မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွား ရိပ်သာ သို့ပို့ထားကြသည်။ အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။ အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။
စကားချပ်။ ။ ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့် အချို့ သော ပါဠိစာသားများမှားယွင်းမှု ရှိခဲ့သော် ကျွန်ုပ်၏ အမှားပင်ဖြစ်ကြောင်းဝန်ခံအပ်ပါသည်။ ဘာသာရေးစာအုပ်တစ်အုပ်မှ ပြန်လည် ကောက်နှုတ် ဖော်ပြ ခြင်း ဖြစ်ပါသည်။
Showing posts with label ဘာသာရေးအမြင့်. Show all posts
Showing posts with label ဘာသာရေးအမြင့်. Show all posts
Friday, February 26, 2010
မိဘဂုဏ်(၁၂)ပါး ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။
Thursday, January 7, 2010
အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင် အိမ်ရှင်၏ အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်ချေ၏။
အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင်
အိမ်ရှင်၏ အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်ချေ၏။
ပြစ်မူကျူးလွန်သူကို ထိုက်တန်သည့် ဒဏ်ချရာ၌ တရားစီရင်သူ၏
အပြစ်မဟုတ်၊ ဒုစရိုက်ကောင်၏ အပြစ်သာ ဖြစ်ချေ၏။
ထိုနည်းတူစွာပင် ဓမ္မကို စော်ကားလာသူကို သုတ်သင်ရာ၌
သုတ်သင်သူ၏ အပြစ်မဟုတ်၊ စော်ကားသူ၏ အပြစ်သာ ဖြစ်ချေ၏။
ဗုဒ္ဓကို စွပ်စွဲလာ၍ ဒဏ်ခတ်ရာ၌ ဒဏ်ခတ်သူ၏ အပြစ်မဟုတ်၊
စွပ်စွဲသူ၏ အပြစ်သာ ဖြစ်ချေ၏။
ထို့ကြောင့် အရေးမခံချင်၊ အသုတ်သင်မခံချင်၊
ဒဏ်ခတ် မခံချင်လျှင် ဗုဒ္ဓကို မစွပ်စွဲသင့်ကြချေ၊
ဓမ္မကို မစော်ကားသင့်ကျချေ၊
သာသနာကို မဖျက်စီးသင့်ကြချေ၊
ထေရ၀ါဒကို မပုတ်ခတ်သင့်ကြချေ

Tuesday, January 5, 2010
အပ်နှင်းဥစ္စာ
တဏှာချစ်နှင့် ပက်သက်လာလျှင် မနာလိုစိတ် ၊ သ၀န်တိုစိတ် ရှိကြသည်မှာ လောကဓမ္မတာ သဘောမျိုးဖြစ်သည် ။
" မုန့်သာဝေစားမယ် ၊ လင်ကို ဝေမစားနိုင်ဘူး " " ထမင်းကိုသာ ဝေသာစားရဲ့ လင်ကို မထိနဲ့ဆရာ " ဟူသော
လောကဝေါဟာရ ပြောဆိုကြလျှက်ရှိရာ ဝေစားရလျှင် - အထိခံရလျှင် ဒေါသကြီးကာ မီးပွင့်တတ်ကြစမြဲ ဖြစ်သည် ။
ထို့ကြောင့် လင်က ကိုယ်ပိုင်မယားကိုသာ အလိုရှိသကဲ့သို့ မယားကလည်း ကိုယ့်လင်တစ်ဦးတည်းကိုသာ အလိုရှိ
တတ်ကြပေသည် ။ အချို့သူတို့သည် ချစ်သူများများရှိခြင်း ၊ မယားများများယူနိုင်ခြင်းကိုပင် အသာအယာကြီး သာ
ယာကာ ဂုဏ်ယူတတ်ကြပေသည် ။
" ယောက်ျားကောင်း မောင်းမတစ်ထောင် " ဟူသော စကားကိုအသုံးပြုကာ မယားများများရမှု
ကို အားကျ သဘောကျတတ်သည် ။ အမှန်အားဖြင့် ဤစကားသည် ယောက်ျားတိုင်းနှင့်ဆိုင်သောစကား မဟုတ်ချေ ။
ရှေးအခါက ထုံးတမ်းစဉ်လာအရ သမ္မုတိနတ်ဟုဆိုအပ်သော ဘုရင်မင်းနှင့်ဆိုင်သော စကားဖြစ်သည် ။ ဘုရင်များ၏
တိုင်းပြည်လုံခြုံရေးအရ သမီးကညာဆက်သသည်ကို လက်ခံသိမ်းပိုက်ခြင်းကို တင်စားပြောဆိုသော စကားသာဖြစ်ပါသည် ။ ကိုယ်ပိုင်ဇနီးရှိလျှက် စိတ်ဓာတ်ဖောက်ပြားအချစ်ပွား၍ ပျော်ပါးလိုက်စားသူတို့သည် မိမိကိုယ်
ကိုမိမိပင် ပျက်ဆီးအောင်ဖျက်ဆီးသကဲ့သို့လည်း ဖြစ်တတ်ပေသည် ။
သို့တွက် လင်ကောင်းတစ်ယောက်သည် မိန်းမနှင့်ပက်သက်၍ မိမိဇနီးမှ တစ်ပါးသောမိန်းမများအပေါ်၌ အမေ ၊ ညီမ ၊
အဒေါ် သဘောထားသောစိတ်ကို မွေးမြူ၍ ဆက်ဆံကြရသည် ။ ဖောက်ပြန်သောစိတ်ကို မမွေးရပါ ။ မိန်းမဘက်က
ဖောက်ပြန်လာသည်ကိုတွေ့က ထိုအတွေ့ကိုမသာယာဘဲ ဘီလူးသဘက်သဖွယ် သဘောထားသင့်လှပါသည် ။

Subscribe to:
Posts (Atom)