွာလုပ်ကိုင်းရင်း လုပ်ငန်းကျွမ်းကျင်မှုကို တည်ဆောက်ယူကြရန် အကြံပြုလိုက်ပါသည် ။
ကောင်းမွန်သောအလေ့ အကျင့်များကိုမွေးမြူပါ
ကောင်းသောအလေ့ အကျင့်များကိုနေ့စဉ်ပြုသောသူသာ ကောင်းမွန်သောအနာဂတ်ဘ၀ကို ပိုင်ဆိုင်ရမည်မှာ ငြင်းရန်မလိုသောအချက်တစ်ချက်ဖြစ်သည် ။ ထို့ကြောင့်ကောင်းမွန်သောအလေ့ အကျင့်များကို နေ့ စဉ် ပုံမှန်ပြုလုပ်ပါရန်တိုက်တွန်းချင်ပါသည်။ ( အဟိ )
အချိန်၊နေရာနှင့် ခွန်အား
အောင်မြင်လိုသူတစ်ယောက်သည် အချိန် အခါကိုသိရမည် ။ မည်သည့် အချိန် မည်သည့်နေရတွင့် ခွန်အားကို မည်မျှစိုက်ထုတ်ရမည်ကို သိရန်လိုအပ်ပေသည် ။မည်သည့် အလုပ် ကို ခွန်အားမည်မျှစိုက်ထုတ်ရမည်ကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် အကောင်းဆုံးလေ့လာသင်ယူနိင်ပေသည် ။
တွန်းကန်အား
တွန်းကန်အားသည်လည်း အောင်မြင်မှု၏ အရေးပါသောသော့ချက်တစ်ခုဖြစ်လေသည် ။တွန်းကန်အားဆိုသည်မှာ ဤအလုပ်ကို မည်သည်ကြောင့်လုပ်ရသည်ဟူသောအကြောင်းပြချက်ဖြစ်သည် ။ မည်သည့်အတွက်ကြောင့်လုပ်ရသည်ဟူသော အကြောင်းပြချက်(၀ါ) တွန်းကန်အားမှန်ကန်ပါလျှင် မည်သို့ လုပ်ရမည်ဟူသော အချက်မှာ အလွန်လွယ်ကူသော အချုက်တစ်ချက်ဖြစ်လာပေသည်။
(ဥပမာ) မိန်းမတစ်ယောက်.... အတန်းပညာ များများစားစားမရှိပဲ ယောက်ျားဖြစ်သူ၏ လုပ်ခလစာအပေါ်၌သာမှီခိုစားသောက်ရသည်။ ယောက်ျားဖြစ်သူရုတ်တရက် သေဆုံးသွားသောအခါ မလုပ်တတ်မကိုင်တတ်ဖြင့် ကျန်ခဲ့သည် ။ အခြားသော ဆွေမျိုးသားချင်းများမရှိပေ ။ နောက်ဆုံး ကိုယ်တိုင်အားထုတ်မှုမရှိလျှင်
ငတ်ပေတော့မည် ။ ထိုအခါ သူသည် ဈေးရောင်းဈေးဝယ်ဖြင့် အသက်မွေးရာမှ ယခုအခါ စတိုးဆိုင်ပိုင်ရှင်ဖြစ်နေပေပြီ ။
ထိုဥပမာအရ... မည်သို့လုပ်ရမည်ထက် ဘာကြောင့် လုပ်ရသည်က ပို အရေးကြီးကြောင်း သိသာပေသည် ။ ထို့ကြောင့် ကျွန်တော်တို့သည် ဘ၀၏ တွန်းကန်အားကိုယူ၍ ဘ၀ကိုတိုးတက်အောင်ပြုလုပ်ကြရမည်ဖြစ်သည်။
နမူနာ.အားဖြင့် .......
* မိဘအတွက် ( ရှားပါတယ် ) ( အဟိ )
* ရည်းစားအတွက် ( တော်တော်များတယ်ထင်တယ် )(:P )
* ငါက ဆင်းရဲလို့ လူရာမသွင်းကြဘူး .. ငါကြိုးစားရမယ် .........အစရှိသဖြင့် ...ပေါ့.......
လေးစားမှုရှိပါ
အကယ်၍သင်သည်အောင်မြင်သူတစ်ယောက်ဖြစ်လာခဲ့လျှင် သတိထားရမည့် အချက်တစ်ခုမှာ မိမိအလုပ်အပေါ်လေးစားမှုလျော့ကျလာခြင်းကို ဆင်ခြင်ရန်ဖြစ်သည်။ လူတို့ ၏သဘောမှာ မလုပ်တတ်သေးခင်သာ အားသွန်ခွန်စိုက်ရှိပြီး လုပ်ငန်း၌ကျွမ်းကျင်လာသောအခါ ပေါ့လျော့လာတတ်၍ မလိုလားအပ်သောဆုံးရှုံးမှုများဖြစ်ပေါ်ကာ
ဆက်လက်တိုးတက်ရန်အတွက် အနှောက်အယှက်ဖြစ်လာမည်ဖြစ်သည် ။ထို့ကြောင့် ပြောချင်ပါသည် မည်သည့်လုပ်ငန်းကိုမဆို ကျွမ်းကျင်သည်ဟူ၍ မပေါ့ဆပါနှင့် ။ လက်ဆောင်စကားတစ်ခွန်းပါချင်၏
" သတိိ နှင့် ပိုက်ဆံ သည် ပိုသည်ဟူ၍မရှိ "
ဝဋ္ဋ်ဆိုတာလည်တတ်တယ်
သူတစ်ပါးအပေါ်မကောင်းမကြံပါနှင့် ၀ဋ္ဋ်ဆိုတာလည်တတ်တယ်တဲ့ ...
အဲဒီစကားက မှန်ချင်လည်းမှန်မယ် ....မမှန်ချင်လည်းမမှန်ဘူး .. ဒါပေမယ့် သေချာတာတစ်ခုက
ကိုယ်ကိုယ်တိုင်က မကောင်းတာလုပ်ထားခဲ့ ရင် သူတပါးအပေါ် အကောင်းမြင်ချင်တဲ့ စိတ်နဲ့ ယုံကြည်စိတ် တွေအပြင် ငါ့ အပေါ်သူတို့ရိုးသားပါ့ မလားဆိုတဲ့ သံသယကြီးနဲ့ ငါ့အလှည့်က ဘယ်တော့ပြန်ရောက်မလဲဆိုတဲ့စိတ်တွေကြောင့် အလုပ်ကိုထဲမှာပျော်နိုင်တော့မှာမဟုတ်တာသေချာပါတယ် ။ အဲဒီတော့ သူငယ်ချင်းတို့လည်း သူများကို မကောင်းကြံတာမျိုးကို ရှောင်ကျဉ်နိင်ကြပြီး အမြဲ ပျော်ရွှင်နိင်ပါစေ ။+(
ဟန်မဆောင်ပါနှင့်
ဟန်ဆောင်ရသည်မှာ စစချင်းအလွန်လွယ်ကူသော်လည်း ။ ပေါ်ပေါက်သွားပါက အလွန်ရှက်စရာကောင်းလှသည်။ ဟန်ဆောင်မှုများသည် တစ်ချိန်မဟုတ်တစ်ချိန် ပြန်လည်ပေါ်ပေါက်သွားမည်သာဖြစ်သည်။
ဟန်ဆောင်မှုပေါ်ပေါက်သွားလျှင် လူလိမ် လူညာအဖြစ် တိုးတိုးတစ်မျိုးကွယ်ရာတစ်မျိုး အပြောခံရမည်ဖြစ်ကာ
မိမိကိုယ်တိုင်လည်း မသွားရဲမလာရဲဖြင့် တိုးတက်လမ်းများပိတ်ဆို့ သွားမည်ဖြစ်သည် ။
(သူငယ်ချင်းများ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပြီး အောင်မြင်ပျော်ရွှုင်သောဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ )
--
“လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့........”
“လုပ်ချင်တာ မလုပ်ရသေးခင်
လုပ်နေတာကို လုပ်ချင်နေပါစေ.......”
ဘာနေ......။

Thursday, January 21, 2010
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်…
တို့သာသနာ တို့ဘာသာ
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ …
ယနေ့ အချိန်မှာ ထေရ၀ါဒ သာသနာကို စော်ကားတိုက်ခိုက်တဲ့ ၀က်ဆိုဒ်တစ်ခု
ပေါ်ထွက်လာတာနဲ့ ပတ်သတ်ပြီး ဗုဒ္ဓဘာသာဝင် အားလုံး စိတ်နှလုံး
မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့ အဖြစ်တွေကို သိမြင်မိပါတယ်။ တဦးနဲ့ တဦး
ဘာသာ အယူဝါဒချင်း မတူညီတဲ့ အတွက် ဘာသာတရား အရ ငြင်းခုန်နေမယ်ဆိုရင်
ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူတပါး
ပြောဆို စော်ကားနေတာတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်မာနတွေ
မဖြစ်ကြဖို့ ရှေးဦးစွာ သတိပေးပါစေ…။
အခုလို ဆဲရေးတိုင်းထွာ စော်ကားတာတွေဟာ အခုမှ ပေါ်ပေါက်လာတာလည်း
မဟုတ်ပါဘူး။ ဘုရားရှင် လက်ထက်ကတည်းက စိဉ္စမာနဆိုတဲ့ မိန်းမယုတ်က
ကိုယ်ဝန်ရှိဟန်ဆောင်ပြီး စွပ်စွဲတယ်။ ဒေ၀ဒတ်က ဆင်ကို အရက်မူးအောင်
တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်တယ်။ ကျောက်မောင်းဆင်ပြီး
အသက်သေအောင် ကြံစည်လုပ် ဆောင်တယ်။ လေးသမားတွေလွှတ်ပြီး လေးမြှားနဲ့
ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်ချက် တွေ ဆိုတာ
တွေးကြည့်ယုံနဲ့ မြင်သာပါတယ်။ ဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေတဲ့
ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို သတ်ဖို့ ကြံစည်တဲ့ သူတွေ
ပေါ်ပေါက်ခဲ့သေးတယ်ဆိုရင် ဘုရားမရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို
အခြား ဘာသာဝင်တွေက စော်ကား ပြက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့ သာသနာ
ပျက်မသွားဘူးဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့
အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။ ငရဲရှိလား မရှိဘူးလား ဆိုတာ
မယုံကြည်သူကို ဖြေရှင်းနေလို့ အပိုဖြစ်နေမှာပါပဲ။ သူတို့ကိုယ်တိုင်
ရောက်တဲ့ နေ့ကျရင်တော့ အဖြေသိမှာပေါ့။
ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား
ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီး တပည့်သာဝကတွေ နှလုံးသွင်း နာယူလိုက်နာဖို့
အတွက် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း
မိန့်မှာတော်မူခဲ့ပါတယ်။
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊
သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည်
ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်၊
သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊
နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊
သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊
ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌
ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့
ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။
ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း
ခံယူလိုက်နာကြပါ။
ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို
ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း
မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။ အဘယ့်ကြောင့်
သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော
ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို
အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။
မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း
ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို ဥပေက္ခာပြု
ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။
လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။
ခြင်္သေ့ကို ပစ်ရင် ခြင်္သေ့က ပစ်တဲ့သူကို ကိုက်တယ်။ ဒီတော့ ခွေးလို
အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆိုတာက စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက
ခြင်္သေ့လို ကျင့်ဖို့ပါ။ အဓိက အကျိုးတရားတခုရဲ့ အကြောင်းရင်းကို
သတ်ဖို့ပါပဲ။
ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုင်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊
သမာဓိ၊ ပညာသိက္ခာတွေ အပျက်ဆီး မခံပဲ ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း
ဆောင်ရွက်ဖို့ အဓိကပဲ ဖြစ်ပါတယ်။ ခလုတ်တိုက်တဲ့ ကျောက်တုံးကို
ခြေနင်းတုံး အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့
လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ ကောင်းမွန် လာအောင်
အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။
ဘေး ပယောဂ အတွက်ကြောင့် တို့သာသနာ တို့ဘာသာ ပျက်ဆီးမသွားဘူး။
ဖျက်ဆီးလို့လည်း မရဘူး။ သာသနာရဲ့ အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့
ပုဂ္ဂိုလ်တွေ ရှိနေသမျှ ကာလပတ်လုံး၊ သာသနာ အကျိုးကို စွမ်းဆောင်နေ ကြတဲ့
သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ
နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။
အခုလို အဖျက်တွေ များလာတာနဲ့ အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြု
သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိက ထားပြီး လုပ်ဆောင်ကြဖို့ပါ။
သာသနာတော် စည်ပင်ထွန်းကားရေး အတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့
သာသနာ အကျိုးကို တတ်နိုင်တဲ့ ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့
သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့… အချင်းချင်း မေတ္တာရှေ့ရှု၍
သတိပေးပါရစေ…။
သာသနာအကျိုး မိမိအကျိုး အတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး
အားထုတ်နိုင်ကြသဖြင့် သူတော် ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ
ခံစား၊ စံစားနိုင်ကြပါစေ…

လူတိုင်းအတွက်ထိုးတဲ့ခေါင်းလောင်း ဒေါက်တာမြင့်မြင့်ခင်..........
လူတိုင်းအတွက်ထိုးတဲ့ ခေါင်းလောင်း
လူသားတွေရဲ့ သမိုင်းမှာ တွေ့ကြုံခဲ့ရတဲ့ကပ်ဆိုးများထဲကပ်ဆိုးများထဲမှာ ရောကန္တရ ကပ်ဟာ အဆိုးဝါးဆုံးထဲမှာ ပါပါတယ်။ ၁၄ရာစုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါ ကပ်ကြီး၊ ၁၅ရာစုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကာလသားရောဂါကပ်ကြီးတို့ဟာ အနောက်ဘက် ကမ္ဘာကို တုန်လှုပ် ချောက်ချား သွားစေခဲ့ပါတယ်။ ကျောက်ရောဂါနဲ့ ကာလ၀မ်းရောဂါ တို့ဟာလည်း ကပ်ဆိုက်သလိုပဲ။ကူး စက်ပြန့်ပွားခဲ့တယ်။ ၀မ်းရောဂါဟာ အာရှတိုက်ဘက်မှာ အဖြစ်များ ခဲ့တယ်။ တီဘီအဆုတ် ရောဂါနဲ့ အရေပြားရောဂါ (နူနာ) တို့ဟာလည်း လူကို တစိမ့်စိမ့်ဘ၀ တုံးစေခဲ့တဲ့အတွက် ကြောက်စရာ ကပ်ရောဂါတွေပါပဲ။
၂၀ ရာစု ကမ္ဘာလူသားတွေဟာ အဆိုးဝါးဆုံးကြောက်စရာ အကောင်းဆုံး ကပ်ရောဂါ တစ်ခုနဲ့ရင်ဆိုင်နေကြရပါပြီ။ ဒီနောက်ဆုံးပေါ်ရောဂါကတော့ AIDS အေအိုင်ဒီအက်စ်၊ အေ့စ်လို့ခေါ်တဲ့ ရောဂါပါပဲ။ ဆက်သွယ်သွားလာမှု လျင်မြန်လှတဲ့ ခေတ်ကာလမှာ ဒီရောဂါဟာ ကမ္ဘာတစ်ခုလုံးကိုပျံ့နှံ့နေပါပြီ၊ မြန်မာပြည်ကိုလည်း ရောက်နေပါပြီ၊ ဒီရောဂါကို အချိန်မီ မကာကွယ်ကြရင် နောက်ဖြစ်လာမယ့်အန္တရာယ်တွေကတော့ မစဉ်းစားဝံ့အောင် ကြောက်စရာကောင်းလှပါတယ်။ ဒါကြောင့် AIDS ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာ တွေ တကယ့်ဖြစ်ရပ်မှန်တွေကို ထိမ်ချန်မထားဘဲ အရှိကို အရှိအတိုင်းသိကြဖို့ လိုအပ်ပါ တယ်။ ကမ္ဘာမှာ ကျရောက်ခဲ့တဲ့ ပုလိပ်ရောဂါ၊ အနာကြီးရောဂါတို့အတွက် ပျောက်ကင်း အောင် ကုသနိုင်တဲ့ဆေးဝါး၊ ကာကွယ်နိုင်တဲ့နည်းလမ်းတွေရှိနေပါပြီ။ ဒါပေမယ့် AIDS ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမပေါ်ပေါက်သေးပါဘူး၊ ဒီရောဂါ စတင်ဖြစ်ပွားချိန်မှာ AIDS ရယ်လို့ အမည်မဖော်နိုင်ဘဲ နှစ်ပေါင်းများစွာ ဆေးပညာရှင် များဟာ အဖြေရှာမရ ဖြစ်ခဲ့ကြရတယ်။
ဒီလောက်ဆိုးဝါးတဲ့ ရောဂါကိုခုခံကာကွယ်ဖို့အတွက် ဒီရောဂါဟာဘာလဲ? ဘယ်လို စတင်ဖြစ်တတ်သလဲ? ဘယ်လိုလူတွေ ဖြစ်တတ်သလဲ? ဘာကြောင့်ဖြစ်တတ်သလဲ? ဆိုတာတွေ သိထားသင့်ပါတယ်။
AIDS ဆိုတာ Acquired Immune Deficiency Syndrome ကို အတိုကောက် ခေါ်ခြင်းဖြစ်ပါတယ်။ မြန်မာလိုကတော့ တစ်ဆင့်ခံ ရရှိသော လူကိုယ်တွင်းရောဂါတိုက်ဖျက်မှု ချို့တဲ့ခြင်း ချို့ယွင်းခြင်း လက္ခဏာ ဖြစ်ပါတယ်။ ဒီရောဂါအမည်ကို ၁၉၈၂ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုက စတင်သုံးနှုန်းခဲ့ပါတယ်။ ဆေးပညာ လောကမှာ အဲဒီအချိန်က AIDS ကို ရောဂါတစ်ခုရယ်လို့ သတ်သတ်မှတ်မှတ် မဖော်နိုင်သေး တဲ့အတွက် S=Syndrome လက္ခဏာစုရယ်လို့ ခေါ်ခဲ့ပါတယ်။ အခုအချိန်မှာ AIDS အကြောင်းစုံစုံလင်လင် သိရှိတဲ့အတွက် Disease ရောဂါရယ်လို့ ခေါ်နိုင်ပြီဖြစ်ပေမယ့် AIDS ဆိုတဲ့ ဝေါဟာရကို တွင်တွင်ကျယ်ကျယ် သုံးနေပြီဖြစ်တာကြောင့် ဆက်လက်သုံးစွဲနေကြခြင်း ဖြစ်ပါတယ်။ AIDS ရောဂါ Virus ပိုးကတစ်ဆင့် ၀င်ရောင့်တာဆိုတာကို ၁၉၈၂ မှာ သိရှိခဲ့ကြပြီး အမေရိကန်နိုင်ငံ National Institute of Cancer (NIC), Center for Disease Control (CDC), နှင့် ပြင်သစ်နိုင်ငံ Pasteur Institute တို့က ဆေးသိပ္ပံပညာရှင်များဟာအပြိုင်အဆိုင် ဒီ Virus ပိုးကို ဖော်ထုတ်နိုင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ AIDS ရောဂါ ဖြစ်စေတဲ့ Virus ဟာ HIV Human Immune Deficiency Virus လို International Committee on Taxonomy of Viruses ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ဗိုင်းရပ်စ်အမျိုးအစား ခွဲဝေအမည် ဖော်ထုတ်ပေးတဲ့ ကော်မတီက တရားဝင် သတ်မှတ်ပေးလိုက်ပါတယ်။ ဒီ Virus ပိုးဝင်,မ၀င် သွေးစစ်နိုင်တဲ့ နည်းလမ်းကိုလည်း တွေ့ရှိပြီး ဖြစ်ပါတယ်။
AIDS ရောဂါ စတင်ဖြစ်ပွားချိန်က အမည်မဖော်နိုင်ခဲ အရေပြားကင်ဆာ (Kaposi Sarcoma) လို့အမည်တပ်ခဲ့ကြတယ်။ ကိုယ်ခံအားကျဆင်းပြီး ပိန်ချုံးအားနည်းလာတယ်။ အရေပြားပေါ်မှာ အဖုအပိန့်တွေ၊ အာခေါင်တွင်းမှာ အနာတွေ ပေါက်ပြီး ဆေးကုမရဘဲ သေခဲ့ကြတဲ့လူတွေကတော့ အာဖရိကတိုက်မှာ စတင်တွေ့ရှိခဲ့ရပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံ New York နယူးယောက်နှင့် San Francisco ဆန်ဖရန်စစ်ကို တို့မှာ တွေ့ရပါတယ်။ AIDS ရောဂါလို့အမည်မတပ်နိုင်ခင် အချိန်ကာလအတွင်း အစောဆုံး ဒီရောဂါလက္ခဏာတွေနဲ့သေဆုံးသွားသူတွေရှိနေပါပြီ။ ဒီရောဂါလက္ခဏာပေါ်ပေါက်ပြီး ပထမ ဆုံးအသေအပျောက်များတဲ့အုပ်စုကတော့ အမေရိကန်နိုင်ငံက Gay (လိင်တူချင်းဆက်ဆံသူ) တွေဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ လွတ်လပ်ပွင့်လင်းလွန်းတဲ့ အမှားလုပ်တယ်ရယ်လို့ ရှက်ခြင်း ကြောက်ခြင်း မရှိကြဘူး။ ဒါပေမယ့် AIDS ရောဂါဟာ Gay အုပ်စုတွင်းမှာ အများဆုံး ဖြစ်နေပြီဆိုတာ သိရတဲ့အခါ Gay တွေကို ကျန်တဲ့လူအများစုက ကြဉ်ကြတယ်။ Gay တွေကို ၀ိုင်းပြီး ရိုက်ကြ၊ နှက်ကြတဲ့အထိ ပေါက်ကွဲခဲ့တယ်။ AIDS ရောဂါဟာ သဘာဝနဲ့ ပုံမှန်မူမှန် အခြေအနေကို ဆန့်ကျင်သူတွေကို ခတ်တဲ့ဒဏ်လို့ယူဆကြတယ်။ အထူးသဖြင့် ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး Rock Hudson ၁၉၈၅ ခုနှစ်မှာ AIDS နဲ့သေဆုံးသွားချိန်မှာတော့ ဒီရောဂါဟာ ဂေးတွေနဲ့ ဂေးအများဆုံးတွေ့ရတဲ့ အနုပညာရှင်လောကမှာ ပျံ့နှံ့နေပြီးလို့ ယူဆကြတယ်။
AIDS ရောဂါဖြစ်ပွားသူတွေဟာ လိင်တူဆက်ဆံမှုကြောင့်သာမက AIDS ဖြစ်နေတဲ့သူ တွေရဲ့ သွေးကို သုံးမိတဲ့ခွဲစိတ်ကုသခံရသူ လူနာတွေမှာလည်းတွေ့ခဲ့ရတယ်။ မူးယစ်ဆေးစွဲ သူတွေဟာ မသန့်ရှင်းတဲ့အပ်တွေ အသုံးပြုပြီး ဆေးထိုးကြတဲ့အတွက် သူတို့တွေမှာလည်း အများဆုံးပျံ့နှံ့နေကြတယ်။ လိင်တူဆက်ဆံမှုပြုကြတဲ့ အမျိုးသမီးအတွဲ Lesbian တွေထဲက ကလေးလိုချင်လို့ artificial ingemination နည်းလမ်းနဲ့ ကလေးယူခဲ့ရာမှာ သူတို့က ဖိုမျိုးတောင်းခဲ့တဲ့သူဟာAIDS ရောဂါရှင်ဖြစ်တဲ့အတွက် ကလေးမရဘဲ AIDS ကူးစက်မှုသာ အဖတ်တင်ခဲ့တယ်။
ပြည့်တန်ဆာတွေဟာ AIDS ရောဂါသယ်ဆောင်ရသူတွေဖြစ်လာကြပြီး သူတို့ဆီက တစ်ဆင့်ရောဂါရခဲ့တဲ့ အိမ်ထောင်ရှိအမျိုးသားတွေက သူတို့ရဲ့ အမျိုးသမီး အိမ်ထောင်ရှင်မ တွေကို ရောဂါပြန့်စေတယ်။ စတင်ရရှိတဲ့သူဟာ (၅)နှစ်ကနေ (၁၀)နှစ်အတွင် ရောဂါ လက္ခဏာမပေါ်ဘဲ အပြင်ပန်းအားဖြင့် လူကောင်းတွေလိုပဲ နေနိုင်ကြတယ်။အဲဒါကြောင့် AIDS ရရှိထားတဲ့သူတချို့ဟာ သူတို့ကိုယ်တိုင်က ရောဂါရနေမှန်း မသိဘဲ သူတို့ဇနီး (သို့မဟုတ်) ပြည့်တန်ဆာများနဲ့ ဆက်ဆံတဲ့အတွက် ရောဂါပြန့်ပွားမှုကို တွေ့ရတယ်။ တချို့လည်း ကိုယ့်မှာရောဂါ ဖြစ်နေတာသိသော်လည်း မဆင်မခြင်ဘဲ မထူးတဲ့ဘ၀မှာ နေချင်သလိုနေမယ် ဆိုပြီး လူကောင်းတွေနဲ့ လိင်ဆက်ဆံခဲ့ကြတယ်။ AIDS ရောဂါကို ဘယ်လိုမှ မကာကွယ်နိုင်မကုသနိုင်တာကြောင့် ဆရာဝန်တွေက ဒီလိုရောဂါသည်တွေကို ကုသဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဒါကြောင့် AIDS ပိုးတွေ့၍ဖြစ်စေ AIDS ရောဂါရှင်ဖြစ်စေ ကုသဖို့ ငြင်းဆန်သူတွေဟာ ဆရာဝန်တွေစောင့်ထိန်းရမယ့် ကတိသစ္စာကို ပယ်ဖျက်သူတွေပဲလို့ BMA ဗြိတိသျှ ဆေးပညာရှင်အသင်း၊ AMA အမေရိကန်ဆရာဝန်များအသင်း၊ British Royal College of Nursing ဗြိတိသျှသူနာပြုများအသင်းက ကြေညာခဲတယ်။ AIDS ရောဂါသည်တွေကို ကုသပေးဖို့ ဆေးပညာရှင်တွေမှာ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။
၁၉၈၁ မှာ CDC Center for Disease Control က အမေရိကန်မှာ AIDS လူနာ (၆၀) ရှိတယ်လို့ ကြေငြာခဲ့ပြီး (၆) လ ကြာတော့ (၄၉၃) ယောက်ရှိသွားပြီလို့ ကြေငြာခဲ့တဲ့အတွက် (၆) လ အတွင်း (၃) ဆ ပွားသွားခဲ့တယ်။ ၁၉၈၃ Geneva ဂျီနီဗာ W.H.O ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညီလာခံမှာ (ချက်ကိုစလိုဗီးကီးယားနိုင်ငံကလွဲပြီး) ဆှိုဗီယက်နှင့် အရှေ့အုပ်စုနိုင်ငံတွေက သူတို့မှာ ဒီရောဂါမရှိပါဘူးလို့ ကြေညာခဲ့ကြတယ်။ ၁၉၈၂ မှာ တောင်အာဖရိက၊ အမေရိက၊ ဥရောပနဲ့ အစ္စရေးတို့ အပါအ၀င် ကမ္ဘာမှာ ရောဂါရှင် (၁၆၆၈) ဦး၊ ၁၉၈၃ မှာ (၃) ဆ တိုးပြီး (၅၀၉၆) ဦး ဖြစ်လာခဲ့တယ်။ အာဖရိကနိုင်ငံများနှင့် ထိုင်းနိုင်ငံမှာ ရောဂါဖြစ်သူများ ရှိနေပြီးလို့ သတင်းပို့ခဲ့ကြတယ်။ ၁၉၈၆ မှာ (၁၀၂) နိုင်ငံ၊ ၁၉၈၇ မှာ (၁၂၉) နိုင်ငံမှာ ရောဂါရှင်တွေရှိနေပါပြီ။ ၁၉၈၈-၉၀ မှာတော့ (၁၄၉) နိုင်ငံမှာ ရောဂါရှင် (၁၅၇၁၉၁) ရှိနေပါပြီး ၁၉၈၉-၉၀ မှာ AIDS ဟာ ကမ္ဘာကို ပြန့်သွားပြီး တစ်မိနစ်ကို လူနာတစ်ယောက်နှုန်းနဲ့ တိုးလာပါပြီး။ AIDS ဟာ အာရှတိုက်မှာ ခြေကုတ်ရပြီး တစ်မဟုတ်ချင်း တိုးလာတာ ပြန့်ပွားလာတာကို တွေ့နေရပါပြီး။ သက္ကရာဇ် ၂၀၀၀ မှာ မြန်မာနိုင်ငံမှာ AIDS ရောဂါ ဖြစ်ပွားသူတွေရဲ့ အရေအတွက်ဟာ အချိုးအစား အမေရိကန်နိုင်ငံနဲ့ ဆတူဖြစ်ပွားနိုင်ပါတယ်။ AIDS ရောဂါကို သွေးနဲ့ သွေးပစ္စည်းသွင်းခြင်းအားဖြင့်လည်း ရနိုင်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူရတဲ့ လူနာတချို့ဟာ AIDS ပိုးပါတဲ့ သွေးသွင်းမိတာကြောင့် AIDS ဖြစ်ရတယ်။ သွေးမတိတ်ရောဂါရှင်တွေ (ဟီဖိုဖီးလီးယား) ဟာ မကြာခဏ သွေးသွင်းကြရတယ်။ AIDS ရောဂါကို ၁၉၈၁ မှာ သိပြီး ၁၉၈၃ မှာတော့ မသန့်တဲ့သွေးနဲ့ သွေးပစ္စည်း တွေသွင်းမိလို့ ရနိုင်တယ်ဆိုတာ အထင်အရှား သိလာကြတယ်။ အနောက်နိုင်ငံမှာ ဟီမိုဖီးလီးယား ရောဂါသည်တွေဟာ မသန့်တဲ့သွေးနဲ့ သွေးပစ္စည်းတွေ သွင်းမိလို့ ၅၀% လောက်ဟာ AIDS ဖြစ်ကြရတယ်။ ဒါ့ပြင် ဆေးကုမ္ပဏီတစ်ခုဟာ HIV ပိုး ရှိ - မရှိ မစစ်ဆေးဘဲ သွေးနဲ့ သွေးပစ္စည်းတွေ ထုတ်ခဲ့တာကြောင့် AIDS ရောဂါတွေ ပျံ့နှံ့ ကူးစက်သွားတာလည်း တွေ့ရှိရပါတယ်။ AIDS ရောဂါပြန်ပွားနိုင်တဲ့ အကြောင်းတွေမှာ -
၁။ ရောဂါရှိသူနှင့် လိင်စပ်ယှက်ခြင်း (လိင်တူ/ကွဲ)၊
၂။ မသန့်ရှင်းသော ရောဂါပိုးပါသည့် သွေးနှင့် သွေးပစ္စည်း သုံးမိခြင်း၊
၃။ အမိဝမ်းတွင်းမှ ရခြင်း၊ အမေမှ ကလေးသို့ ကူးစက်ခြင်းတို့ ဖြစ်ပါတယ်။
ဒါကြောင့် ဂေးအုပ်စု၊ မူးယစ်ဆေးစွဲသူအုပ်စု၊ ပြည့်တန်ဆာအုပ်စုတို့သာ အန္တရာယ်ရှိရုံမက မိမိရဲ့ အပြစ်လုံးဝမပါဘဲ ခင်ပွန်းထံက ရောဂါရလိုက်သူများ၊ မိခင်ထံမှ ရောဂါရလိုက်သူများ၊ မိခင်ထံမှ ရောဂါရသူကလေးများ၊ ရောဂါရှိသူမှန်းမသိဘဲ ပေါင်းသင်းဆက်ဆံ၍ ရောဂါရသူများကို တွေ့ရပါတယ်။ AIDS Virus ရောဂါပိုးဟာ နေ့စဉ်နေ့တိုင်း လုပ်နေကျ သာမန် လူမှုကိစ္စတွေကြောင့် မကူးနိုင်ပါ။ ဥပမာ - တစ်အိမ်တည်း အတူနေခြင်း၊ အတူစားခြင်း၊ အိပ်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ အိမ်သာ၊ တယ်လီဖုန်း၊ ရေကူးကန်တွေမှာ အတူသုံးစွဲသော်လည်း မကူးစက်နိုင်ပါ။
၁၉၈၄ မှာ ထိုင်း၊ ၁၉၈၅ မှာ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ ၁၉၈၆ မှာ အိန္ဒိယ၊ စင်ကာပူ၊ သီရိလင်္ကာ၊ ၁၉၈၅-၁၉၈၉ မှာ မြန်မာနိုင်ငံတွေမှာ AIDS ရောဂါရှင်တွေ ရှိနေပြီလို့ သိရတယ်။ မြိတ်အကျဉ်းထောင်မှာ အမျိုးသမီး (၁၁)ယောက်ကို စစ်ဆေးတော့ (၉) ယောက်မှာ ရောဂါရှိနေတာ တွေ့ရပါတယ်။ ကော့သောင်းမှာ မူးယစ်ဆေးစွဲသူ (၉၆) ယောက်ကို စစ်ကြည့်တော့ (၁၃)ယောက်မှာ ရောဂါပိုးတွေ့ရတယ်။ ၁၉၈၅-၈၉ အတွင် မူးယစ်ဆေးစွဲသူတွေကို သွေးစစ်တဲ့အခါ (၆၄.၅)မှာ ပိုးတွေ့ရပြီး ဒီလူတွေရဲ့ ၉၀%ဟာ အိမ်ထောင်ရှင်တွေဖြစ်တယ်။ သူတို့ကတစ်ဆင့် အိမ်ထောင်ဘက်တွေကို ရောဂါပွားမှာ အမှန်။ အာရှနိုင်ငံတွေမှာ ထိုင်းနှင့် အိန္ဒိယပြီးရင်မြန်မာနိုင်ငံက တတိယလိုက်နေတယ်။ AIDS ဟာ ပြည်ပကသယ်လာတဲ့ ရောဂါမဟုတ်လဲ ပြည်တွင်းပေါက်ပွားနေတဲ့“ပြည်တွင်းဖြစ်” ရောဂါဖြစ်နေပါပြီ။ ပြည်တွင်းရှိ မူးယစ်ဆေးစွဲသူများ၊ပြည့်တန်ဆာများ၊ သွေးလှူရှင်များက ပွားပေးနေပါပြီ။ သွေးလှူရှင်က တစ်ဆင့်AIDS ပြန့်ပွားခြင်းကိုတော့ သွေးလှူရှင်အားလုံး သွေးစစ်ပြီးတွေ့ရင် ပယ်လိုက်နိုင်တာမို့ အဲဒီအုပ်စုက ပြန့်ပွားမှုနည်းပါတယ်။ ပြည့်တန်ဆာ များကို သွေးစစ်ဖို့ကတော့ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာတွေဟာ တရားမ၀င်ဆိုတော့ စာရင်း အတိအကျကောက်လို့ မရပါ။ ပြည်ပကို ထွက်ပြီးငွေရှာကြတဲ့ ပြည့်တန်ဆာတွေကလည်း ပြည်တွင်းကိုရောဂါသွင်းလာကြတယ်။ မသန့်တဲ့ဆေးထိုးအပ်သုံးခြင်း၊ သွေးသွင်းရာက တစ်ဆင့် ရောဂါရလာခြင်းကို ကာကွယ်ဖို့ကတော့ သုံးစွဲတဲ့အပ်စတဲ့ ကိရိယာတွေကို သိပ္ပံနည်းကျကျ ပိုးစင်အောင် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဟာ လူပင်ပန်းပြီး ငွေအကုန်အကျများတဲ့အတွက် ဆေးခန်း၊ ဆေးရုံတွေမှာတောင် သေသေချာချာမလုပ် ကြဘူး။ မြန်မာနိုင်ငံကလူအများစု လူနာတွေဟာ ဆရာဝန်ကိုပြရင် ဆေးထိုးပေးဖို့လိုလာ တယ်။ အန္တရာယ်ကို မသိကြဘူး။ မြန်မာအပါအ၀င် အာရှအာဖရိကနိုင်ငံတွေမှာ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်း မပြောလိုကြဘူး။ ယဉ်ကျေးမှုအစဉ်အလာအရာ ညစ်ညမ်းတယ်၊ ယုတ်နိမ့်တယ်လို့ ယူဆကြတယ်။ ဒီအယူအဆကြောင့် လူထုနားလည်သိရှိနိုင်အောင် စာအုပ်စာပေ၊ ရေဒီယို၊ ဗွီဒီယို၊ တယ်လီဗေးရှင်းတို့က လိင်ဆက်ဆံရာမှာ Condom ယောက်ျားတွေသုံးတဲ့ အကာအကွယ်၊ ကြက်ပေါင်ရာဘာအစွပ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးဖို့ကိုပွင့်ပွင့်လင်းလင်း ဟောပြောခြင်းနည်းပါတယ်။ ယဉ်ကျေးမှုစရိုက်အရ ထိန်းထိန်း သိမ်းသိမ်းပဲ ဟောပြောကြရေးကြပါတယ်။ ကာယကံရှင်များဖြစ်တဲ့ AIDS ရောဂါပိုးရှိသူ၊ မူးယစ်ဆေးစွဲသူတို့ကို ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများသာမက သာမန်လူတွေလည်း ပညာပေးဆွဲဆောင်မှုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီတော့ အစိုးရအဖွဲ့အစည်းတွေကိုသာအားကိုး မနေဘဲ ပြင်ပအဖွဲ့အစည်းများ စေတနာ့ဝန်ထမ်း အသင်းအပင်းများရဲ့ ကူညီမှု လိုအပ်ပါတယ်။ စုစည်းဆွဲဆောင်လို့ရသမျှအင်အားကို သုံးရမယ့်အခြေအနေပါ။ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးတဲ့အခါပြင်ပနိုင်ငံတွေနဲ့ပိုပြီး ဆက်ဆံလာရတာ အကောင်းတွေရှိသလို အဆိုးတွေ လည်းရှိလာပါတယ်။ ဖွံ့ဖြိုးလာတဲ့ကချင်ပြည်နယ်နဲ့ အခြားစီးပွားရေး မြို့များ (မန္တလေး၊ မိုးကောင်း၊ မိုင်းရှုး) တို့မှာ အခြေအနေဆိုးပါတယ်။ ပြည့်တန်ဆာဦးရေတွေက တိုးလာပြီး တစ်ဘက်နိုင်ငံများမှာတောင် ပြည့်တန်ဆာအလုပ်သွားရောက်လုပ်လို့ဖမ်းမိတယ် ဆိုတဲ့ အကြောင်း၊ မြန်မာပြည့်တန်ဆာ ဘယ်နှစ်ယောက်မှာ HIV ပိုးတွေ့တယ်ဆိုတာ သူတို့ သတင်းစာတွေမှာ ခေါင်းစဉ်စာလုံးမဲကြီးတွေနဲ့ ပါနေပါပြီ။ မြန်မာဟာ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံကို (ပြည့်တန်ဆာတိုးပွားမှု) မှာ အမှီလိုက်နေပြီး။ ကာကွယ်ရေး ပညာပေးကိစ္စမှာတော့ ထိုင်းနဲ့ မယှဉ်သာအောင် အားနည်းနေပါတယ်။ ဒါကြောင့် ကာကွယ်ရေး၊ ပညာပေးကိစ္စကို အရှိန်အဟုန်မြှင့်တင်ရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေးအခြေအနေ ဘယ်လိုပဲ ကောင်းကောင်း ဒီတိုးတက်မှုတွေကို AIDS က အဟောသိကံ ဖြစ်အောင် လုပ်သွားမှာပါ။
ကမ္ဘာရှိ AIDS စီမံချက်တွေအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ AIDS ရောဂါအကြောင်း သိကောင်းစရာတွေကို သိစေပြီး ပညာပေးခြင်း၊ AIDS မရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာနဲ့ တခြားသူများကို မကူးစက်စေရန် ဆောင်ရွက်ဖို့ ပညာပွားပေးဖို့ ဖြစ်ပါတယ်။ မြန်မာမှာ ၁၉၈၉ ခု၊ ဖေဖော်ဝါရီလကစပြီး AIDS အတွက် စီမံချက်အကောင်အထည်ဖော်သည့် အပြည်ပြည်ရှိ AIDS စီမံချက်တွေဟာလည်း ကမ္ဘာ့ကျန်းမာရးအဖွဲ့ Global Programmer on AIDS နဲ့ ဆက်သွယ်ပြီး ကမ္ဘာလုံးဆိုင်ရာ AIDS ရောဂါစီမံချက်အရ စီစဉ်လုပ်ဆောင်ပါတယ်။ ဒီလိုလုပ်ရတာကလည်း AIDS ရောဂါပျောက်ဖို့က တိုင်းပြည်တစ်ပြည်တည်းမှာ ပျောက်သွားလို့ဖြစ်တာ မဟုတ်တဲ့အတွက် ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ၁၉၈၉ ဖေဖော်ဝါရီကစပြီး AIDS စီမံချက် ချခဲ့တယ်။ ၁၉၉၀ မှာ တာလတ်စီမံချက်ဆွဲခဲ့တယ်။ ဇောက်ချလုပ်ဆောင်စေတယ်။ အထူးသဖြင့် ပညာပေးခြင်းဖြစ်ပတယ်။ ကာလသားရောဂါ ဌာန၊ မူးယစ်ဆေးစွဲသူတွေကို ကုသရာဌာနတို့ကို AIDS ရောဂါနှင့် ပတ်သက်ပြီး ဒီလူနာတွေကို စည်းရုံးဟောပြောကြတယ်။ ရန်ကုန်မြို့ကြီး နှစ်မြို့မှာ ရောဂါအကြောင်း ပညာပေးခြင်း၊ Condom ကြက်ပေါင်အစွပ် သုံးဖို့ရာ ပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့တယ်။ ရောဂါထိန်းထားရေးအတွက် လိုအပ်တဲ့ ကွင်းဆင်းလေ့လာ စစ်ဆေးမှုတွေကို စနစ်တကျ လုပ်ဖို့ စီစဉ်ထားတယ်။ ဆေးထိုးအပ်နဲ့ ခွဲစိတ်ကိရိယာတွေကို ပိုးစင်အောင် ထားရှိရန်၊ မလိုအပ်ဘဲနှင့် ဆေးမထိုးကြရန် လှုံ့ဆော်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက်လုပ်နေတာတောင် ကောကွယ်ရေးအတွက် လုံလောက်မှု မရှိပါဘူး။
AIDS ကို တားဆီထိန်းချုပ်ရာမှာ မြန်မာအတွက် တကယ်အရေးပါအရာရောက်တဲ့ ကဏ္ဍကြီးနှစ်ခုရှိပါတယ်။ အရေးကြီးတဲ့ မူဝါဒပိုင်းဆိုင်ရာနဲ့ ဥပဒေစည်းမျဉ်းများကို ချုပ်ကိုင် နေတဲ့ အာဏာပိုင်များကပါ စိတ်ပါဝင်စားပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် များပေးပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါတယ်။ အဲဒီကဏ္ဍကြီးနှစ်ခုကတော့် (၁) ပြည့်တန်ဆာ ပြဿနာနဲ့ (၂) မူးယစ်ဆေးစွဲပြဿနာတို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည့်တန် ဆာ ဘယ်လောက်များနေတယ်ဆိုတာ ကိန်းဂဏန်း အတိအကျမသိပါဘူး။ အချိုးအဆ အတိုင်း တွက်ကြည့်ရန် အိမ်နီချင်းနိုင်ငံ လောက်တော့မများနိုင်ပါဘူး။
စဉ်စားစရာလိုတာက မြန်မာနိုင်ငံ ပြည့်တန်ဆာတွေဆီက AIDS မပြန့်ပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ထိထိရောင်ရောက် ပညာပေးဖို့လိုအပ်တာပါပဲ။ သူတို့ကိုယ်တိုင် နားလည်သဘောပေါက်မှသာ သူတို့ဧည့်ခံရတဲ့ ယောက်ျားတွေကို ကွန်ဒွန်ကြက်ပေါင်အစွပ် အကာအကွယ်နဲ့မှ လက်ခံမယ်လို အရေးဆိုတတ်လာမှာပါ။ ဒီတော့ AIDS အများဆုံး ရှိမယ်ထင်တဲ့ နေရာဒေသတွေမှာရှိတဲ့ ပြည့်တန်ဆာတွေကိ ဦးစားပေးအစီအစဉ်နဲ AIDS ပိုးဝင်မ၀င် စစ်ဆေးဖို့ လိုအပ်ပါတယ်။ အရေးကြီးတာက AIDS မဖြစ်သေးပေမယ့် HIV ပိုးဝင်ပြီးသူဟာ ပြည့်တန်ဆာအလုပ်ကို လက်လွှတ်မှ ဖြစ်မယ်။ အဲသလို လက်လွှတ် ပြီးရင် သူ့ရဲ့ဘ၀နေထိုင်ရေးအတွက် ထောက်ပံ့မှုပေးမှ ဖြစ်မှာပါ။ ထောက်ပံ့မှု မရရင်တော့ သူလုပ်တတ်တဲ့ အလုပ်ကို ပြန်လုပ်ပြီ ရောဂါပြန့်တော့မှာ ဖြစ်ပါတယ်။ AIDS ဆိုတာကလည်း ရောဂါပိုး၇ပြီး တော်တော်ကြာကြာ လူကောင်းလိုပဲ နေထိုင်နိုင်နိုင်တဲ့အတွက် လုပ်နေကျအလေုပ်ကို ပြန်လုပ်မှာ သေချာပါပဲ။ ဒါတွေကို ကျကျနန စဉ်းစာပြီး တကယ်လုပ်တဲ့အခါမှာ လက်တွေ့ကျကျ လုပ်လို့ဖြစ်မယ့် စီမံချက်တွေကို ဖော်ထုတ်ဖို့ လိုပါတယ်။ ပြည့်တန်ဆာတွေအပေါ်မှာ လူတွေက ဘယ်လိုမြင်ကြသလဲ၊ ဒုစရိုက်အမှု ကျူးလွန်နေသူတွေ၊ ယုတ်မာသူတွေ၊ “လူကောင်း” တွေကို ဖျတ်ဆီးနေသူတွေလို့ ဆိုတတ်မြင်တတ်ကြတယ်။ ဒါဟာ တကယ်ပဲလား၊ ပြည့်တန်ဆာဘ၀ကို နှစ်ခြိုက်လို့ သူတို့ ကိုယ်တိုင်သဘောအလျောက် ရွေးပြီးလုပ်တဲ့ သူတွေလည်း ရှိမှာပါ၊ ဒါပေမယ့် ကမ္ဘာပေါ်ရှိ ပြည့်တန်ဆာအများစုကတော့ ဆင်းရဲခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အရင်းအနှီး မရှိခြင်း အစရှိတဲ့ ဘ၀အခြေအနေချို့တဲ့မှုကြောင့် ဒီလိုနိမ့်ကျတဲ့ဘ၀ရောက်လာတာ ဖြစ်ပါတယ်။ ဒီအလုပ်က လုပ်လို့ရတဲ့ ငွေကိုလည်း သူတို့လက်ထဲအပြည့်အ၀မရဘဲ သူတို့ကို ထိန်းချုပ်ထားသူတွေ ခေါင်းပုံဖြတ်ယူကြတာက ပိုများပါတယ်။ လူ့အဖွဲ့အစည်းက သူတို့အပေါ် ကရုဏာသက်မှု၊ နားလည်းမှုနဲ့ ဖေးဖေးမမ ဆက်ဆံမယ်ဆိုရင် ပြည့်တန်ဆာအလုပ်ကို စွန့်လွှတ်ကြမယ့်သူတွေ အများကြီး ရှိပါတယ်။ ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ ဆန္ဒပြကြစဉ် အစိုးရက ကမ္ဘာလှည့်ခရီသည်တွေကို မြှင့်တင်ရေးနဲ့ AIDS ကာကွယ်ရေးအတွက် သုံးတဲ့ငွေ ၂၁ပုံ ၁ပုံသာ AIDS ကာကွယ်ရေးအတွက် သုံးတယ်လို့ ဆိုကြတယ်။ ထိုင်းနိုင်ငံလောက် ပြည့်တန်ဆာပြဿနာမတက်သေးတဲ့ မြန်မာနိုင်ငံအတွက် မှတ်သားလေ့လာဖွယ် သင်ခန်းစာတွေလို့ ဆိုရင် မမှားဘူးထင်တယ်။
မူးယစ်ဆေးထိုးမှုပြဿနာကလည်း ဆိုးဝါးပြီး ကြောက်စရာကောင်းတဲ့ ဖြစ် အဖြစ်ဆိုးကြီးပါပဲ။ တိုက်ဖျက်ဖို့ကလည်း အင်မတန် ခက်ခဲပါတယ်။ AIDS ရောဂါဝင်လာတော့ အဆမတန် ပိုမိုကြီးမားတဲ့ ပြဿနာကြီးတစ်ရပ် ဖြစ်လာတာပေါ့။ စိတ်ချရတဲ့ တစ်နည်းကတော့ မူးယစ်ဆေး (Supply) မရအောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဒါကလည်း ဆပ်ပလိုင်းကိစ္စကို အမြစ်ဖြတ်သုတ်သင်ဖို့ အင်မတန်မှ ခက်ခဲပါတယ်။ ဒါကြောင့် လက်တွေ့ကျကျ တကယ်လုပ်နိုင်တာကို ဦးတည်စဉ်းစားပြီး အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို လုံးဝ မချေမှုန်းနိုင်ပေမယ့် ကြီးတာကို သောအောင်လုပ်ဖို့ ကြိုးစားရမှာပါ။ တခြားနိုင်ငံတွေမှာ ဖြေရှင်းတဲ့နည်းလမ်းကို ကိုယ့်အခြေအနေ ရေမြေနဲ့ လိုက်ဖက်အောင် ပြုပြင်ပြီး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်
(၁) မူးယစ်ဆေးထိုးသူတွေကို AIDS ကူးနိုင်တယ်၊ အန္တရာယ် ဘယ်လောက်ကြီးမားတယ် ဆိုတာ တစ်ယောက်မကျန် သိရအောင် ပညာပေးရန်
(၂) ကာကွယ်ရေးအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ ဂဃဏန သိအောင် ရှင်းလင်းစွာ သင်ပြရန်
(၃) ဒီကာကွယ်မှု လုပ်ဆောင်မှုတွေ အောင်မြင်ရလေအောင် အစိုးရ-လူထု စသည်တို့မှ ဖေးမကူညီကြရန် တို့ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ သုံးတဲ့အပ်ဟာ ပိုးသန့်စင်ပြီး (Sterilized) ဆေးထိုးအပ်တွေ လိုချင်တဲ့အခါရအောင် အလကား ဝေငှပေးတယ်၊ မူးယစ်ဆေးဝါးကုသမှု၊ စီမံကိန်းချမှတ်ပြီး စိတ်ပါဝင်စားပြီး တက်ကြွတဲ့သူတွေရဲ့ အကူအညီကို ယူပြီး ထိရောက်စွာ အကောင်အထည်ဖော်တယ်။ AIDS နဲ့ မြန်မာ လက်တလော အခြေအနေကိုလေ့လာရင် တွေ့ရတာကတော့ လူတွေဟာ AIDS ရောဂါအပေါ် စိတ်ဝင်စားကြပါတယ်။ အန္တရာယ်ကိုလည်း သိသင့်သလောက်သိကြတယ်။ တစ်နိုင်ငံလုံး AIDS ပျံ့နှံလာပြီဆိုတာကို ၁၉၉၃ မှာ တွေ့နေရပါပြီ။ နယ်စပ်ဒေသတွေမှာ တိကျတဲ့ ကွင်းဆင်းမှတ်တမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်လို့ ကိန်းဂဏန်းနဲ့ အတိအကျပြောလို့ မရသေးပေမယ့် သေချာတာတစ်ခုကတော့ မင်နှိပ်စက္ကူအနားပေါ်မှာ မင်စက်ချလိုက်လျှင် မှင်တွေဟာ စက္ကူရဲ့ အတွင်းဘက်ကို ပြန့်သွားနေသလို AIDS ဟာလည်း လူထုအတွင်းမှာ ပြန့်နေတယ်ဆိုတာပါပဲ။ မင်းစွန်းကွက်ပြန့်သလို မျက်စေ့နဲ့သာမမြင်ရတာ၊ AIDS ရောဂါပြန့်ပွားမှုလှိုင်ကြီးဟာ နယ်စပ်ဒေသဖြစ်တဲ့ မြောက်ဘက်ကချင်ပြည်နယ်က အလယ်ရှမ်းပြည်နယ် (ရွှေတြိဂံဒေသ) က တောင်ဘက်တနသာင်္ရီ (ကော့ကရိတ်) ထိုင်းနယ်စပ်ကနေပြီး ပြည်တွင်းကို တရွေ့ရွေ့ အစဉ်တစိုက်တိုးလာပါပြီ။ ဒါကြောင့် AIDS တိုက်ပွဲ အပူတပြင်း မဆင်နွဲနိုင်ရင် ဒုက္ခရောက်ကြရတော့မှာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေဟာ အခုအခါမှာ စီပွားရေးကဏ္ဍ ထူးခြားလျင်မြန်စွာ တိုးတက်နေပါတယ်။ ဒါပေမဲ့ AIDS ကို မချိုးနှိမ်နိုင်ရင် စီးပွားရေးတိုးတက်မှုကြောင့်ရလာတဲ့ အကျိုးသက်ရောက်မှုတွေဟာ အချည်းနှီးဖြစ်သွားမှာ စိုးရတယ်။ ဖွံ့ဖြိုးစတိုင်းပြည်တွေ အထူးသဖြင့် မြန်မာနိုင်ငံလို စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်ခပ်ပြင်းပြင်းနဲ့ လုပ်ကြတဲ့နေရာတွေမှာ ချမ်းသာတဲ့သူတွေဟာ ပိုချမ်းသာကြပြီး ဆင်းရဲတဲ့သူတွေဟာ ပိုပြီးဆင်းရဲလာလို့ ကွာဟချက် ကြီးသထက်ကြီးလာမှာပဲ။ ရွှေတြိဂံနဲ့ ဆက်သွယ်တဲ့နေရာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှုရော ပြည့်တန်ဆာလုပ်ငန်းတွေပါ အင်မတန်တွင်ကျယ်စွာ ရှိနေပါတယ်။ ပြည့်တန်ဆာလုပ်ငန်းဟာ ထိုင်းကနေ တခြားနိုင်ငံတွေကို ပို့နေတာတွေ့ရတယ်။ ဇင်းမယ် (ထိုင်း) ကို ဗဟိုပြုပြီး မြန်မာအမျိုးသမီးတွေနဲ့ ယူနန်တောင်ပိုင်းက တရုတ်အမျိုးသမီးတွေကိုခေါ်ယူပြီး ပြည့်တန်ဆာတွေ ဖမ်းမိရင် များသောအားဖြင့် ထိုင်း၊ မြန်မာ၊ တရုတ် အမျိုးသမီးတွေ ဖြစ်နေကြတာတွေတွေ့ရပါတယ်။ နိုင်ငံခြားငွေကို ရှာဖွေတဲ့အနေနဲ့ Tourism တိုရစ်ဆင် ခေါ်တဲ့ တိုင်းပြည်တွေမှာ AIDS ပေါ်လာတဲ့အခါမှာတော့ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ခြင်း တန့်သွားလို့ ဒီတိုင်းပြည်တွေရဲ့ ၀င်ငွေကျဆင်းနေတာ တွေ့ရတယ်။ ဒါကြောင့် ဘယ်တိုင်းပြည်ကမှ သူတို့ဆီမှာ AIDS ဘက်လောက်ဖြစ်နေပြီးဆိုတာကို မဖော်ပြချင်ကြဘူး။ တိုရစ်ဆင်နဲ့ စီးပွားဖြစ်ကြတဲ့နိုင်ငံတွေကတော့ ကာရီဘီယန်မှာ ဆိုရင် “ဟေတီ” “ဒိုမီနီကန်”၊ အာရှမှာ “ထိုင်း” နဲ့ “ဖိလစ်ပိုင်” တို့ဖြစ်တယ်။ ထိုင်းနိုင်ငံမှာဆိုရင် “တိုရစ်” ကရတဲ့ဝင်ငွေဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ Million သန်းပေါင်း တစ်ထောင်ရခဲ့တယ်။ ဖိလစ်ပိုင်က သန်းပေါင်း ၅၀၇ သန်း ရခဲ့တယ်။ အင်ဒိုနီးရှားမှာ (၁၉၈၁-၈၅အကြား တိုးရစ်ဆင်ကြောင့် ၀င်ငွေနှစ်ဆတက်သွားတယ်။ ထိုင်းနိုင်ငံက ၁၉၈၇မှာ ပြည့်တန်ဆာလုပ်ငန်းနဲ့ သက်မွေးသူ ၁၅၀၀၀ကို သွေးစစ်ကြည့်တော့ အမျိုးသား ပြည့်တန်ဆာတွေထဲက ၂.၆% မှာ ပိုးတွေ့ပြီး အမျိုးသမီး၁.၈၃%တွေ့ရတယ်။ ဆိုးဝါးတဲ့အချက်တစ်ခုကတော့ အိမ်နီးချင်းနိုင်ငံအချင်းချင်း လူကုန်ကူးမှုတွေရှိနေတာကြောင့် ပထမ AIDS မရှိသေးတဲ့ အင်မတန်နည်းတဲ့ဒေသတွေကို AIDS အလျင်အမြန် ရောက်စေတယ်။ AIDS များတဲ့နိုင်ငံက AIDSနည်းတဲ့နိုင်ငံက အမျိုးသမီးလေးတွေ ခေါ်သွားပြီး ပြည့်တန်ဆာ လုပ်ခိုင်းကြတယ်။ နောက်ပြီး သူတို့နိုင်ငံတွေရဲ့ဥပဒေအရ ပြည့်တန်ဆာတွေမှာ ပိုးရှိ-မရှိစစ်ဆေးပြီး၊ ပိုးရှိသူကို ဒီအလုပ်မလုပ်ရတော့ဘူးဆိုပြီး ပြန်နှင်ထုတ်တယ်။ ဒီတော့AIDS ပိုးဝင်ပြီးသူတွေဟာ ကိုယ့်နိုင်ငံကိုယ်ပြန်ပြိးရောဂါ သယ်သွားကြတယ်။ နောက်တစ်ခါ လူကုန်ကူးသူတွေက ငယ်ရွယ်သူကလေးတွေကို အသစ်အုပ်စုအဖြစ် ကောက်ယူခေါ်သွား ပြန်တယ်။ သူတို့က မသိနားမလည် ကြတော့ပါသွားပြီး ရောဂါရှိလာတဲ့အခါ ကိုယ့်နိုင်ငံကိုယ် ပြန်ကြရတယ်။ ဒီတော့ဒီနိုင်ငံဟာ တစ်ဘက်နိုင်ငံက ဗိုင်းရပ်စ်ပိုးကို တမင်သွားယူပြီး သွင်းကုန်အဖြစ်မှန်မှန်သယ်ယူပြီး သွင်းနေကြတာ တွေ့ရတယ်။ ဒီနည်းလောက် AIDS ပြန့်ပွားတာမြန်တဲ့နည်းဘယ်မှာ ရှိဦးမလဲ။
ဒါကြောင့် တိုးရစ်ဆင်ကို မြှင့်တင်တဲ့စီမံချက်ဆွဲတဲ့အခါမှာ ဒီအချက်ကို သေသေချာချာ လေ့လာထိုက်တယ်။ တချို့နိုင်ငံတွေမှာ တိုးရစ်ဆင်နဲ့ရတဲ့ နိုင်ငံခြားငွေအပေါ် အမြင်တစ်မျိုး ပြောင်းလာကြတယ်။ ဒီလိုဝင်လာတဲ့ငွေကို အမြင်ကျယ်ကျယ်တွက်ကြည့်ရင် တစ်နိုင်ငံလုံး အနေနဲ့ ဘယ်လောက်မြတ်သလဲ၊ နောက်ဆုံးတော့လူတစ်စုသာ မြိုးမြိုးမြက် မြက်သလဲ၊ နောက်ဆုံးတော့ လူတစ်စုသာ မြိုးမြိုးမြက်မြက်စားရပြီးAIDSရောဂါပိုး ရလိုက်တာ အဖတ်တင် တာပဲလို့ မြင်ကြတယ်။ ဒီအချက်ကို မြန်မာအပါအ၀င် တိုးရစ်ဆင်စဖွင့်စ နိုင်ငံတိုင်းမှာ ကောင်းကောင်းလေ့လာသုံးသပ်ပါတယ်။
AIDSပြဿနာက ကျယ်ဝန်းလာပြီဆိုတော့ ကမ္ဘာနိုင်ငံအသီးသီးရဲ့ အစိုးရတွေဟာ ဒီပြဿနာကို အရေးယူ ဖြေရှင်းခဲ့ကြတယ်။ ယေဘုယျအားဖြင့်တွက်ကြပုံကတော့ ဒီရောဂါ ပြန့်ပွားပုံ ပြန့်ပွားနည်းပုံစံက တချို့သောအုပ်စုတွေမှ ဖြစ်တာကြောင့် ဒီအုပ်စုတွေကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ ဆုံးဖြတ်ကြတယ်။ အစ္စရေး၊ တောင်ကိုးရီးယားတို့မှာ၊ သြစတြေးချ၊ ဂွာတီမာလာတို့မှာ ပြည့်တန်ဆာတွေဟာ AIDSပိုးရှိ-မရှိ မစစ်မနေရလို့ပြဋ္ဌာန်း ထားတယ်။ ဂျာမနီမှာ သွေးစစ်လို့ ပိုးတွေ့တဲ့လူတွေ့ရင် သူ့ကိုတခြားသူတွေနဲ့ မရောယှက် စေဘဲခွဲထားတယ်။ သြစတြေးလျမှာ တစ်လတစ်ကြိမ် သွေးစစ်ပြီး ပိုးတွေ့ရင် အစိုးရထံက ပင်စင်ထောက်ပံ့ငွေ လျှောက်ထားလို့ရတယ်။ AIDSရောဂါရှိသူတွေကို အခြားသူတွေနဲ့ ခွဲခြားထားတာကိုquarantineလုပ်ဖို့ ကြိုးစားတဲ့နိုင်ငံတွေရှိသော်လည်း မအောင်မြင်ခဲ့ပါ။ အမေရိကန်မှာ ဂေးအုပ်စုအတွင်း AIDS စတွေ့ရတဲ့အတွက် အဲဒီအုပ်စုကို ဆင်ဆင်ခြင်ခြင် နေထိုင်လိုက်ကြတာကြောင့် နောက်ပိုင်းမှာ ဂေးအုပ်စုအတွင်း AIDS ဖြစ်ပွားမှု သိသိသာလျော့နည်းသွားတယ်။
AIDS ရောဂါလက္ခဏာများ
AIDS ရောဂါပိုး စတင်လာချိန်မှာ အဖျားနည်းနည်းရှိပြီး လည်ချောင်းနာ၊ အအေးမိ၊ နှာစေးတာမျိုးဖြစ်လာမယ်။ ဒီလက္ခဏာဟာ ဖြစ်ပေါ်ပြီးပျောက်သွားလေ့ရှိတယ်၊ ပျောက်သွား ပြီး အချိန်အတော်ကြာ ဘာမှမဖြစ်ဘဲနေပြီး လူနာဟာ အခြားရောဂါပိုးတွေ ၀င်လာတဲ့ လက္ခဏာများဖြစ်ပေါ်တက်တယ်။ ဒီလက္ခဏာတွေကို AIDS Related Complex (ARC) AIDS နှင့် နှီးနွယ်ဆက်စပ်တဲ့လက္ခဏာစုများလို့ခေါ်ပါတယ်။ များသောအားဖြင့်ကိုယ်အလေး ချိန် ၁၀%ထက်လျော့သွားကာ ပိန်ချုံးလာခြင်း၊ တစ်လထက်ပိုပြီး ၀မ်းလျော့သွားကာပိန်ချုံး လာခြင်း၊ တစ်လထက်ပိုပြီး ၀မ်းလျောခြင်း၊ တစ်လထက်ပိုပြီးဖျားခြင်းစတဲ့ ထင်ရှားတဲ့ လက္ခဏာတွေ ဖြစ်လာတယ်။ ချောင်းမပြတ်ဆိုးခြင်း၊ တစ်ကိုယ်လုံးယားယံခြင်း၊ ရေယုန် များပေါက်ပေါက်ခြင်း(တစ်ကိုယ်လုံးကြာရှည်စွာပေါက်ခြင်း)ခံတွင်းနှင့်လည်ချောင်းထဲမှ မက်ခရုစွဲခြင်း၊ ဂလင်းအကြိတ်များယောင်ခြင်း၊ ဥာဏ်စွမ်းအားကျဆင်းလာခြင်း၊ အာရုံကြော များထိ၍ခြေစွန်းလက်စွန်းများတွင် ထုံနာကျဉ်နာစွဲခြင်းတို့ကြာရှည်ဖြစ်လာတတ်ခြင်း၊ ဒီAIDS လက္ခဏာတွေဟာ Virus ကြောင့် တိုက်ရိုက်ဖြစ်တာ မဟုတ်ပေမယ့် ခုခံအားကိုဖျက်ဆီးထား လို့ နောက်ဆက်တွဲမှာ Infection ပိုးဝင်မှုနှင့် ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။ HIV ကိုယ်တွင်းမှာ ရှိနေရင် AIDSဖြစ်ရင်လည်းဖြစ်၊ မဖြစ်ရင်လည်း တော်တော်များများဟာ Dementiaရူးသွပ်ဝေဒနာ ဖြစ်နိုင်ပါတယ်။
AIDS လူနာတွေမှာ အဆုတ်တီဘီအဖြစ်များလို့ ဒီရောဂါနှစ်မျိုးကိုတွဲတွေ့ရတယ်။
ကုသမှု
AIDS ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေး မပေါ်သေးပါဘူး၊ AIDSရောဂါ ပိုးကို အပြတ်ရှင်းနိုင်မယ့်ဆေးကို ရှာဖွေနေကြဆဲပါ။ AIDSပိုးဟာ နှိမ်နင်းရန် အင်မတန် ခက်ခဲပါတယ်။လူ့ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့Cells တွေထဲမှာ ပုန်းအောင်းနေတာမို့ သူ့ကိုဖျက်ဆီးရင် သူပုန်းခိုနေတဲ့ဆဲလ်တွေပါ ပျက်စီးမှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်က ဦးနှောက် ကဗိုင်းရပ်စ်အတွက် ပိုပြီးလုံခြုံစိတ်ချရတဲ့နေရာဖြစ်နေတယ်။ ဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ဆေး တွေက သွေးထဲက ဦးနှောက်ကိုရောက်ရမှာ။ ဆေး(အများစု)တွေက သွေးနဲ့ဦးနှောက်ကို ခြားထားတဲ့ အတားအဆီးကို မကျော်နိုင်ကြပါဘူး၊ ဦးနှောက်ဆဲတွေကို မပျက်စီးစေဘဲ ဗိုင်းရပ်စ်ကို သီးသန့်ဖျက်ဆီးတဲ့ဆေး ဖန်တီးဖို့ အလွန်တရာခက်ပါတယ်။ ဒီတော့ ဗိုင်းရပ်စ်ကို မသတ်နိုင်ရင်မျိုးမပွားအောင်လုပ်ဖို့ ဆေးကို ရှာနေဆဲပါပဲ။
ဆေးတွေထိရောက် အောင်မြင်မှု ရှိ-မရှိစမ်းရတာက ပျမ်းမျှ (၁၀) နှစ်ကြာပါတယ်။ စမ်းသပ်မှုတွေကို တိရစ္ဆာန်၊ လူစသည်တို့အပေါ်မှာအချိန်ယူ စမ်းသပ်ရပါတယ်။ AIDS အတွက် အခုအချိန်အထိ အအောင်မြင်ဆုံးလို့ ဆိုရမယ့်ဆေးကတော ZIDOVUDINE ဖြစ်တယ်။ AZT လို့ အသိများတယ်။ အခုအခြေအနေမှာတော့ AIDS လူနာတစ်ယောက်ကို ဒီဆေးနဲ့ တစ်နှစ်ကုသဖို့အတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ိ/- (တစ်သောင်း)ကျတယ်။ ဒါကြောင့် မတတ်နိုင်သူတွေက ဆေးမသုံးနိုင်ဘဲ သေကြရုံပဲရှိပါတယ်။ ဒါတောင်ပျောက်တဲ့ ဆေးမဟုတ်ဘူး၊ ရောဂါတိုးမှုကို ဟန့်တားပြီး အသက်ပိုရှည်အောင် လုပ်ပေးနိုင်ရုံပဲရှိတယ်။ တခြားဆေးတွေလည်း တီထွင်စမ်းသပ်ဆဲပဲ ရှိပါသေးတယ်။ လောလောဆယ် (၁၉၉၉)မှာ ဆေးအသစ်တွေပေါနေပါတယ်။ ပေါင်းပြီးပေးရင် ထိရောက်တယ်။ ရောဂါကို အတော်အသင့် ထိန်းထားပြီးအသက်ရှည်နိုင်တယ်။ ပျောက်တော့မပျောက်ဘူး။ ဈေးကတော့ကြီးလွန်းလို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မသုံးနိုင်ကြသေးဘူး။AIDSကို တားဆီးနိုင်မယ့်လက်ငင်းကာကွယ်ဆေး ကိုလည်း ထုတ်လုပ်ဖို့ကြိုးစားနေကြပါတယ်။ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ဗင်ဆင်းစမ်းသပ်ရာ မှာလမ်းညွှန်ချက်တွေ ပေးပါတယ်။ ဗက်ဆင်းဟာရောဂါမ၀င်သေးသူတွေကို ကာကွယ်ရာမှာ သုံးမှာဖြစ်ပါတယ်။ တရုတ် ဘယဆေး၊ တိုင်းရင်းဆေးနဲ့အပ်စိုက်ကုသနည်းတွေကို တရုတ်ပြည်မှာ သုံးကြည့်ကြတော့ အထောက်အကူဖြစ်တာ တွေ့ရပါတယ်။
AIDSရောဂါဟာ ကာကွယ်ဖို့ ဆေးမရှိဘူး။ကုလို့လည်းမရဘူး၊ ဒါကြောင့် AIDS ဖြစ်လာရင် နောက်ဆုံးတော့သေကြတာပါပဲ။
သို့သော် အနှေးအမြန် သေရမယ်လို့သိထားတဲ့AIDSလူနာအပေါ်မှာ ကြင်နာမှု အပြည့်နဲ့စိတ်ဓာတ်ဆိုင်ရာ ပြုပြင်ရေးများကို တွန့်အားပေးပြီးလုပ်ကြည့်တဲ့အခါမှာ အောင်မြင် မှုတွေ့ရတယ်။ စိတ်ဓာတ်ကျသွားပြီဆိုရင် ရောဂါရဲ့ထိုးဖောက်မှုက လျင်မြန်တယ်။ ရောဂါကို အရှုံးမပေးရအောင် မိသားစု၊ မိတ်ဆွေ၊ အဖွဲ့အစည်းတွေက မေတ္တာ၊ ကရုဏာ၊ရှေ့ထားပြီး အားပေးရင် လူနာစိတ်ဓာတ်မြင့်တက်လာပြီး ကျန်းမာရေးကောင်း လာတာကို တွေ့ရတယ်။ စိတ်ပျော်အောင်နေတယ်၊ တရားထိုင်တယ်။ အဓိဋ္ဌာန်စတဲ့ စိတ်ဓာတ်ပြုပြင်ရေးတွေဟာ ထိရောက်မှုရှိတာ တွေ့ရတယ်။
AIDS ရောဂါစစ်စစ်ဖြစ်နေပြီလို့ သိတဲ့အချိန်က စပြီး ရောဂါသည် ၅၀%ဟာ(၁၈) လအတွင်း သေကြတယ်။ ၁၅%ဟာ (၅) နှစ်အထိနေကြရနတယ်။ မိသားစု ဆွေမျိုးမိတ်ဆွေတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုရသူတွေဟာ AIDS ရောဂါနဲ့ လောကကို အရှုံးမပေးဘဲ ကျော်လွှားနိုင်ကြတယ်။
၁၉၈၈ မှာ ဗြိတိသျှအစိုးရနဲ့ ကမ္ဘ့ာကျန်းမားရေးအဖွဲ့မှ ကြီးမှူးပြုလုပ်တဲ့ AIDS ကာကွယ်ရေးအတွက် ကမ္ဘ့ာနိုင်ငံများက ကျန်းမာရေးဝင်ကြီးများရဲ့ အစည်းအဝေးကို လန်ဒန်မှာ ကျင်းပတဲ့အခါ နိုင်ငံပေါင်း (၁၄၈) နိုင်ငံက တက်ရောက်ခဲ့တဲ့အတွက် ကမ္ဘ့ာလူဦးရေ ၉၅%ကို ကိုယ်စားပြုတယ်လို့ တွက်လို့ရပါတယ်။ (၁၉၈၆-၈၇) ကစပြီး ကမ္ဘ့ာကျန်းမားရေးအဖွဲ့ရဲ့ Global Programmed on AIDS ကမ္ဘ့ာလုံးဆိုင်ရာ AIDS စီမံချက်မှာ နိုင်ငံပေါင်း (၁၅၄) နိုင်ငံ ပါဝင်ပြီး ငွေကြေးထောက်အပံ့၊ ပညာပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။ ဒီ AIDS စီမံချက်ရဲ့ ကြိုတင်မျှော်မှန်းတွက်ချက်မှု Projection အရတော့ အကယ်၍ ယခုအချိန်မှာ လူပေါင်း (၅) သန်း ဗိုင်းရပ်စ်ပိုး ရှိနေရင် နောက် (၁၀) နှစ်အတွင်းမှာ သုံးဆတိုးလာနိုင်တယ်။ စီမံကိန်းတွေ အောင်မြင်သွားရင်တော့ ကူးစက်ပြန့်ပွားမှု သုံးပုံတစ်ပုံကျသွားရမယ်။ အအောင်မြင်ဘူးဆိုရင်တော့ အခြေအနေဆိုးဝါးလာမှာ အမှန်ပဲ။ တချို့နိုင်ငံတွေမှာ AIDS ကြောင့် လူဦးရေ ကျဆင်းသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံး တင်ပြလိုတာကတော့ (၁) AIDS ပြဿနာဟာ အနာဂတ်မှာ ပိုကြီးလာမယ်။ (၂) AIDS ရဲ့ ဒဏ်ခတ်ချက်ကို နောင်နှစ် (၂၀-၃၀) အတွင်းမှာ ပိုပြီး သိရမယ်။ (၃) AIDS ကုသမှုပိုင်းဆိုင်ရာမှာ တိုးတက်မှု ရှိသင့်သလောက်ရှိသော်လည်း အချိန်တိုတိုနဲ့ ဖြေးရှင်းနိုင်မှာ မဟုတ်သေးပါ။
AIDS ဟာ မူလက GAY ဂေးအုပ်စု၊ မူးယစ်ဆေးစွဲအုပ်စု၊ ပြည့်တန်ဆာ အုပ်စုတို့မှာဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ ပြီးတော့ အိမ်ထောင်ရှင်ယောက်ျားတွေ ကတစ် ဆင့်အိမ်ထောင်ရှင်မိန်းမတွေသူတို့ကတစ်ဆင့် ကလေးငယ်တွေကိုပါ ကူးစက်နိုတယ်ဆိုတာ သိလာကြပါပြီ။ AIDS ရောဂါဟာ အသေးအဖွဲ့ မဟုတ်ဘူး၊ ဖြစ်လာရန် ရုပ်ပျက်ဆင်းပျက် သေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် AIDS ကို တိုက်ဖျက်ဖို့ရာက ရောဂါမရသေးသူရောဂါပိုး မ၀င်သေးသူကို ကာကွယ်ဖို့ပဲရှိပါတယ်။ ကာကွယ်ရေးရဲ့ တစ်ခုတည်းသောလက်နယ်က ပညာပေးရေးဖြစ်ပါတယ်. ပညာပေးမှုအပိုင်းမှာ ခြောက်လှန့်ပေးစရာမလိုဘဲ လုံးဝမှန်ကန် သေချာတဲ့ သတင်းကို ပေးရမယ်။ ပွင့်ပွင့်လင်းလင်း သတိပေးရမှက AIDS မရရှိစေရန် -
၁။ လိင်ကိစ္စမှာ သစ္စရှိစွာ တစ်ဦးတည်နှင့် သာဆက်ဆံပါ။
၂။ အကယ်၍ တစ်တစ်ဦးမှာ ဗိုင်းရပ်စ်ရှိနေပြီလို့ သံသယဖြစ်ရင် ကွန်ဒွန် ကြက်ပေါင်အစွပ် အကွယ်သုံးပါ။
၃။ ပြည့်တန်ဆာတွေနဲ့ ဆက်ဆံမှု လုံးဝရှောင်ပါ။
၎။ ဆေးထိုးအပ်/ အခြားအသုံးပစ္စည်း ကိရိယာတွေကို စနစ်တကျ ပိုးသန့်စင်ပြီးမှ သုံးစွဲရန်။
၅။ AIDS ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးပြီး သွေးကိုသာ သုံးပါ။ သွေးလည်း မှန်တကယ်လိုအပ်မှ သုံးပါ။
ဗိုင်းရပ်စ်ပိုးဝင်ပြီးသူများ စောင့်ထိန်းရန်
၁။ ဗိုင်းရပ်စ်ပိုးရှိနေပြီးလို့ မိမိကိုယ်ကို သံသယဖြစ်လာလျှင် လုံးဝလိင်စပ်ယှက်မှု မပြုထိုက်၊ ပြုလုပ်လိုလျှင် ကွန်ဒွန် ကြက်ပေါင်အစွပ်အကာအကွယ်သုံးပါ။
၂။ သွေးပေးလှူခြင်း မလုပ်ပါနှင့်။
၃။ မူးယစ်ဆေးထိုးမှု၊ အခြားဆေးထိုးမှုများမလုပ်နှင့်၊ မတတ်သာ၍ ဆေးထိုးလျှင် ကိုယ့်အတွက် သုံးသည့်အပ်ကို သုံးပြီးလျှင် လွှင့်ပစ်ပါ။ တစ်ခု သတိချပ်ဖို့က AIDS ရောဂါသည် ကန့်သတ်အုပ်စုတွေမှာဖြစ်တာ အဟုတ်ဘဲ သာမန်လူတွေကိုလည်း ကူးနိုင်ပါတယ်။ ဒါကြောင့် AIDS ကာကွယ်ရေးအတွက် သွေးအေးနေလို့မရ၊ လူတိုင်းလူတိုင်းဟာ တာဝန်တစ်ရပ်အနေနဲ့ AIDS ကာကွယ်ရေးအနေနဲ့ ပါဝင်ကြရန် လိုအပ်ပါတယ်။
နောက်ဆုံးအနေနဲ့ သတိချပ်ဖို့က AIDS ရောဂါကူးစက်ပြန့်ပွားမှုဟာ ကန့်သတ်ချက်မရှိဘဲ လူ့အလွှာအသီးသီးကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့အတွက် အစိုးရ အဖွဲ့အစည်းများ၊ ကျန်းမာရေဌာန၊ ဆရာဝန်သူနာပြုများကသာမက လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးကပါ ဖိဖိစီးစီး ဆောင်ရွက်ကြရန် လိုပါတယ်။ ကမ္ဘာလောကကြီးထဲမှာ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ တစ်ဦးတည်း အဖော်မဲ့ သီးခြားနေ လို့မရပါ။ လူသားတိုင်းဟာ လူထဲကလူဖြစ်နေလို့ပါပဲ။
“ ဘယ်သူတစ်ယောက်မှ ကျွန်းကလေးလို
ထီးတည်းနေလို့ မရဘူး၊ တိုက်ကြီးရဲ့ တစ်ဖဲ့၊
ပြည်မကြီးရဲ့ တစ်ပိုင်းပဲ၊ လူတစ်ယောက်
သေခြင်းဟာ ငါ့ကိုလည်း ထိစေတယ်။
ငါဟာလည်း လူသားထဲကလူမို့ အားလုံးနဲ့
ပတ်သတ်နေတာပဲ။ ဒီတော့ လူသေလို့
ခေါင်းလောင်းထိုးရင် ဘယ်သူ့အတွက်
ထိုးတာလဲလို့ မမေး

Wednesday, January 20, 2010
Monday, January 18, 2010
ကမ္ဘာကျော် မိန်းခွန်းတော် ၁၀-ချက်

မြတ်ဗုဒ္ဓ၏ အံ့ဩဖွယ်ကောင်းသော လမ်းညွှန်ချက်၊ လွတ်လပ်သောအတွေးအခေါ်၊ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ် ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသမိုင်းတွင် ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန်ချက်ဖြစ်ခဲ့ပေသည်။ မည့်သည့် ဘာသာရေး၌မဆို ဤကဲ့သို့သော လမ်းညွှန်ချက်မရှိပေ။
မြတ်ဗုဒ္ဓသည် ကောသလနိုင်ငံတော်၌ ခရီးလှည့်လည်စဉ် ကေသမုတ္တိအမည်ရှိသော မြို့ကလေးတစ်ခုသို့ ရောက်ခဲ့သည်။
ထိုမြို့ကလေး၌ ကာလာမလူမျိုးတို့ နေထိုင်ကြ၏။ မြတ်ဗုဒ္ဓ ထိုရွာသို့ ဆိုက်ရောက်သွားသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာကြကုန်၏။
မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြသည်မှာ "အို မြတ်စွာဘုရား မြောက်များစွာသော ရသေ့ ရဟန်းတို့သည် ကျွန်ုပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ရသေ့ရဟန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒကိုသာ အကောင်းပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကိုမူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင်ပြုကြပါ၏၊ ရသေ့ရဟန်းပေါင်းမြောက်များစွာတို့ ကျွန်ုပ်တို့ကေသမုတ္တိ ရွာသို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့၏အယူဝါဒကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွားကြပါ၏ဘုရား။
ထို့ကြောင့် ယခုအခါ ကျွန်ုပ်တို့ ကေသမုတ္တိရွာသားအားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊ မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း"-ဟု မေးလျှောက်ကြကုန်၏။
"အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌ ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဥာဏ်ကို ဆရာ့ဝါဒတို့နှင့် သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်
(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။
(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန် နှင့်။
(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
"အိုကာလာမတို-အကောင်းအဆိုး ဘယ်ဟာမျိုးမဆို သင်တို့အတွက် သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင် လုပ်ကြ။ ဤသည်ကား အမှား၊ ဤသည်ကား အဆိုး- ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်- ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို သင်တို့ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်ပိုင်သိအောင်လုပ်ကြ။
"ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်"ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။
ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုးဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။ သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။
ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိနှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။ ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါးကို သင်တို့ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည"ဟု ကေသမုတ္တိရွာသား ကာလာမတို့အား မိန့်ကြားတော်မူခဲ့ပါသည်။
ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော အနှိုင်းမဲ့လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်သည်။
Wednesday, January 13, 2010
ယနေ့ခေတ် လူငယ်နှင့် ဗုဒ္ဓဘာသာ (၅)မျိုး
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း
မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက
“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု
ဟောတော်မူခဲ့ပါတယ်။အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ
ရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ
မို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား
ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ်
နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို
ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချ
တာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ်
နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။
(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို
ဆိုလိုတာပါ။ဒီဘဝ စီးပွားရေးလေးတက်မလား
ဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား
ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား
ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ
ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ
မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက
စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရား
ကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ
ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး
ရွေးနေတာတွေ။ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ
တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့
နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ
လိုချင်လို့ ကိုးကွယ်တဲ့
ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာခေါ်ပါတယ်။
(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့
ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊
ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ
ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှ
အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။
ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ
ဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ
(၃)မျိုးကို အောက်တန်း စား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ
အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက
လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း
ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း
လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့
လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက်
သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို
တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း
မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှား
ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။ သမ္မာသဒ္ဒါ
မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ
ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက်
အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက်
တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ
နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ
ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့
ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို
ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို
ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင်
နိဗ္ဗာန်ရောက်ပါမည်။ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့
ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ
ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့
ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း
ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက
ဆောင်ထားတာပါ။ပိဋကသုံးပုံ ကို သံဃာတော်တွေက ***ရှောက်ထားတာပါ။သံဃာတော်ကို
ယုံကြည်မှု။ဒါတွေက
ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ
ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ
ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ
သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့
ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို
ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ
တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့
သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့
သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။မှားတာကို မှားတယ်လို့
သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့
အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့
သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ
တရားတော်ကို ယုံကြည်တယ်။
တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ
ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို
သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ
ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့
ပညာကမြင်တာပါ။ပညာဓိက ဗုဒ္ဓဘာသာပါ။ဘုရားက
မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်
လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့
သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ
လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ
လုပ်ထာတာရှိတယ်။ဒါတွေကို
ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင်
ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ
သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက
နှင့် ပညာဓိက ဗုဒ္ဓဘာသာဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ
အထက်တန်း ဗုဒ္ဓဘာသာပါ။
သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ
ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး)
သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက
(superstitious rites, scarified,
prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။
သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။
ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။
(ဖတ်ခဲ့ဖူးတာလေးပါ)

မေမေရဲ့( ၈) ကြိမ်မြောက်လိမ်ညာခြင်း

ကျွန်တော် ငယ်စဉ်ဘ၀လေးကတည်းက မေမေဟာ ကျွန်တော့်ကို ညာပြောခဲ့ပါတယ်..
ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ်.. တစ်ခါတစ်လေဆို စားစရာတောင်
လုံလုံလောက်လောက် မရှိပါဘူး… ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက
သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်.. သူ့ပန်ကန် လေးထဲကနေ ကျွန်တော့
ပန်းကန်ထဲကို ပြောင်းထည့်ပေးရင်းနဲ့ ”သား စားလိုက်နော်.. မေမေ
သိပ်မဆာလို့ပါ ” …. ဒါကကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ…
ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက
မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ်… မေမေက ငါးရလာရင် ကျွန်တော်
အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာဖြစ်ပါတယ်… တစ်နေ့
မေမေက ငါး၂ကောင် ဖမ်းမိလာတယ်..ရလာတဲ့ ငါး၂ကောင်ကို ဆွပ်ပြုတ် လုပ်ပါတယ်..
ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရင်း အသားတွေကို
စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက
အရိုးမှာ ကပ်နေတဲ့ အသားစလေးတွေကို စားနေပါတယ်.. ကျွန်တော်မေမေ့ကို
ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်.. ဒါကြောင့် ကျန်နေသေးတဲ့ ငါး
တစ်ကောင်ကို မေမေ့ကို ပေးလိုက်တော့ မေမေက ချက်ခြင်းဘဲ ငြင်းတယ်.. “သားဘဲ
စားပါကွယ် မေမေက ငါးမှမကြိုက်တာ “.. ဒါက မေမေ့ရဲ့ ၂ကြိမ်မြောက်
လိမ်ညာခြင်း
တစ်ဖြေးဖြေးနဲ ကျွန်တော့်ကျောင်းစရိတ်က ကြီးလာတယ်.. မေမေက အပိုဝင်ငွေ
ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံအဟောင်းတွေ တောင်းယူလာတယ်..
အိမ်ပြန်ရောက်တော့ မီးခြစ်ဆံ အသစ်လေးတွေ ပြန်ဖြည့်ပြီး
ဈေးထဲမှာပြန်ရောင်းပါတယ်.. အဲဒီက ရတဲ့ ငွေကလေးနဲ့ အိမ်အတွက်
လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ်.. ကျွန်တော့် ကျောင်းစရိတ် ထဲ ထည့်ရပါတယ်….
ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ
ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ ရှိသေးတယ်..
ကျွန်တော်က “မေမေ အိပ်တော့လေ.. ညနက်နေပြီ.. မနက်ကျမှ ဆက်လုပ်လို့
ရသားနဲ့..” မေမေက ပြုံးပြီး ပြန်ပြောပါတယ်.. “သားလေးသာ သွားအိပ်ပါကွယ် ..
မေမေက မအိပ်ချင်သေးပါဘူး..” ဒါက မေမေရဲ့ ၃ကြိမ်မြောက် လိမ်ညာခြင်းပါ..
ကျွန်တော် အတန်းတင်စာမေးပွဲဖြေမဲ့နေ့…. မေမေကလဲ ကျွန်တော်နဲ့အတူ
ကျောင်းကို လိုက်လာတယ်.. ကျောင်းအပြင်ဘက် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော်
စာမေးပွဲဖြေတာကို မေမေက ထိုင်စောင့်နေတယ်.. စာမေးပွဲပြီး
ခေါင်းလောင်းထိုးတော့ မေမေ့ဆီ ကျွန်တော်ပြေးသွားတယ်..မေမေက ကျွန်တော့်ကို
ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး
ကျွန်တော်သောက်ဖို့ ပေးတယ်.. မေမေရဲ့ လ္ဘက်ရည်က မေမေရဲ့ မေတ္တာလောက်
မချိုဘူးဆိုတာ ကျွန်တော် ပြောရဲပါတယ်ဗျာ.. နေပူထဲရပ်နေလို့
ချွေးတွေထွက်နေတဲ့ မေမေ့ကိုကြည့်ပြီး ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို
မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက “သားဘဲ
သောက်စမ်းပါသားရယ်.. မေမေက ရေမငတ်ပါဘူး” ဒါက မေမေရဲ့
၎ကြိမ်မြောက်လိမ်ညာမှု
ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေတစ်ယောက်တည်း ဖခင်နေရာကရော
အမေနေရာကနေပါ အိမ်တာဝန်ထမ်းရပါတော့တယ်.. . မေမေ့အရင် အလုပ်ဟောင်းကိုဘဲ
ဆက်လုပ်တယ်… မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တို့
စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ်.. ငတ်လုနီးပါး ဖြစ်လာတယ်.. အခြေအနေက
ပိုပိုပြီး ဆိုးဆိုးလာတယ်.. အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့
သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က မကြာခန ရောက်ရောက်လာပြီး
ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန် သူဘဲ
ဖြေရှင်းပေးပါတယ်.. ဒါတွေကို မြင်တဲ့ အိမ်နီးချင်းတွေက မေမေ့ကို
အိမ်ထောင် ထပ်ပြုဖို့ အကြံပေးကြတယ်.. တိုက်တွန်းကြတယ်.. ဒါပေမဲ့ မေမေက
တွင်တွင်ငြင်းတယ်.. “ကျွန်မ အိမ်ထောင်ရေးကို စိတ်မ၀င်စားတော့ပါဘူး..
အချစ်ဆိုတာလဲ ကျွန်မအတွက် မလိုအပ်တော့ပါဘူး” ဒါက မေမေရဲ့ ၅ကြိမ်မြောက်
လိမ်ညာခြင်းပါ..
ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့ မေမေ့ကို
အနားပေးဖို့အချိန်ရောက်ပြီ…. ကျွန်တော် ပြန်လုပ်ကျွေးဖို့
အချိန်ဘဲဆိုပြီး မေမေ့ကို အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက မနက်တိုင်း
ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ… ကျွန်တော်က
အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို မေမေက ကျွန်တော့်ကို
ပြန်ပို့ပေးတယ်.. “မေမေ့မှာ ငွေတွေ သုံးဖို့ ရှိပါသေးတယ် သားရယ် မေမေ
ငွေမလိုပါဘူး” မေမေ့ရဲ့ ၆ကြိမ်မြောက် လိမ်ညာခြင်းပါ..
ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့ အထောက်အပံ့နဲ့
မာစတာဒီဂရီ ရဖို့အချိန်ပိုင်း ကျောင်းတက်ပါတယ်.. မာစတာဘွဲ့ ရပြီးသွားတော့
ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့
ကျွန်တော်ဆုံးဖြတ်လိုက်တယ်.. လူနေမှု အဆင့်အတန်း မြှင့်မြှင့်နဲ့ မေမေ့ကို
ကျွန်တော် ထားချင် ပါသေးတယ်.. ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ
ကရိကထ များမှာကို မလိုလားတဲ့အတွက် ကျွန်တော်ခေါ်တာကို ငြင်းပါတယ်.. “မေမေ
မလာတော့ ပါဘူးသားရယ် . မေမေက သား အခု ရောက်နေတဲ့ အဆင့်အတန်းမြင့်တဲ့
အသိုင်းအ၀ိုင်း မျိုးမှာ နေသားမကျပါဘူး..မေမေပျော်မှာ မဟုတ်ပါဘူးကွယ်..”
မေမေရဲ့ ၇ကြိမ်မြောက် လိမ်ညာခြင်းပါ..
မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့် ဆေးရုံမှာ ရောက်နေပြီ…
ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့အိမ်ကို
ပြန်လာခဲ့တယ်… မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ်ကုသမှု
ခံထားရတယ်.. အိပ်ရာပေါ်ကနေ မထနိုင် တော့ဘူး… ကျွန်တော့်ကိုတွေ့တော့ မေမေက
ပြုံးပြဖို့ ကြိုးစားတယ်… ပိန်လှီပြီး အားနည်းဖျော့တော့ နေတဲ့ မေမေရဲ့
ရုပ်က ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို မတူတော့ဘူး …
မေမေ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထိခိုက်မိတယ်.. မျက်ရည်တွေ အလိုလို
ကျလာတယ်… မေမေက လေသံယဲ့ယဲ့လေးနဲ့ ကျွန်တော့်ကို ပြောတယ်.. “မငိုပါနဲ့
သားရယ် မေမေ မနာပါဘူး.. မေမေ နေကောင်းပါတယ်”.. ဒါကတော့ မေမေရဲ့
၈ကြိမ်မြောက် လိမ်ညာခြင်းပါ…
၈ကြိမ်မြောက် လိမ်ညာပြီးတဲ့နောက် ကျွန်တော့်မေမေ ဆုံးသွားခဲ့ပါတယ်..
မေမေရဲ့ လိမ်ညာခြင်းကို ဘယ်လောက်ဘဲ ကျွန်တော် ပြန်လိုချင်
ပြန်ကြားချင်ပေမဲ့ ပြန်မရနိုင်တော့ပါဘူးဗျာ…
—————————————————————————————————————————————–
ဒီဇာတ်လမ်းလေး ဖတ်ပြီးတော့ သားသမီးတွေအပေါ် ထားတဲ့ အမေတွေရဲ့
စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ သဘော ပေါက်မိပါတယ်…… ကျွန်မတို့ရဲ့ အမေတွေ
ကလည်း ကျွန်မတို့ အပေါ်မှာ ခုလို မုသား ဖြူဖြူလေးတွေနဲ့ လိမ်ညာခဲ့ကြ
ဖူးပါတယ်နော်… သားသမီးတွေကို ချစ်ခြင်း အားဖြင့် လိမ်ညာတဲ့ အတွက်
အမေတွေရဲ့ မုသားက အင်မတန်မှ လေးစားထိုက်တဲ့ ၊ ကိုယ်ကျိုးမပါတဲ့ အဖြူရောင်
မုသားတွေပါ… ကျွန်မတို့ ဘ၀ တစ်လျှောက်လုံးမှာ အမေတွေရဲ့ မုသားတွေနဲ့
အခါခါ ကြုံခဲ့ကြ ဖူးပါလိမ့်မယ်…. သားသမီးတွေဘက်ကရော.. အမေတွေရဲ့
အဖြူရောင် မုသားလေးတွေအတွက် ဘာတွေများ ပြန်ပေးဆပ်နိုင်ကြပြီလဲ..
ပေးဆပ်ဖို့ ကြိုးစားကြပြီလဲ.. ကျွန်မတို့ အမေတွေရဲ့ မုသားလေးတွေ ဒီလောက
ကမ္ဘာကြီးကနေ မပျောက်ကွယ်ခင်မှာ အချိန်မှီလေး ပြန်လည် ပေးဆပ်နိုင်ဖို့
ကြိုးစား ကြပါစို့လားရှင်…..
အစိမ်းရောင်းလွင်ပြင် မှကူးယူဖေါ်ပြပါသည်
--
Sunday, January 10, 2010
အနတ္တလက္ခဏသုတ် မြန်မာပြန် - အနတ္တလက္ခဏသုတ် အမွှန်း -

အနတ္တလက္ခဏသုတ် ပါဠိတော် - အနတ္တလက္ခဏသုတ် အမွှန်း -

Anattalakhana sutta

Thursday, January 7, 2010
ဗုဒ္ဓ၀ါဒနှင့်သဘောထားခံယူချက်
Religion ဆိုသောစကားရပ်သည် လူတို့၏ ကိုး ကွယ်ရာ ဘာသာရေးဟူသော အဓိပ္ပါယ်အားဖြင့် ယနေ့ ကမ္ဘာတွင် ထင်ရှားပေါ်လွင်လျက်ရှိသည်။
ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓကို ဘာသာရေးတည်ထောင်သူ-Founder of Religion-ဟု ခေါ်ဆိုနိုင်ခွင့်ရှိပါလျှင် ဘာသာရေးတည် ထောင်သူအားလုံးတို့တွင်
မြတ်ဗုဒ္ဓသည်သာလျှင် လူသား တို့၏ဆရာ Teacher of mankind ဖြစ်သည်။
မြတ်ဗုဒ္ဓကို သန့်ရှင်းသော ရိုးသားသော လူသား တစ်ယောက်ထက်ပို၍ ပြောဆိုကြေငြာနိုင်ဖွယ်မရှိပါ။
အခြား သော ဘာသာတရားကို တည်ထောင်သူတို့မှာ God လည်း ဖြစ်နိုင်သည်။
God ဝင်စားသူလည်း ဖြစ်နိုင်သည်။
God၏သားလည်းဖြစ်နိုင်သည်။God၏တမန်တော်လည်း ဖြစ် နိုင်သည်။
မြတ်ဗုဒ္ဓမှာမူ သန့်ရှင်းစင်ကြယ်သော လူသားတစ် ယောက်ဖြစ်ရုံမျှမက
သန့်ရှင်းစင်ကြယ်သော နည်းလမ်းကို တည်ထောင်သူ၊
ထိုနည်းလမ်းကို ပြသူ၊
အမှန်တရားနှင့် ငြိမ်းချမ်းရေးကို ထုတ်ဖော်ပေးသူလည်းဖြစ်သည်။
မြတ်ဗုဒ္ဓသည် ထိုဝိသုဒ္ဓိလမ်းစဉ် , ဝိမုတ္တိလမ်းစဉ် , သန္တိလမ်းစဉ် , သစ္စာလမ်းစဉ်တို့ကို ဖော်ထုတ်ပြသရာ၌ ပြင်ပ တန်ခိုးရှင် မမြင်ရသည့် ဘုရားသခင်တို့၏ တန်ခိုးပါဝါနှင့် အကူ အညီကို လုံးဝ ရယူခဲ့ခြင်းမရှိပေ။
သူ၏ပင်ကိုယ် ဇွဲ ,သတ္တိ , လုံ့လ , ဥာဏ်ပညာတို့ကို အသုံးချအလုပ်လုပ်ကာ အထက်ပါ လမ်းစဉ်တို့ကို ဖော်ထုတ်ခဲ့ခြင်းသာဖြစ်သည်။
မြတ်ဗုဒ္ဓသည် သူသိသမျှ , မြင်သမျှ , ရရှိပိုင်ဆိုင် ထားသမျှ သစ္စာ ,သန္တိ , ဝိသုဒ္ဓိ , ၀ိမုတ္တိတရားတို့ကို သဒ္ဓါ ဝီရိယ ပညာရှိကြသည့် လူသားတိုင်းအား ဖြန့်ဝေပေးခဲ့လေ သည်။ သူ၏ဗုဒ္ဓအဖြစ်ကိုပင် သင့်လျော်သော လူသားတိုင်း အား ဖြစ်ခွင့်ပေးထားပါသည်။
လူသားတစ်ယောက် (လူသားစင်စစ်)သည်သာလျှင် ဗုဒ္ဓအဖြစ်ကို ရပိုင်ခွင့်ရှိသည်။ လူသားတိုင်း၏သန္တာန်၌ ဗော ဓိဥာဏ်ကို ရပိုင်ခွင့်သည် ကိန်းအောင်းလျက်ရှိသည်။ ထိုလူ သားသည် တကယ်စင်စစ် ဥာဏ်နှင့်ယှဉ်၍ အားထုတ်လို သော ဆန္ဒရှိလျှင် ဗောဓိဥာဏ်ကို ရပိုင်ခွင့်ရှိသည်။
ထို့ကြောင့် ကျွန်ုပ်တို့က မြတ်ဗုဒ္ဓကို လူသားအားလုံး တို့ထက် ထူးခြားသောလူသား၊
ဘာသာရေးတည်ထောင်သူ တို့ထက် ထူးမြတ်သော ဘာသာရေးတည်ထောင်သူ-ဟုဆို နိုင်သည်။
လူ့ဘဝ လူ့လောက၌ သူသည် အကျင့်ပိုင်း , အသိ ပိုင်း အရာရာတိုင်း၌ အလွန်ပြည့်စုံသူဖြစ်သည်။ သို့ဖြစ်ခြင်း ကြောင့် ယနေ့ကမ္ဘာ၌ အလွန်ထင်ရှားပေါ်လွင်သော ဘာသာ တရားတို့တွင် "မဟာလူသား" ဟူ၍ သူ့ကို အသိမှတ်ပြုလာကြ သည်။ သူ၏အဆုံးအမဖြစ်သော ဓမ္မသည် လူသား အားလုံး တို့၏ဘဝနှင့် တစပ်တည်းဖြစ်သည်။ လူသားအားလုံးတို့၏ ဘဝလိုအပ်ချက်နှင့်လည်း ကိုက်ညီလျက်ရှိသည်။
ထို့ကြောင့် ဗုဒ္ဓနှင့်ဓမ္မကို လူလောကကြီးတစ်ခုလုံးက ပိုင်ဆိုင်ခွင့်ရှိထားသည်။ ရိုးသားသောယုံကြည်မှုနှင့် ကျိုး ကြောင်းသိမြင် ဆင်ခြင်တတ်သော အသိဥာဏ်ရှိသူတိုင်း သည် ဗုဒ္ဓနှင့်ဓမ္မကို တစ်ကမ္ဘာလုံး၏ (လူသားတစ်ရပ်လုံး၏) အမွေဆိုင်ဟု ဆိုကြသည်။
ဗုဒ္ဓဝါဒအရ လူသား၏အဆင့်သည် အမြင့်ဆုံးဖြစ် သည်။ လူသားတစ်ယောက်သည် သူကိုယ်တိုင်၏ ကိုယ်ပိုင် အရှင်သခင်ဖြစ်သည်။ သူကိုယ်တိုင်ထက် ပိုလွန်သော, သူ့ ဘဝကို လွှမ်းမိုးအုပ်စိုး၍ထားသော , သူ့ဘဝပန်းတိုင်ကို ဆုပ် ကိုင်၍ထားသော သူ့အထက်က တန်ခိုးရှင် အာဏာရှင် မရှိ ပေ။ လူသားတစ်ယောက်၏ ကိုယ်ပိုင်ကိုးကွယ်ရာသည် ထိုလူ သားကိုယ်တိုင်ပင်ဖြစ်သည်။ တခြားကိုးကွယ်ရာမရှိ-ဟု မြတ် ဗုဒ္ဓက လူသားတို့၏ဘဝကို လွတ်လပ်စွာကိုးကွယ်ခွင့် အဆင့် မြင့်မြင့်ပေးထားသည်။
မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို ဆုံးမရာ၌ "ကိုး ကွယ်ရာကို မိမိတို့ကိုယ်တွင်းမှာ ရှာကြ၊ အပြင်ပမှာ (သို့) တခြားသူတို့ထံမှာ ကိုးကွယ်ရာ ရှာ၍မရ" ဟု တိုက်တွန်း လေ့ရှိသည်။
မြတ်ဗုဒ္ဓသည် လူသားတိုင်း ဘဝတိုးတက်ရေးနှင့် လွတ်မြောက်ရေးအတွက် သူ့ကိုအတုယူကြဖို့ အစဉ်အားပေး ဆုံးမလေ့ရှိသည်။
"မိမိတို့ ဘဝလွတ်မြောက်ရေးအတွက် မိမိတို့ကိုယ် တိုင်ပင် အားထုတ်ရမည်၊ မိမိတို့ရောဂါပျောက်ရေးအတွက် မိမိတို့ကိုယ်တိုင်ပင် ဆေးသောက်ရမည်"ဟု ဆုံးမလေ့ရှိ သည်။
သို့သော် ဆေးဆရာကောင်းကို မှီဝဲရမည်။ ထိုသမား ကောင်း၏ တားမြစ်ချက်, ညွှန်ကြားချက်တို့ကို လိုက်နာရ မည်။ ထိုသမားတော် ပေးသည့်ဆေးကို မှန်မှန်မှီဝဲရမည်။
မြတ်ဗုဒ္ဓသည် ဆေးသမား၊ မြတ်ဓမ္မသည် ဆေးဝါး ဖြစ်သည်။ လူသားတစ်ယောက်၏ အနှောင်အဖွဲ့တို့မှ လွတ် မြောက်ရေးအတွက် ထိုလူသားကိုယ်တိုင်၏ ကိုယ်ပိုင်သဒ္ဓါ , ဝီရိယ ,ပညာတို့သည်သာ တကယ်စင်စစ် ထိုလူသား၏ ကယ် တင်ရှင်တို့ဖြစ်ကြသည်။
မြတ်ဗုဒ္ဓကဆို၏။ "ဗုဒ္ဓတို့မည်သည် လမ်းညွှန်ဆရာ တို့သာ ဖြစ်ကုန်၏။ လူတို့သည် ဆရာတို့ ညွှန်ပြသည့်အတိုင်း အလုပ်လုပ်အားထုတ်ကြရမည်" ။
အကယ်၍ လူတို့က မြတ်ဗုဒ္ဓကို "ကယ်တင်ရှင်"ဟု ဆိုချင်လျှင် ဝိသုဒ္ဓိလမ်း , ဝိမုတ္တိလမ်း , သစ္စာနှင့်သန္တိတို့ကို ဖော်ထုတ် ညွှန်ပြပေးသော အဓိပ္ပါယ်ဖြင့်သာလျှင် မြတ်ဗုဒ္ဓ ကို "ကယ်တင်ရှင်"ဟု ဆိုနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကယ်တင်ရှင် မြတ်ဗုဒ္ဓ ပြပေးသော လမ်းကြောင်း တို့ကို ဖြောင့်ဖြောင့်မှန်မှန် လျှောက်လှမ်းသွားရမည်သာ ဖြစ်သည်။
မြတ်ဗုဒ္ဓသည် သူ၏တပည့်များကို ညွှန်ပြသည့် ဝိသုဒ္ဓိ , ဝိမုတ္တိ (သန့်ရှင်းခြင်းနှင့် လွတ်မြောက်ခြင်း) ဆိုသည် မှာ ပုဂ္ဂိုလ်တစ်ယောက်ချင်း တစ်ယောက်ချင်းစီ၏ တာဝန်နှင့် ကျင့်ကြံ အားထုတ်မှုပေါ်မှာတည်သည်။
မဟာပရိနိဗ္ဗာနသုတ်တော်၌ " မိမိကိုယ်ကို မိမိတို့ မှီခို၍နေကြ၊ မိမိတို့ကျင့်သုံးသောဓမ္မသည် မိမိတို့မှီခိုရာဖြစ် သည်။ ငါဘုရားသည် သင်ရဟန်းတို့ကို အုပ်စိုး၍နေမည် မဟုတ်" စသည်ဖြင့် မိန့်ကြားတော်မူခဲ့သည်။
မြတ်ဗုဒ္ဓသည် သူ၏တရားထဲ၌ မည်သည့်လျှို့ဝှက် ချက် ကွယ်ဝှက်ချက်ကိုမျှ မထား၊ ဆရာစား , ဆရာ့လက်ဆုပ် တရားငုတ်ကိုမျှလည်း မည်သို့မျှမထား၊ နာကြားသူတို့ လက်ခံ နိုင်သမျှ အကြွင်းမရှိ ပွင့်ပွင့်လင်းလင်း ဟောပြခဲ့သည်။
မြတ်ဗုဒ္ဓသည် ဘာသာရေးသမိုင်းတစ်လျှောက်၌ မကြားစဖူး , မရှိစဖူး ထူးဆန်းသည့် လူသားတို့အတွေးအခေါ် လွတ်လပ်ခွင့်တို့ကို ခွင့်ပြုတော်မူခဲ့သည်။ လူ့အတွေးအခေါ်၏ လွတ်လပ်ခွင့်သည် လူသားတို့ ဘဝလွတ်မြောက်ရေးအတွက် အထူးပင်လိုအပ်ပေသည်။
မြတ်ဗုဒ္ဓ၏အလိုတော်အရ လူသားတို၏ လွတ် မြောက်မှုသည် လူသားတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သစ္စာကို ထိုးထွင်းသိခြင်းပေါ်၌ တည်သည်။ ပြင်ပတန်ခိုးရှင်GOD-ဘုရားသခင်တို့၏ သနားခြင်း ခွင့်လွှတ်ခြင်း မျက်နှာသာ ပေးခြင်း ကယ်တင်ခြင်းတို့ အပေါ်၌ လုံးဝ တည်ခြင်း မှီခိုခြင်း မရှိပေ။
ပြင်ပတန်ခိုးရှင် ဘုရားသခင်တို့ကို ရိုသေကျိုးနွံစွာ ဆုတောင်းခြင်း၊ ထိုဘုရားသခင်တို့ သနားချီးမြှင့်သော ဆု လာဘ်ကို ရရှိခြင်းဖြင့်လည်း လူသားတို့၏ ဘဝလွတ် မြောက်မှုသည် မဖြစ်နိုင်ချေ။ သစ္စာကို မျက်မှောက်ပြုခြင်း သည်သာ ဘဝလွတ်မြောက်ရေး၏ ဂိတ်ပေါက်ဖြစ်သည်။
မြတ်ဗုဒ္ဓသည် ကောသလနိုင်ငံတော်၌ ခရီးလှည့် လည်စဉ် ကေသမုတ္တိအမည်ရှိသော မြို့ကလေးတစ်ခုသို့ ရောက်ခဲ့သည်။
ထိုမြို့ကလေး၌ ကာလာမလူမျိုးတို့ နေထိုင်ကြ၏။ မြတ်ဗုဒ္ဓ ထိုရွာသို့ ဆိုက်ရောက်သွားသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာကြကုန်၏။
မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြ သည်မှာ "အို မြတ်စွာဘုရား မြောက်များစွာသော ရသေ့ ရဟန်းတို့သည် ကျွန်ုပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ရသေ့ရဟန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒကိုသာ အကောင်း ပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကိုမူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင်ပြုကြပါ၏၊ ရသေ့ရဟန်းပေါင်းမြောက်များစွာတို့ ကျွန်ုပ်တို့ကေသမုတ္တိရွာ သို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့ ၏အယူဝါဒကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွား ကြပါ၏ဘုရား။
ထို့ကြောင့် ယခုအခါ ကျွန်ုပ်တို့ ကေသမုတ္တိရွာသား အားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊ မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း"-ဟု မေး လျှောက်ကြကုန်၏။
ထိုအခါ မြတ်ဗုဒ္ဓက အံ့ဩဖွယ်ကောင်းသော လမ်း ညွှန်ချက်၊ လွတ်လပ်သောအတွေးအခေါ်၊ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသ မိုင်းတွင် ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန် ချက်ဖြစ်ခဲ့ပေသည်။
"အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌ ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဥာဏ်ကို ဆရာ့ဝါဒတို့နှင့် သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်
(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အ ဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။
(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာ ဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက် မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေး အခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန် နှင့်။
(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍ လည်း တစ်ထစ်ချ မယူကြကုန်နှင့်။
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီး သတ် မမှတ်ယူကြကုန်နှင့်။
"အိုကာလာမတို-အကောင်းအဆိုး ဘယ်ဟာမျိုး မဆို သင်တို့အတွက် သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင် လုပ်ကြ။ ဤသည်ကား အမှား၊ ဤသည်ကား အဆိုး- ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်- ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို သင်တို့ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်ပိုင်သိအောင် လုပ်ကြ။
"ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်"ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။
ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုးဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ် ပိုင်ဆုံးဖြတ်ချက်သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။ သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။
ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိ နှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။ ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါး ကို သင်တို့ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည"ဟု ကေသမုတ္တိရွာ သား ကာလာမတို့အား မိန့်ကြားတော်မူခဲ့ပါသည်။
ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော အနှိုင်းမဲ့လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်သည်။
မြတ်ဗုဒ္ဓဒေသနာတော်အရ ဝိစိကိစ္ဆာဟူသောယုံမှား ခြင်းသည် ရှင်းလင်းသောအသိ(သစ္စာအသိ)၏ ကြီးမားသော အတားအဆီးတစ်ခုဖြစ်သည်။ ထို့အပြင် စိတ်ဓာတ်ဖွံ့ဖြိုး တိုးတက်ရေးသာမက မည်သည့်ဖွံ့ဖြိုးတိုးတက်ရေးမျိုးကိုမဆို ဝိစိကိစ္ဆာတရားသည် ကြီးမားသောအနှောက်အယှက် အတား အဆီးတစ်ခုဖြစ်သည်။
သို့သော်- ဝိစိကိစ္ဆာဟူသော ယုံမှားမှုသည် တကယ် စင်စစ် ကြီးမားသောအပြစ်ကြီး Sin-တစ်ခုတော့မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတွင် အခြားသောဘာ သာများမှာကဲ့သို့ အခိုင်အမာ ကတိပြု ယုံကြည်ခြင်းမျိုးမရှိ ပေ။ အခြားဘာသာများ၌ သက်ဆိုင်ရာဘုရားသခင်တို့ကို မယုံကြည်လျှင် (သို့) ယုံမှားခြင်းဖြစ်လျှင် ကြီးလေးသော ပြစ်ဒဏ်ထိုက်သည်။ ထိုအပြစ်မျိုးကိုSin- ဟုခေါ်ကြသည်။
ဗုဒ္ဓဘာသာ၌ ဗုဒ္ဓကိုယုံမှားရုံမျှ မယုံကြည်ရုံမျှဖြင့် ထိုယုံမှားသူ မယုံကြည်သူတို့မှာ ကြီးလေးသောပြစ်ဒဏ်ထိုက် သည်ဟူ၍ ဆိုရိုးမရှိချေ။ မကောင်းမှုအားလုံးတို့၏ ရေ သောက်မြစ်သည် ဝိစိကိစ္ဆာမဟုတ်။ အဝိဇ္ဇာနှင့် မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ကုန်၏။ တွေဝေခြင်း ယုံမှားခြင်း တုန်လှုပ်ခြင်း ဆုံးဖြတ် နိုင်မှု ခက်ခဲခြင်းတွေ ရှိနေသမျှကာလပတ်လုံး ထိုသူ့ဘဝမှာ တိုးတက်မှု မဖြစ်နိုင်ဟူသော အချက်ကို ငြင်းနိုင်ဖွယ်မရှိချေ။
အရှိတရား အမှန်တရားကို ရှင်းလင်းစွာ မသိကြ သေးသမျှကာလပတ်လုံး ထိုသူတို့၏သန္တာန်မှာ ဝိစိကိစ္ဆာ ကိန်းအောင်းနေသေးလို့-ဟူသော အချက်သည်လည်း ငြင်း နိုင်ဖွယ်ရာမရှိချေ။ ဘဝ၏ စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့်မြင့် တိုးတက်ဖို့ရန်အလို့ငှါ ထိုဝိစိကိစ္ဆာတရားကို အကြွင်းမဲ့ ပယ်သတ်ရမည်ဟူသည့်အချက်မှာ အမှန်တကယ်လိုအပ် သည့် လိုအပ်ချက်ပင်ဖြစ်သည်။ ထိုဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်ပစ်မည်ဆိုလျှင် ထိုသူသည် အရှိနှင့်အမှန်ကို အတိအကျ ရှင်းလင်းသိမြင်ရမည်ဖြစ်သည်။
လူတစ်ယောက်ကို "သင်သည် ဤအချက်၌ မယုံမှား သင့်၊ ဤအချက်၌ ယုံကြည်ရမည်"ဟုပြောဆိုရန်"အကြောင်း အချက်မရှိပေ။ တကယ်ပြောရန်လိုအပ်သည်ကား သင်သိ တာ သင်မြင်တာကို ငါယုံကြည်၏-ဟု ဆိုလိုခြင်းမဟုတ်၊ ငါသိ တာ ငါမြင်တာကို ငါယုံကြည်၏-ဟု ပြောဆိုရန်သာရှိသည်။
ဥပမာ- ကျောင်းသားတစ်ယောက်သည် ဂဏန်း သင်္ချာပုစ္ဆာတစ်ခုကို တွက်ချက်နေသည်ဆိုပါစို့၊ ထိုဂဏန်း သင်္ချာပုစ္ဆာသည်သူသိမြင် တတ်ကျွမ်းထားသည့်အဆင့်ကို ကျော်လွန်ပြီး ခက်လွန်းနေလျှင် ထိုကျောင်းသား၌ စိတ်ရှုတ် ခြင်း တွေဝေခြင်း ဝိစိကိစ္ဆာ ဝင်လာပြီဖြစ်သည်။ ထိုဝိစိကိစ္ဆာ သူ့မှာ ရှိနေသမျှကာလပတ်လုံး ထိုကျောင်းသားတွက် ဂဏန်း သင်္ချာအတတ်သည် တိုးတက်ဖို့ မဖြစ်နိုင်တော့ချေ။ သူသည်ရှေ့သို့တစ်ဆင့်တက်လိုလျှင် ထိုပြဿနာကို ရှင်းပစ်ရမည်။ ထိုသံသယကို ပယ်ပစ်ရမည်။ ထိုဝိစိကိစ္ဆာ သံသယတို့ကို ပယ်ရှားသောနည်းလမ်းများရှိပါသည်။ "ကျွန်ုပ် ယုံကြည်ပါ၏၊ ကျွန်ုပ် သံသယမရှိပါ "ဟု ပြောဆိုရုံမျှဖြင့် ပြဿနာ၏အဖြေကို ရလိမ့်မည်မဟုတ်ပါ။ ကိုယ်တိုင်သိမြင်နားလည်ခြင်းမရှိပဲ တစ်စုံတစ်ခုသောဝါဒကို လက်ခံဖို့ရန် အတင်းအကြပ်ပြုလုပ်ခြင်းသည် သူ၏စိတ်ဆန္ဒ နှင့် အသိပညာမပါသောကြောင့် နိုင်ငံရေးသမားတို့ အတင်း အကြပ် စည်းရုံးသိမ်းသွင်းခြင်းမျိုးဖြစ်သည်။
မြတ်ဗုဒ္ဓသည် လူသားတိုင်းကို ဆန္ဒပြင်းပြစွာနှင့် အစဉ်သဖြင့် တိုက်တွန်းသည်မှာ ဝိစိကိစ္ဆာကို ပယ်ရှားဖို့ရန် ဖြစ်သည်။ မြတ်ဗုဒ္ဓသည် လူးသားတို့၏သန္တာန်ဝယ် စွဲမှီ၍နေ သော ကြောင်းကျိုး အကောင်းအဆိုး အမှားအမှန်ကို မဝေခွဲ နိုင် မဆုံးဖြတ်နိုင်သည့် ထိုကဲ့သို့သော ဝိစိကိစ္ဆာမျိုးကို ပယ်ရှာ ဖို့ ပြင်းပြသော ဆန္ဒရှိတော်မူ၏။ သူ၏ ပရိနိဗ္ဗာန်မပြုမှီ မိနစ်ပိုင်း အတွင်းကလေးမှာ ပင်လျှင် သူသည် သူ၏တပည့်သာဝကတို့ကို အကြိမ်ပေါင်း များစွာပြောဆိုခဲ့သည်မှာ "ရဟန်းတို့ ငါဘုရားရဲ့ အဆုံးအမ နှင့် ပတ်သက်၍ သင်တို့မှာ ယုံမှားသံသယရှိကြလျှင် ငါဘုရား ကိုပွင့်ပွင့်လင်းလင်း မေးလိုက်ကြ။ ငါဘုရားမရှိသည့် နောက် သင်တို့၏စိတ်အစဉ်ဝယ် ဝိစိကိစ္ဆာတို့ဖြင့် ရှုတ်ထွေးပြီး စိတ်ပင်ပန်းမှုများဖြင့် မကျန်ရစ်စေကြကုန်နှင့်။ ငါဘုရား ရှိခိုက် သင်တို့၏သံသယများကို မေးခြင်းဖြင့် သင်တို့၏ယုံမှား မှုကို ရှင်းလင်းကြ"ဟူသတည်း။
"ထိုအခါ တပည့်တို့သည် ဆိတ်ငြိမ်၍ နေကြကုန်၏၊ ထိုအခါ မြတ်ဗုဒ္ဓက ဆက်လက်၍မိန့်ကြားသည်မှာ "သင်တို့ သည် အကယ်၍ ငါဘုရားကို ရိုသေကြောက်ရွံ့သောကြောင့် မမေးနိုင်ကြကုန်သည်ဖြစ်အံ့၊ အချင်းချင်း အပြန်ပြန် အလှန်လှန် သံသယတွေကို ထုတ်ပြ၍ သံဃာအားလုံး၏ ကိုယ်စားပြု တစ်စုံတစ်ယောက်က ထိုဝိစိကိစ္ဆာတို့ကို ငါ ဘုရားအား မေးကြကုန်လော့"ဟူ၏။ ဤသည်မှာ ဘာသာရေးသမိုင်း၌ ဗုဒ္ဓဘာသာ၏ အတွေးအခေါ်လွတ်လပ်မှုကိုသာ ဖော်ပြရုံမျှမက ဆရာဖြစ် တော်မူသော မြတ်ဗုဒ္ဓ၏ သဘောထားကြီးခြင်း ခွင့်လွှတ်ခြင်း ကိုပါ ဖော်ပြသည့် သမိုင်းတင်မှတ်တမ်းဖြစ်သည်။
အခြားစံတင်လောက်သည့် ဖြစ်ရပ်တစ်ခုမှာလည်း မြတ်ဗုဒ္ဓသည် နာလန္ဒမှာ နေနေစဉ် ဂျိန်းဆရာကြီးမဟာဝီရ နိဂဏ္ဌ၏ ထင်ရှားကျော်ကြားသော သူဌေးတပည့်ကြီး ဥပါလိ သည် သူ၏ဆရာကြီး မဟာဝီရက စေလွှတ်သဖြင့် မြတ်စွာဘု ရားထံမှောက် ရောက်လာ၏။ စေလွှတ်ခြင်း၏ရည်ရွယ်ချက် မှာ ကမ္မဝါဒနှင့်ပတ်သက်၍ ငြင်းခုံဖို့ အနိုင်တိုက်ဖို့ဖြစ်၏။
မြတ်ဗုဒ္ဓ၏ကမ္မဝါဒနှင့် နိဂဏ္ဌ၏ ဒဏ္ဍဝါဒတို့သည် တူသယောင်ယောင်နှင့် ခြားနားကြကုန်၏၊ မဟာဝီရ နိဂဏ္ဌက အထူးမျှော်လင့်ထားသည်မှာ သူ့တပည့်ဥပါလိသည် စကားအပြိုင်ပြု၍ စကားအနိုင်လုရာ၌ အလွန်ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ခြင်းကြောင့် ဗုဒ္ဓကို သူတို့အဖွဲ့က အနိုင်ရ မည်ဟု ဧကန်မျှော်လင့်ထား၏။ ဤမျှော်လင့်ချက်နှင့် ရလဒ် မှာကား တခြားစီဖြစ်သွား၏၊ ကမ္မဝါဒနှင့် ဒဏ္ဍဝါဒတို့ အပြိုင်ပြု၍ အနိုင်လုကြရာ ဒဏ္ဍဝါဒသည် ကမ္မဝါဒအောက် ၌ ကြေမွပျက်ပြုန်းခဲ့ရလေသည်။
ထို့ကြောင့် စကားစစ်ထိုးပွဲအဆုံး၌ မဟာဝီရဂိုဏ်း သား ဥပါလိသူဌေးသည် သူ၏ဒဏ္ဍဝါဒကို အကြွင်းမဲ့စွန့်လွှတ် ၍ မြတ်ဗုဒ္ဓ၏ကမ္မဝါဒကို အကြွင်းမဲ့လက်ခံလိုက်လေသည်။ သူ၏ဆရာရင်း မဟာဝီရနှင့် မဟာဝီရ၏ဝါဒတို့ကို ဤယနေ့ မှစ၍ စွန့်လွှတ်ပါမည်ဘုရား၊ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကို ဤယနေ့မှစ ၍ ကိုးကွယ်ဆည်းကပ်ပါ၏ဘုရားဟု ပရိသတ်အလယ် ထင် ရှားစွာ ကြေငြာခဲ့လေသည်။ သူ့ကိုလည်း မြတ်ဗုဒ္ဓ၏တပည့် သာဝကအဖြစ် လက်ခံပါရန် လျှောက်ထားခဲ့လေသည်။
ထိုအခါ မြတ်ဗုဒ္ဓက "အို ဥပါလိ စဉ်းစဉ်းစားစား လုပ်ပါ၊ မဟာဝီရနိဂဏ္ဌသည် သင်၏ဆရာအရင်းဖြစ်သည်၊ ဆရာရင်းကို စွန့်လွှတ်၍ ဆရာသစ်ကို ချဉ်းကပ်သည့်အလုပ် မျိုးကို လျှင်မြန်လွယ်ကူစွာ မလုပ်သင့်၊ စဉ်းစဉ်းစားစားလုပ် ပါ၊ ထို့အပြင် သင်၏ ဆရာမဟာဝီရနှင့် အဖွဲ့ဝင်များသည် သင်၏ပစ္စည်းလေးပါး အထောက်အပံ့ဖြင့် အသက်ရှင်နေကြ ရကုန်၏၊ သို့ဖြစ်ခြင်းကြောင့် သင်၏ဆရာဟောင်းနှင့်အ ဖွဲ့သားများအား သင်ထောက်ပံ့၍နေသော အထောက်အပံ့ တို့ကို ဖြတ်တောက်၍မပစ်ပါနဲ့၊
ထို့အပြင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ် ယောက်သည် ဆရာပြောင်းခြင်း၊ ဘာသာပြောင်းခြင်းအလုပ် တို့ကို ပေါ့ပေါ့တန်တန်မလုပ်သင့်၊ စဉ်းစဉ်းစားစားလုပ်သင့်၏၊ ထို့ကြောင့် သင့်ဆရာရင်းမဟာဝီရကို ကိုးကွယ်မြဲ ကိုးကွယ်၊ ထောက်ပံ့မြဲထောက်ပံ့ပါလေ"ဟု မိန့်ကြားတော်မူ၏။
ဤဖြစ်ရပ်များသည်ကား ဘာသာရေးသမိုင်းတွင် စံနမူနာယူလောက်သည့် သဘောထားကြီးခြင်းကို ဖော်ပြ သည့် ဖြစ်ရပ်များ ဖြစ်ကြလေကုန်၏။
မြတ်ဗုဒ္ဓလွန်ပြီးနောက် နှစ်(၂၀ဝ)ကျော်ကာလ ခရစ်မပေါ်မီနှစ်(၃၀ဝ)ခန့်ကာလတွင် ဇမ္ဗူဒီပတစ်ခုလုံး၏ ဧကရဇ်မင်းကြီးအသောက ပေါ်ပေါက်ခဲ့သည်။ ထိုဇမ္ဗူဒီပါ၏ ဧကရဇ်မင်းကြီးအသောကသည် မြတ်ဗုဒ္ဓ၏ ထိုသဘောထား ကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသောဝါဒကို လိုက်နာ ကျင့်သုံးရာ၌ စံနမူနာယူထိုက်သည့် မင်းကြီးတစ်ပါးဖြစ် သည်။
သူသည် အလွန်ကျယ်ပြန့်သော သူ၏ဓမ္မနိုင်ငံတော် ကြီး၌ ထင်ရှားတည်ရှိ၍နေကြကုန်သော အခြားအခြားသော ဟိန္ဒူဘာသာ , ဂျိန်းဘာသာ ,ဗြဟ္မဏဘာသာ , နတ်ကိုးကွယ် သည့်ဘာသာ အစရှိသော ဘာသာတရားအားလုံးတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် သူကိုယ်တိုင်ဂုဏ်ပြု၍ အရိုအ သေပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ပံ့အားပေးခြင်း တို့ကို ပြုလုပ်ခဲ့လေသည်။
သူ၏ဓမ္မနိုင်ငံတော်၌ ဘာသာရေးပဋိပက္ခမရှိ၊ မတူ ထူးခြားသော ဘာသာဝင်အားလုံးတို့ ချစ်ခင်ပျော်ရွှင်စွာ ပူးတွဲ နေထိုင်ကြသည်မှာ မြတ်ဗုဒ္ဓ၏ ခန္တီဝါဒ , အဟိံသဝါဒပေါ်၌ အသောကချမှတ်ထားသော Common ground-ပေါ်မှာ လက်တွဲရပ်တည်၍ နေနိုင်ကြသောကြောင့်ဖြစ်၏။
အသောကသည် အနောက်ဖက်တွင် ဂရိ၊ မြောက် ဖက်တွင် ရုရှားနှင့်ဟိမဝန္တာတစ်လျှောက်၊ အရှေ့ဖက်တွင်- ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင်- အိန္ဒိယသမုဒ္ဒရာ၊ သူ၏ ဩဇာလွှမ်းမိုးထားသမျှ ကျယ်ပြန့်စွာသော နယ်မြေကြီး တစ်ခွင်လုံး၌ အယူဝါဒနှင့် အမျိုးဇာတ်မတူကြသည့် လူသား ပေါင်းများစွာတို့ လက်တွဲနေထိုင်ကြရန် ခန္တီ , သစ္စာ , အဟိံသာ ဟူသော Commond ground-ကို မည်ကဲ့သို့ ချမှတ်ခဲ့သည် ဆိုသည်တို့ကို သူ၏ကျောက်စာပေါင်းမြောက်များစွာတို့၌ တွေ့ရှိရသည်။ တစ်ခုသောနေရာ၌ တွေ့ရသည်မှာ အောက် ဖော်ပြပါအတိုင်းဖြစ်သည်။
"တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာ သာတရားကိုသာ ချီးမြှောက်၍ အခြားသောသူတို့၏ ဘာသာ တရားကို ရှုံ့ချသောအမှုကို မပြုကြကုန်နှင့်၊ တစ်ယောက် သောသူသည် မိမိကိုးကွယ်သောဘာသာကို ချီးမြှောက်သကဲ့ သို့ အခြားသောဘာသာကိုလည်း ချီးမြှောက်သင့်၏။ ဤသို့ ပြုခြင်းဖြင့် တစ်ယောက်သောသူသည် မိမိဘာသာကိုလည်း ကြီးပွာအောင် စောင့်ရှောက်ရာရောက်၏။
ဘာသာဝင်အားလုံးတို့သည် ဤသို့မဟုတ်မူ၍ မိမိ တို့ဘာသာကို ကာကွယ်၍ သူတပါးတို့၏ဘာသာကို ရှုံ့ချ စော်ကားလာလျှင် ထိုသူသည် မိမိဘာသာတရားနှင့် မိမိအ တွက် သေတွင်းကို တူးသည်နှင့်တူ၏။
မည်သူမဆို မိမိကိုးကွယ်သော ဘာသာတရား၏ ဂုဏ်ကျေးဇူးကိုပြောဆို၍ အခြားသောဘာသာတရားကို ရှုံ့ချ ကဲ့ရဲ့လျှင်၊ ထို့အပြင် မိမိကိုးကွယ်သည့်ဘာသာနှင့် တခြားသူ တို့ကိုးကွယ်သည့်ဘာသာကို နှိုင်းယှဉ်မှုပြုလျှင် နှိုင်းယှဉ်ရာမှ ပြိုင်ဆိုင်ခြင်းသို့ တက်လာနိုင်သည်။
နှိုင်းယှဉ်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့သည် ချီးမွမ်းခြင်း နှင့် ကဲ့ရဲ့ခြင်းဟူသော ရလဒ်တို့ကို ဖြစ်စေကုန်၏။ မိမိဘာ သာကို ချီးမွမ်း၍ သူတပါးဘာသာကို ကဲ့ရဲ့လျှင် ထိုသူသည် မသိသဖြင့် မိမိဘာသာကို ပို၍ပို၍ တိုက်ခိုက်ဖျက်စီး ဒဏ်ရာ အနာတရ ဖြစ်အောင်ပြုသည်မည်၏။
ထို့ကြောင့် ဤသို့ကောင်းမြတ်သော သဘောတူညီ ချက်တစ်ခု ရရှိပါသည်။ အားလုံးသောလူသားတို့သည် အားလုံးသော ဘာသာတရားတို့၏ အဆိုအမိန့်တို့ကို စိတ်ဝင် စားစွာ နားထောင်သင့်၏။ မိမိ၏စကားကို သူတပါးတို့ စူးစိုက်၍နားထောင်စေလိုလျှင် သူတပါးပြောသော စကားကို လည်း မိမိတို့က စိုက်စိုက်စူးစူး နားထောင်ကြပါ.။

အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင် အိမ်ရှင်၏ အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်ချေ၏။
အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင်
အိမ်ရှင်၏ အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်ချေ၏။
ပြစ်မူကျူးလွန်သူကို ထိုက်တန်သည့် ဒဏ်ချရာ၌ တရားစီရင်သူ၏
အပြစ်မဟုတ်၊ ဒုစရိုက်ကောင်၏ အပြစ်သာ ဖြစ်ချေ၏။
ထိုနည်းတူစွာပင် ဓမ္မကို စော်ကားလာသူကို သုတ်သင်ရာ၌
သုတ်သင်သူ၏ အပြစ်မဟုတ်၊ စော်ကားသူ၏ အပြစ်သာ ဖြစ်ချေ၏။
ဗုဒ္ဓကို စွပ်စွဲလာ၍ ဒဏ်ခတ်ရာ၌ ဒဏ်ခတ်သူ၏ အပြစ်မဟုတ်၊
စွပ်စွဲသူ၏ အပြစ်သာ ဖြစ်ချေ၏။
ထို့ကြောင့် အရေးမခံချင်၊ အသုတ်သင်မခံချင်၊
ဒဏ်ခတ် မခံချင်လျှင် ဗုဒ္ဓကို မစွပ်စွဲသင့်ကြချေ၊
ဓမ္မကို မစော်ကားသင့်ကျချေ၊
သာသနာကို မဖျက်စီးသင့်ကြချေ၊
ထေရ၀ါဒကို မပုတ်ခတ်သင့်ကြချေ

သစ္စာမဏ္ဍိုင်ကုသိုလ်တော်စေတီတည်ထားကိုးကွယ်ရန် နှိုးဆော်စာ
သူတစ်ပါးနှင့် သင်ကိုယ်သင်မနှိုင်းယှဉ်ပါနဲ့။ သူတစ်ပါးနှင့် နှိုင်းယှဉ်လိုက်ခြင်းသည် သင်ကိုသင်စော်ကားရာရောက်ပါသည်။

သူတစ်ပါးနှင့် သင်ကိုယ်သင်မနှိုင်းယှဉ်ပါနဲ့။ သူတစ်ပါးနှင့် နှိုင်းယှဉ်လိုက်ခြင်းသည်
သင်ကိုသင်စော်ကားရာရောက်ပါသည်။
မည်သူတစ်ယောက်ကမှာ သော့တံမပါဘဲ သော့ဂလောက်ထုတ်လုပ်မှာ မဟုတ်ပါဘူး။
အလားတူပါပဲ ဘုရားသခင်ဟာ ဖြေရှင်းလို့မရတဲ့ ပြသာနာတွေကို သင်တို့ကိုယ် ပေးဝေလိမ့်မည် မဟုတ်ပါဘူး။
သင်မပျော်တဲ့အခါ ဘ၀က သင့်ကိုယ် ရယ်မော လှော်ပြောင်နေလိမ့်မည်။
သင်ပျော်ရွှင်တဲ့အခါ ဘ၀ကသင်ကိုယ်ပြုံးပြလိမ့်မယ်။
တစ်ပါးသူကိုယ်ပါ သင်ပျော်ရွှင်အောင်လုပ်နိုင်တဲ့အခါမှတော့ ဘ၀က သင့်ကိုယ် အလေးပြုပါလိမ့်မည်။
သူတပါး အမှားတွေကို ထောက်ပြ ဆုံးဖြတ်ရတာလွယ်သလောက် ကိုယ်ပိုင် အမှားတွေကို သိဖို့ခက်ခဲနေကြတယ်။
မြေကြီးကို ကော်စောနဲ့ ဖုံးထားတာထက်စာရင် ဖိနပ်နဲ့ သင်ခြေထောက်ကို ကာကွယ်ရတာပိုလွယ်ပါလိမ့်မည်။
စခဲ့မိတဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ပြန်ပြောင်လဲလို့ မရနိုင်ဘူး။
ဒါပေမယ့် သင့်တော်မှန်ကန်တဲ့ အစပျိုးမှုကိုတော့ လူတိုင်းဖန်တီးလုပ်ဆောင်နိုင်ပါတယ်။
ပြဿနာတစ်ခုကို အဖြေရှင်နိုင်မည်သာ စိုရိမ်မှုကို အသုံးပြုနေတာဖြစ်တယ်။
အခွင့်ရေးတစ်ခု လက်လွတ်သွားလို့ ငိုကြွေးမနေပါနဲ့။ သင့်ဆီမှာ အခွင့်ရေးတွေ အများကြီးရှိသေးတယ် လို့
ယုံကြည်လိုက်ပါ။
မျက်နထား ပြောလွှဲခြင်းဟာ ပြောင်းလဲတာမဟုတ် ပင်မဲ့ ပြောင်းလဲဖို့ ရင်ဆိုင်ခြင်းဟာ အရာရာကိုပြောင်လဲစေနိုင်ပါသည်။
သူတပါးကိုယ်ပဲ ပြစ်တင်ကြိမ်းဝါးမနေပါနဲ့။ ငြိမ်းချမ်းရေးကိုလိုချင်ရင် သင်ကိုယ်သင်ပဲပြောင်းလဲပြစ်ပါ ။
အမှားတွေကြုံလာတဲ့ အခါ အလွန်ပဲခံစားရပါတယ် ။
ဒါပေမယ့် နှစ်ရှည်လများကြာသွားတဲ့ အမှားတွေဟာ အောင်မြင်မှုကိုဖြစ်စေတဲ့ အတွေ့အကြုံတို့လည်း ခေါ်ဆိုနိုင်ပါတယ်။

Wednesday, January 6, 2010
စုဗူး

ထကြည့်သောအခါ
အရှေ့ အရပ်မှ ပြေးကြ လွှားကြ
အိုးမဲ့အိမ်မဲ့များ
(ပိုင်ဆိုင်မှုကား မောဟတရား... )
ထကြည့်သောအခါ
အနောက် အရပ်မှ ဟစ်ကြွေးသံများ
စီးပွါး ပျက်မှု၊ ဘဝပျက်မှု
အော်ဟစ်သံများ
(ပိုင်ဆိုင်မှုကား လောဘတရား... )
ထကြည့်သောအခါ
တောင်အရပ်မှ လေသံ မိုးသံ မုန်းတိုင်းသံများ
ရေမှာ ငုတ်လျှိုး၊ ကုန်းမှာလွင့်မျော
ဒုက္ခသည်များ
(ပိုင်ဆိုင်မှုကား အနိစ္စတရား... )
ထကြည့်သောအခါ
မြောက်အရပ်မှာ မီးခိုးမှိုင်းများ
ဝေ့ဝေ့ဝိုင်းလျှက် ကျည်သံဗုံးသံ ထစ်ချုန်းမှုနှင့်
ပွက်ပွက်ဆူသော သွေးစိမ်းရှင်များ
(ပိုင်ဆိုင်မှုကား ဒေါသတရား... )
ထကြည့်သောအခါ
အရပ်ဆယ်မျက်နှာ ဆည်းလည်းသံနှင့် အေးချမ်းမှုများ
မြေထဲရောက်ရောက် မီးထဲပျောက်ပျောက်
ကျွန်ုပ်တို့ ပိုင်ဆိုင်မှုကား ကုသိုလ်တရား... ။
--
လွယ်လွယ်နဲ့ ရနေရင် တန်ဖိုးဆိုတာ ကွယ်ပျောက်သွားတယ်။
Tuesday, January 5, 2010
From this moment on ...ဒီချိန်မှစ
From this moment..life has begun
ဒီချိန်မှစ..ဘဝတစ်ခုဖြစ်တည်ရာ
From this moment..you are the one
ဒီချိန်မှစ..မင်းဟာ တစ်ဦးတည်းသာ
Right beside you..is where I belong..from this moment on..
ဒီချိန်မှစ..မင်းရဲ့ဘေးမှာသာ ငါ့ဘဝတည်နေရာ
From this moment..I've been blessed..I live only..for your happiness
ဒီချိန်မှစ..ငါ့ဘဝ ကောင်းချီးမြောက်ရာ
ဒီချိန်မှစ..မင်းပျော်ရွှင်မှုသာ ငါ့ဘဝရှင်သန်ရာ
And for your love,I give my last breath..from this moment on..
ဒီချိန်မှစ..နောက်ဆုံးထွက်သက်ထိ မင်းအချစ်အတွက်သာရှင်သန်ရာ
I give my hand to you..with all my heart
နှလုံးသားနဲ့အတူ မင်းဆီငါ့လက်ကိုအပ်နှင်းပါတယ်..
I can't wait to live with you,I can't wait to start
နောက်ထပ်ကိုမစောင့်နိုင်လောက်အောင်
မင်းနဲ့အတူရှင်သန်ချင်တာ
ခရီးတစ်ခုကိုစတင်ချင်တာ..
You and I will never be apart
မင်းနဲ့ငါ..ဘယ်တော့မှမခွဲကြေး
My dreams..came true..because of you...
မင်းကြောင့်သာ ငါ့အိပ်မက်တို့ သက်ဝင်မှန်ကန်လာ...
From this moment..as long as I live..I will love you
ဒီချိန်မှစ..ရှင်သန်နေသမျှ မင်းကိုချစ်မှာ
I promise you this
ကတိတစ်ခုပြု
There's nothing..I wouldn't give..from this moment on
ဒီချိန်မှစ..ငါမစွှန့်ဝံ့တာ တစ်ခုမှမရှိစေရာ...
You're the reason I believe in love
မင်းသာ ငါ ချစ်ခြင်းတရားကိုယုံကြည်သက်ဝင်စေသောအရာ
And you're the answer to my Prayer up above
မင်းသာငါ့ဆုတောင်းတို့ပြည့်စုံစေသောအရာ
All we need is just the two of us
မင်းနဲ့တို့နှစ်ယောက်သာ ငါတို့ လိုအပ်ရာ
My dreams..came true..because of you...
မင်းကြောင့်သာ ငါ့အိပ်မက်တို့ သက်ဝင်မှန်ကန်လာ..
From this moment..
ဒီချိန်မှစ..
as long as I live..I will love you
ရှင်သန်နေသမျှ မင်းကိုချစ်မှာ
I promise you this
ကတိတစ်ခုပြု
There's nothing..I wouldn't give..from this moment

I will love you..as long as I live
မင်းကိုချစ်မှာ ရှင်သန်ချိန်တိုင်းမှာ
From this moment.. on..
ဒီချိန်မှစ...
သိပ်ကို ရှည်လျားတဲ့ အပြောင်းအလဲများတဲ့ ဘဝခရီးမှာ
မင်းတို့လက်တွဲလေးတွေ
နောက်ဆုံးထွက်သက်ထိ ချစ်ခြင်းတရားများစွာနဲ့ မြဲနေပါစေလို့
wish from my heart
ငါနလုံးသားနင့်ပေးဆပ်ခဲ့ပါ၇စေ
Htet Htet

Subscribe to:
Posts (Atom)