ပျော်ရွှင်ဖွယ်နေ့ရက်လေး   ဖြစ်ပါစေလို့အားလုံးကို  နှုတ်ခွန်းဆက်လိုက်ပါတယ်။ ဒီနေ့တော့  ကျွန်မအိမ်မှာ ဘုရားနေကဇာတင်တုန်းက အမှတ်တရရိုက်ထားတဲ့ ဓါတ်ပုံတွေရယ်  အရှင်ထာဝရကို ဆွမ်းကပ် တဲ့ အမှတ်တရ  ဓါတ်ပုံလေးတွေကို စာဖတ်သူတွေကို  မျှဝေတင်ဆက်လိုက်ပါတယ်။
                                                       ဒီပုံက နေကဇာတင်တဲ့ ဘုရားနဲ့ ဘုရားစင်
                  အရှင်ထာဝရဆိုရင်  ဘလော့ဂါ တစ်ချို့သိကြမှာပါ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်းတုန်းက ရှေဆုံးကနေ  သံဃာတွေနဲ့အတူ  ပြည်သူတွေရှေထွက် ရပ်တည်ဦးဆောင်လာခဲ့တဲ့ မြန်မာပြည်မှ  သံဃာတစ်ပါးဆိုလည်း   မမှားပါဘူး။ အမှန်ဝန်ခံရရင် အရှင်ထာဝရဆိုတာ  ဒီနေ့ဒီချိန်မှ  အကြောင်းပါလာလို့ ကျွန်မသိခွင့်ရတာလာပါ။ မည်သို့ပင်ဖြစ်စေ   အရင်တုန်းကသိခဲ့သည်ဖြစ်စေ မသိခဲ့သည်ဖြစ်စေ ယနေ့ချိန်မှာ အကြောင်းပါလို့    ဆုံတွေ့ခွင့်ရပြီး ယနေ့လိုအိမ်မှာပင့် ဆွမ်းကပ်ခွင့်ရတာကို   ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ကျွန်မတို့အိမ်ကို ဘုရားနေကဇာတင်ရန်    အရှင်ထာဝရကိုပင့်ပြီး အရှင်ထာဝရမှ  ကြည်ဖြူစွာ  ကြွရောက်   ဆွမ်းဘုန်းပေးတဲ့အတွက် ဦးစွာအရှင်ထာဝရကိုလည်း ကျေးဇူးတင်ကြောင်း   ပြောကြားလိုပါတယ်။
         ဒီပုံတွေက ဦးဇင်းအရှင်ထာဝရ ဆွမ်းဘုန်းနေစဉ်..
အရှင်ထာဝရဆိုတဲ့      ဦးဇင်းအကြောင်းကို သိသူတွေလည်းရှိသလို မသိသူတွေလည်း ရှိကြမှာပါ။      ကျွန်မတော့ အရင်တုန်းက  အသေအချာမသိခဲ့ပါဘူး။ ကျွန်မလိုဘဲ အရှင်ထာဝရက      ဘယ်သူလဲဆိုတာ သိချင်မယ်ဆိုရင် ကျွန်မကူညီပြီး လမ်းညွှန်ပေးနိုင်ပါတယ်။      ဒီဘလော့လေးမှာ ဝင်ရောက်လေ့လာလို့ ရပါတယ်။  http://ashin-htavara.blogspot.com/2010/09/blog-post_06.html      .. စာဖတ်သူတွေ  တွေ့ရမှာပါ။ အရှင်ထာဝရရဲ့ လုပ်ဆောင်မှု့နဲ့ မှတ်တမ်းတင်      ဓါတ်ပုံများကိုပါ။ တကယ်တော့ နိုင်ငံရေးကိုလုပ်တဲ့ သံဃာဆိုပြီး  ကျွန်မတို့     ဥပက္ခာပြုထားလို့မရပါဘူး။ အကျိုးတရားကြောင့်  အကြောင်းတရားပေါ်လာရသလို     အခြေအမျိုးမျိုးကြောင့် သင်္ကန်းဝတ်နဲ့   နိုင်ငံရေးကိစ္စကိုပါ     ပါဝင်လှုပ်ဆောင်နေရတယ်ဆိုတာ  စာဖတ်သူများကိုကွဲပြားစွာ နားလည်စေချင်ပါတယ်။     သင်တကယ်  သင့်နိုင်ငံကို   ချစ်တယ်ဆိုရင်ပေါ့။ အမှန်ဝန်ခံရရင်     ကျွန်မကိုယ်တိုင်  ဘုန်းကြီး(သင်္ကန်းဝတ်နဲ့ ) နိုင်ငံရေးဟာ     ဘယ်လိုမှမသက်ဆိုင်ဘူးလို့  အရင်တုန်းက ကျွန်မထင်ထားပေမဲ့ နောက်ပိုင်းမှာ     ကျွန်မနားလည်သင့်သလောက်  နားလည်လာပါတယ်။ အဲဒီအတွက်ကြောင့် ရွှေဝါရောင်     တော်လှန်ရေးရဲ့  အမှတ်တရဖြစ်တဲ့ အရှင်ထာဝရကို လေးစားဂုဏ်ယူမိပါတယ်။ တကယ်     တွေးကြည့်ပါ။  အဲလိုနေရာမျိုးမှာ သင်တကယ်ရပ်တည်ရဲလား။     သင့်စိတ်ထဲခဏတာတွေးမိပြီး သင်သာ  အဲဒီအချိန်အဲဒီ နေရာမှာ အရှင်ထာဝရလို     ရှေဆုံးမှာ ဦးဆောင်မှု့   မပြုနိုင်သေးဘူးဆိုရင် ၂၀၀၇     ရွှေဝါရောင်တော်လှန်ရေး တုန်းက  သံဃာတွေပြည်သူတွေ ရှေကနေဦးဆောင်ပါဝင်ခဲ့တဲ့     အရှင်ထာဝရကို တစ်မိနစ်လောက်  လေးစားဂုဏ်ပြု သင့်ရင်ထဲမှာ     မှတ်တမ်းတင်ပေးလိုက်ပါ။ 
                              အရှင်ထာဝရနဲ့ ပတ်သက်ပြီးသင်တတ်နိုင်တဲ့ ဘက်မှပါဝင်ကုသိုလ်ပြုလိုလျှင်        အရှင်ထာဝရ ပြုနေသော ကောင်းမှုကုသိုလ်များထဲမှ  သင်စေတနာရှိလျှင်       ပါဝင်လို့ရအောင် ကျွန်မမှ တစ်ဆင့်အလှူခံ လိုက်ခြင်းဖြစ်ပါတယ်။ အရှင်ထာဝရမှ       မိန်းကြားအလှူခံခိုင်းခြင်း မဟုတ်ပါ။ ကျွန်မ၏တစ်ဦးတည်း     အသိစိတ်ကြောင့်    စာဖတ်သူများနောင်သံသရာမှာ  ခရီးလမ်းကောင်းမွန်ဘို့အတွက်     သတိတရနဲ့  ဖိတ်ခေါ်  ခြင်းဖြစ်ပြီး  ယ္ခုအလှူခံခြင်းနှင့်ပတ်သက်ပြီး      တစ်စုံတစ်ခုသိလိုလျှင် ( skyflower.mkp@gmail.com)      သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး  ကျွန်မ၏အလှူခံပိုစ်အတွက်      ကျွန်မတာဝန်ယူကြောင်း ပြောကြားလိုပါတယ်။  အလှူနဲ့ပတ်သက်ပြီး  အရှင်ထာဝရ       အိန္ဒိယတွင် သီတင်းသုံးနေစဉ်ခါ မြန်မာပြည်သူများ အသိပညာ ဗဟုသုတများ      တိုးပွားစေရန် စာကြည့်တိုက်ငယ်လေး တစ်ခုကို   ဖွင့်လှစ်ထားပါတယ်။      အခုဒီပုံက  အရှင်ထာဝရ  အိန္ဒိယမှာဖွင့်ထားတဲ့  စာကြည့်တိုက်ငယ်လေးပါ။
                       ပြည့်စုံမှု့ လှပမှုမရှိသောငြားလည်း  စေတနာအပြည့်ပါရှိတဲ့ စာကြည့်တိုက်ငယ်လေးပုံ 
              နယ်စပ်တွင်ရှိသော  ခလေးငယ်များအတွက် စာသင်ကျောင်းတစ်ခုကိုလည်း     ဖွင့်လှစ်ထားပါတယ်။   ဦးဇင်းအရှင်ထာဝရ၏ အလှူတွင် သင်တစ်တောင့်တစ်နေရာမှ     ပါဝင်လိုလျှင်  တစ်ကျပ်တစ်ပြားဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ပါတယ်။      အိန္ဒိယမှစာကြည့်တိုက်အား လစဉ်အခန်းငှားခ  အလှူတွင်သော်လည်ကောင်း       လစဉ်စာအုပ်ဖိုးအလှူတွင်  သော်လည်ကောင်း  နယ်စပ်မှခလေးငယ်များအား       စောက်ရှောက်မှု့တွင် သော်လည်ကောင်း  ပါဝင်ကုသိုလ် ယူနိုင်ကြောင်း      နိုးဆော်အပ်ပါတယ်။  မည်သို့ မည်မျှလှူဒါန်း ရမည်ဟု မသတ်မှတ်      မတောင်းဆိုထားပါ။  သင့်၏စေတနာ သဒ္ဒါးတရားပေါ်တွင်သာမူတည်ပြီး လက်ခံ ပါမည်။ 
                             ဘာကြောင့် ကျွန်မဒီအလှူခံစာလေး ရေးခဲ့ရလဲဆိုတော့ ကျွန်မတစ်ယောက်တည်း၏       အတွေးတစ်ခုကြောင့်ပါ။ သံဃာဆိုတာ သူ့ကိုကြည်ညိုပြီး လှူဒါန်းတဲ့      ဒကာ..ဒကာမတွေရှိမှ သူတို့ပြုချင် လှူချင် တဲ့ကုသိုလ်တွေလည်း      ပြန်လည်ပြုလုပ်လှူဒါန်းနိုင်မှာ ဖြစ်တယ်လို့  ကျွန်မယုံကြည်ထား မိလို့ပါ။      အလှူရှင် ဒကာ..ဒကာမတွေ မရှိရင် သံဃာတွေဘယ်လို အလှူထပ်မံပြုနိုင်မှလဲ။      စာဖတ်သူများ ..ရှင့်  ကျွန်မရဲ့ ဒီအတွေးခေါ်လေး မှန်ပါသလား။ တကယ်လို့      သင့်စိတ်ထဲမှာ မှန်တယ် လက်ခံနိုင်တယ်ဆိုရင် ကျွန်မကျေနပ် ပါပြီ။      ကျွန်မတို့  တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကြပြီး သာသနာအတွက် အကျိုးပြုကြအောင်။      သင်ယနေ့ ပိုင်ဆိုင်သမျှတွေဟာ  ခဏတာပိုင်ဆိုင်ခြင်းပါ။ မတည်မြဲခြင်း      တရားသဘောတွေ  သင်နားလည် လာပြီဆိုရင်  ဒီအရာတွေဟာ  သင့်အတွက် အနတ္တသက်သက်      ဖြစ်လာမှာပါ။  နောက်ဆုံး သင်သွားရမဲ့ လမ်းမှာ သင်နဲ့အတူ      သင်ယူဆောင်သွားနိုင်မှာက  တစ်ချိန်သင်အသက်ရှင်စဉ် ပြုခဲ့ဖူးသော ကုသိုလ်တရား      ပါဘဲ။ အဲလိုပြောလို့  ကျွန်မကိုပြန်မေးချင်မေးကြမှာပါ ။ ကျွန်မရော      ကျွန်မပိုင်ဆိုင်တာတွေ ပေးဆပ်နိုင်ရဲ့ လားလို့။ မှန်ပါတယ်  လူသားဆိုတဲ့       သတ္တဝါတွေဟာ လောဘ ဒေါသ မောဟ တွေနဲ့မကင်းနိုင်ကြပါဘူး။ ကျွန်မလည်း      ပြည့်စုံပြည့်ဝသူ တစ်ယောက်မဟုတ်ပေမဲ့  ကြိုးစားနေသူတစ်ယောက်ဆိုတာ       ဝန်ခံပါတယ်။ ကျွန်မရှိတာတွေ အကုန်မလှူနိုင်သေးပေမဲ့  တတ်နိုင်သလောက်      အကောင်းဆုံးကြိုးစား  လှူနေဆဲပါ။ နက်ဖြန်အတွက်  ကျွန်မဘာမှမစိုးရိမ်ဘူး။      ပြုလိုက်ရတဲ့ အလှူအတွက် ကျွန်မကျေနပ်သူတစ်ယောက် ဖြစ်နေရင်ရင် တော်ပါပြီ။      လုံလောက်ပါပြီ။ စာဖတ်သူများရော  သင့်မှာရှိတဲ့အထဲမှာ  အနည်းငယ်လေး      ပါဝင်မလှူဒါန်းချင်ဘူးလား။ အလှူအတန်းအတွက် ဖြစ်ရတဲ့ပီတိက တကယ်ကြည်နူးဘို့       ကောင်းတယ်ဆိုတာ သင်လက်တွေ့ ယုံကြည် ချင်တယ်ဆိုရင်   ကျွန်မနဲ့အတူပါဝင်ပြီး     တတ်နိုင်တဲ့ဘက်ကနေ ပြုနိုင်တဲ့ ကုသိုလ်တရားကို    ပြုကြပါစို့လို့     ဖိတ်ခေါ်ပြောကြားလိုပါတယ်။ 
ကျွန်မကို  ဆက်သွယ်ချင်ရင်    (skyflower.mkp@gmail.com )   သို့အက်လိုက်ပါ။ 
အရှင်ထာဝရထံလျှောက်ပြီး အရှင်ထာဝရ၏ ခွင့်ပြုချက်ရလျှင် အရှင်ထာဝရ၏ အီးမေလ်းလိပ်စာပါ ထည့်ပေးပါမည်။ 
စေတနာအလှူရှင်များကို      မျှော်လင့်နေပါမည်။ သင်၏စေတနာလက်နှင့် ကျွန်မ၏စေတနာလက် ပေါင်းပြီး      အရှင်ထာဝရ၏ ကုသိုလ်များစွာတွင် ပျော်ရွှင်စွာပါဝင်ကြပါစို့......
မှတ်ချက်။   ကျွန်မဘလော့မှ ပိုစ်များကို ပြန်လည်မျှဝေလိုလျှင် စာရေးသူ (အလွမ်းမြို့လေးနှင့် http://alwanmyolay.blogspot.com/  ကျွန်မ၏ လင့်ကိုထည့်ပြီး  အသုံးပြုပေးပါ။)
မေတ္တာဖြင့် 
အလွမ်းမြို့လေးမှ (အိမ်လွမ်းသူ) 
 









 Atom Feed (xml)
 Atom Feed (xml)

 
 




No comments:
Post a Comment