Showing posts with label တို့သာသနာ တို့ဘာသာ. Show all posts
Showing posts with label တို့သာသနာ တို့ဘာသာ. Show all posts

Monday, November 21, 2011

ဗုဒ္ဓါနုဿတိပွားခြင်း၏ အကျိုးတရား

ဦးဇင်း ကိုယ်လူအများစုက ဘာသာရေးနဲ့ပတ်သတ်လာရင် အားနည်းတယ်လို့ပြောကျပါတယ်။အမှန်ကိုဝင်ခံရရင် အားနည်းတာအမှန်းပါပဲ ဘာသာရေးခေါင်းဆောင်တစ်ပါးဖြစ်တဲ့ ဦးဇင်းဘာသာရေးကို မလုပ်ဖြစ်တာ၎နှစ်ကျော်ခဲ့ပါပြီး။အကြောင်းကတော့၂၀၀၇ခုနှစ်လောက်ထဲကဖြစ်ပါတယ်ဘာရေးဘက်ကိုဘုရားဝတ်ပြုတာမေတ္တာပို့သတာလောက်နှင့်ရဟန်းတို့ကျင့်ရာမယ်။ဝိနည်းတရားတွေလောက်ပဲအာရုံးပြုကာ နိုင်ငံရေးဘက်ကိုရောက်သွားလို့ဖြစ်ပါတယ်။တစ်ခြားသော အကြောင်း အရာတွေမရှိပါဘူး။
ပြည်ပရောက်တဲ့ တစ်ချို့သော လူငယ်တွေကလည်း အရှင်ဘုရား တပည့်တော်တို့ကို ဆုံးမသြ၀ါဒလေးများ ပေးပါဆိုတော့ ဦးဇင်း စဉ်စားမိပါတယ်။ကိုယ်တိုင်း မပြည့်စုံပဲ သူများကို ဆုံးမဖိုဆိုရာ မဖြစ်နိုင်ပါဘူး။အဲဒီတော့ လူငယ်တွေ ဘာသာ သာသနာနှင့်ပတ်တဲ့ အကြောင်းအရာတွေကို စာရေးပြီး မေးကြကွာ ဦးဇင်းတက်နိုင်သလောက် ဖြေးပေးမယ်လို့ အာမခံလိုက်တော့ ဒါယိကာလေးတစ်ယောက်က မေးလာပါတယ်။အရှင်ဘုရား တပည်တော်ကို ဗုဒ္ဓါနုဿတိ နဲ့ပတ်သတ်ပြီး ပြောပြပေးပါဆိုတော့ ဦးဇင်းတို့ မြတ်ဗုဒ္ဓါဂုဏ်တော်တွေက ဗုဒ္ဓါနုဿတိ ပွားများပုံလေးကို အကျဉ်းချုံးပြီး ဦးဇင်းပြောပြပါမယ်။



ဦးဇင်းတို့ မြတ်ဗုဒ္ဓါမှာ လက္ခဏာတော် ကြီးငယ် အသွယ်သွယ်ဖြင့်၊ သပ္ပါယ်လှစွာ ကိုယ်အင်္ဂါဝယ်၊
ပါရမီတော်အဟုန် ကိုယ်လုံးခြုံ၍၊ မွှမ်းထုံသင်းကြူ……
သယမ္ဘူဟု ဥာဏ်တူကင်းလတ် အရဟတ်ဖြင့်၊
သတ်ဖြတ်ခပင်း ကိလေရှင်းသား…..
ဥာဏ်ရင်းမဟာ ကရုဏာနှင့် သမ္မာသမ္ဗောဓိ အစရှိလတ်၊
ဥာဏ်တော်မြတ်၏ ကိန်းဝပ်စံပျော်၊ ခန္ဓာပေါ်ဝယ်၊
ဘွဲ့တော် “ဗုဒ္ဓ” တင်ပါရသည်……လောကထွဋ်ထား မြတ်ဘုရား ဆိုတဲ့ အလင်္ကာ အတိုင်း တုနှိုင်းယှဉ်၍မရသော ဂုအင်္ဂါကြီး၊ငယ်သွယ်ကို ပိုင်းဆိုင်တဲ့ မြတ်စွာဘုရား၏ ကျေးဇူးတရားကို အောင်မေ့ပြီး ဗုဒ္ဓါနုဿတိ ပွားများကြည့်ညိုလိုက်ကြအောင်။
ဒီနေရာမှာ ဦးဇင်းတစ်ခုပြောချင်းတာက မန္တလေးမြို့ မဟာဂန္တာရုံကျေးဇူးတော်အရှင်ဇနကာဘိဝံသ၏-ဗုဒ္ဓါနုဿတိဘာဝနာ
အကျဉ်းချုပ်အဓိပ္ပါယ်ပို့၍ ပြည့်စုံအောင် ဖော်ပြပေးလိုက်ပါတယ်။ဒါယိကာလေကျေနပ်မယ်လို့ ဦးဇင်းထင်ပါတယ်။
  • လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် အသပ္ပါယ်ဆုံးလည်းဖြစ်ခြင်း။
  • ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်း၌ ကောင်းမှုပါရမီတော်တို့က လွှမ်းခြုံ၍ မွှမ်းထုံထားခြင်း။
  • ရာဂ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့ကို သတ်ဖြတ်နိုင်သော အရဟတ္တမဂ်ဥာဏ်တော်ကို ရခြင်း။
  • သတ္တ၀ါတို့၏ အပေါ်၌ သနား ကြင်နာကရုဏာကြီးမားခြင်း။
  • အလုံးစုံကို အကုန်သိနိုင်သော သဗ္ဗညုတဥာဏ်တော်ကို ရခြင်း။
ဤဂုဏ်တော်တို့၏ ကိန်းဝပ်စံပျော်ရာ ခန္ဓာကိုယ်ပေါ်၌သာ “ဗုဒ္ဓ” ဟု ဘွဲ့နာမည်တော်ကို တင်ထိုက်ပါ၏ထို့သို့ “ဗုဒ္ဓ” ဘွဲ့နာမည်တော် တင်ထိုက်သော ယောကျာ်းမြတ်သည်သာ လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏ အထွဋ်အထိပ်ထားရသော မြတ်ဘုရား ဖြစ်၏။ဤအဓိပ္ပါယ်ကို ဖတ်မှတ်၍ပြီးသောအခါ..တလောကလုံး၏ ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာကို မှန်းဆ အာရုံပြု၍ လက်အုပ်ချီကာ ဖော်ပြခဲ့ပြီးသော လင်္ကာကို ရွတ်ဖတ်၍ ဂုဏ်တော်ပွားလိုက်လျင် အားရဖွယ်ကောင်း အရသာပို၍ ရှိပါလိမ့်မည်။
ဒီလင်္ကာလေးက..ဗုဒ္ဓါနုဿတိဘာဝနာ(အရှင်ဇနကာဘိဝံသ)စာအုပ်လေးထဲက.ဦးဇင်းဖတ်မှတ်ထားတာဖြစ်ပါတယ်။ဦးဇင်းဂုဏ်တော်ပွားတဲ့အခါ..ဒီလင်္ကာလေးကို ရွတ်ဖတ်ပြီး ဗုဒ္ဓမြတ်စွာကို အာရုံပြုပါလိုက်ပါ
ပြီးတော့မှ…
ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား၊
ဗြဟ္မာနတ်လူတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား၊

မဟာကာရုဏိကော
-သနားခြင်းကြီးစွာမဟာကရုဏာတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊
ဘုန်းတော်၆စုံ၊ကျေးဇူးဂုဏ်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊

သစ္စာ ၄ပါး၊ တရားအလုံးစုံကို ကိုယ်တော်တိုင် မှန်ကန်စွာ သိမြင်တော်မူသော မြတ်စွာဘုရား၊…
..
ဗုဒ္ဓါဿတိ ပွားများလိုက်ရင်..ဗုဒ္ဓမြတ်စွာကို ကြည်ညိုသဒ္ဓါစိတ်တွေ အရင်ထက် ပိုအားကောင်းလာမယ်..ပြီးတော့ ဘယ်လိုဦးတည်ချက်နဲ့ ဘုရားကို ကိုးကွယ်နေရတာလည်းဆိုတာ ပိုသိလာမယ်..လို့ ဦးဇင်းယုံကြည်တယ်။မြတ်စွာဘုရားကို ကိုးကွယ် ပူဇော်နေရခြင်း အကြောင်းဟာ..လောကီ စည်းစိမ် ရာထူးတွေ…အတွက် ဆုတောင်းဖို့ရာ…မဟုတ်ဘူး။ဦးဇင်းတို့အတွက် သစ္စာ ၄ ပါးတရားတော်တွေကို ဟောပြောပေးထားခဲ့တဲ့ ကျေးဇူးတော်ကို အောက်မေ့ သတိရခြင်းနဲ့..ကိုးကွယ်ပူဇော်နေရတာပါပဲ။
ဒါယိကာလေရေ ကိုယ်ကံကောင်းဖို့ရာအတွက်ပဲ ဘုရားကို ပူဇော်နေခြင်းဟာ..ကိုယ့်အတွက် သာသနာပ ဆန်သွားမယ်နော်၊ဒီတော့ အဲလိုမဟုတ်ပဲ…တလောကလုံးအား.. သစ္စာတရားတွေ သိစေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားအဖြစ် ပူဇော်လိုက်မယ်ဆိုရင်..ဦးဇင်းတို့ဟာ.သာသနာတွင်းလူ ဖြစ်နေမှာပဲ။ဒါယိကာလေးတို့အားအတွက်သာသနာတွင်းဖြစ်ဖို့ရန်၊မြတ်စွာဘုရားကိုပူဇော်နေခြင်းဟာ..အရင်ထက် ဦးတည်ချက်မှန်ကန်အောင် ဒီ ဗုဒ္ဓါနုဿတိဘာဝနာ လင်္ကာလေးကို ကျက်ထားလိုက်ပေါ့ ဒါယိကာလေရေ။နောက်များမှာပဲ စာရှည်ရှည်ရေးမယ် တစ်ခြားအလုပ်လေးတွေ ရှိသေလို ခွင့်ပြုပါအုံး။
စာရေး ဖျာပုံ နဒီ

Thursday, January 21, 2010

သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်…

တို့သာသနာ တို့ဘာသာ
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ …
ယနေ့ အချိန်မှာ ထေရ၀ါဒ သာသနာကို စော်ကားတိုက်ခိုက်တဲ့ ၀က်ဆိုဒ်တစ်ခု
ပေါ်ထွက်လာတာနဲ့ ပတ်သတ်ပြီး ဗုဒ္ဓဘာသာဝင် အားလုံး စိတ်နှလုံး
မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့ အဖြစ်တွေကို သိမြင်မိပါတယ်။ တဦးနဲ့ တဦး
ဘာသာ အယူဝါဒချင်း မတူညီတဲ့ အတွက် ဘာသာတရား အရ ငြင်းခုန်နေမယ်ဆိုရင်
ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူတပါး
ပြောဆို စော်ကားနေတာတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်မာနတွေ
မဖြစ်ကြဖို့ ရှေးဦးစွာ သတိပေးပါစေ…။

အခုလို ဆဲရေးတိုင်းထွာ စော်ကားတာတွေဟာ အခုမှ ပေါ်ပေါက်လာတာလည်း
မဟုတ်ပါဘူး။ ဘုရားရှင် လက်ထက်ကတည်းက စိဉ္စမာနဆိုတဲ့ မိန်းမယုတ်က
ကိုယ်ဝန်ရှိဟန်ဆောင်ပြီး စွပ်စွဲတယ်။ ဒေ၀ဒတ်က ဆင်ကို အရက်မူးအောင်
တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်တယ်။ ကျောက်မောင်းဆင်ပြီး
အသက်သေအောင် ကြံစည်လုပ် ဆောင်တယ်။ လေးသမားတွေလွှတ်ပြီး လေးမြှားနဲ့
ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်ချက် တွေ ဆိုတာ
တွေးကြည့်ယုံနဲ့ မြင်သာပါတယ်။ ဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေတဲ့
ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို သတ်ဖို့ ကြံစည်တဲ့ သူတွေ
ပေါ်ပေါက်ခဲ့သေးတယ်ဆိုရင် ဘုရားမရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို
အခြား ဘာသာဝင်တွေက စော်ကား ပြက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။


ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့ သာသနာ
ပျက်မသွားဘူးဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့
အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။ ငရဲရှိလား မရှိဘူးလား ဆိုတာ
မယုံကြည်သူကို ဖြေရှင်းနေလို့ အပိုဖြစ်နေမှာပါပဲ။ သူတို့ကိုယ်တိုင်
ရောက်တဲ့ နေ့ကျရင်တော့ အဖြေသိမှာပေါ့။
ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား
ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီး တပည့်သာဝကတွေ နှလုံးသွင်း နာယူလိုက်နာဖို့
အတွက် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း
မိန့်မှာတော်မူခဲ့ပါတယ်။

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊
သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည်
ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်၊
သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊
နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊
သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊
ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌
ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့
ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။

ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း
ခံယူလိုက်နာကြပါ။
ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို
ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း
မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။ အဘယ့်ကြောင့်
သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော
ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို
အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။

မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း
ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို ဥပေက္ခာပြု
ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။
လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။
ခြင်္သေ့ကို ပစ်ရင် ခြင်္သေ့က ပစ်တဲ့သူကို ကိုက်တယ်။ ဒီတော့ ခွေးလို
အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆိုတာက စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက
ခြင်္သေ့လို ကျင့်ဖို့ပါ။ အဓိက အကျိုးတရားတခုရဲ့ အကြောင်းရင်းကို
သတ်ဖို့ပါပဲ။

ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုင်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊
သမာဓိ၊ ပညာသိက္ခာတွေ အပျက်ဆီး မခံပဲ ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း
ဆောင်ရွက်ဖို့ အဓိကပဲ ဖြစ်ပါတယ်။ ခလုတ်တိုက်တဲ့ ကျောက်တုံးကို
ခြေနင်းတုံး အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့
လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ ကောင်းမွန် လာအောင်
အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။

ဘေး ပယောဂ အတွက်ကြောင့် တို့သာသနာ တို့ဘာသာ ပျက်ဆီးမသွားဘူး။
ဖျက်ဆီးလို့လည်း မရဘူး။ သာသနာရဲ့ အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့
ပုဂ္ဂိုလ်တွေ ရှိနေသမျှ ကာလပတ်လုံး၊ သာသနာ အကျိုးကို စွမ်းဆောင်နေ ကြတဲ့
သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ
နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။

အခုလို အဖျက်တွေ များလာတာနဲ့ အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြု
သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိက ထားပြီး လုပ်ဆောင်ကြဖို့ပါ။
သာသနာတော် စည်ပင်ထွန်းကားရေး အတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့
သာသနာ အကျိုးကို တတ်နိုင်တဲ့ ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့
သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့… အချင်းချင်း မေတ္တာရှေ့ရှု၍
သတိပေးပါရစေ…။

သာသနာအကျိုး မိမိအကျိုး အတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး
အားထုတ်နိုင်ကြသဖြင့် သူတော် ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ
ခံစား၊ စံစားနိုင်ကြပါစေ…


သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်…