စက်တင်ဘာထာဝရဘုန်းတော်ကြီး အရှင်ထာဝရမှ အန္ဒိယနိုင်ငံ နယူးဒေလီမြို့တိုင်းရင်းသားဒုက္ခသည် ကလေးငယ်များကို အ၀တ်အထည့်များသွားရောက်လှူဒါန်မှု မှတ်တမ်းတင်ဓာတ်ပုံများ
ယခုလှူဒါန်းသော အဝတ်အထည်များမှာ ဂျပန်နိုင်ငံမှာနေထိုင်တဲ့ ဒကါမကြီးဒေါ်သန်းသန်းအေးမှ ပေးပို့လှူဒါန်းတာဖြစ်ပြီး အရှင်ထာဝရမှ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ယခုလက်ရှိ အိန္ဒယနိုင်ငံနယူးဒေလီမြို့မြန်မာနိုင်ငံမှာ လာရောက်ခုံလှုံနေသော ဒုက္ခသည် စုစုပေါင်း ၈၀၀၀ ကျော်ရှိပါတယ်။ များသောအားဖြင့် ချင်းတိုင်းရင်းသားအများဆုံးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးနဲ့ အစိုးရမဟုတ်သောအခြားအဖွဲ့အစည်းများမှလည်း မြန်မာဒုက္ခသည်များအပေါ် အမှန်တကယ်လိုအပ်နေသော အကူအညီများကို မပေးနိုင်သည့်အပြင်
၎င်းတို့၏ လုံခြုံရေး အိမ်ရှင်အိမ်ငှားပြဿနာများကိုလည်း ထိရောက်စွာကူညီမပေးနိုင်ခဲ့ပါ။ လူမျိုးရေးခွဲခြားဆက်ဆံခံရမှုများနှင့် လစဉ်အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာ ဆော်ကားခံရမှုများလည်းရှိပါတယ်။ ၄င်းအပြင် ဒုက္ခသည်ကလေးငယ်များရဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အမှန်တကယ်လိုအပ်နေပါတယ်။ အဲဒီအပေါ်မှာ တခြားဖွံ့ဖြိုးတိုးတတ်သော နိုင်ငံတွေမှာ နေထိုင်းကြတဲ့ မြန်မာလူမျိုးများလည်း တတ်နိုင်သလောက်ပါဝင်ကူညီလှူဒါန်း ပေးဖို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်။ လှူဒါန်းပေးခဲ့သော ပစ္စည်းများနှင့် အလှူရှင်များကိုလည်း ဒီဘလော့ကနေတဆင့် ကျေးဇူးတင်ကြောင်း သဝဏ်လွှာနှင့် ဓါတ်ပုံမှတ်တမ်းများကိုပါ ပြန်လည်ဖော်ပြပေးမှာဖြစ်ပါတယ်။ စက်တင်ဘာထာဝရ ဘုန်းတော်ကြီးကျောင်းမှာဖွှင့်လှစ်ထားသော စက်တင်ဘာထာဝရစာကြည့်တိုက် အတွက်လည်း အထွေထွေဗဟုသုတနှင့် ရသစုံစာအုပ်တွေလည်းလည်း လက်လှမ်းမှီသလောက် စုဆောင်းပြီး အခမဲ့ငှားရမ်းဖတ်ရှူ့နိုင်ရန်စီစဉ်ထားပါတယ်။ စာပေဝါသနာအိုးများနဲ့ စာအုပ်စာပေချစ်မြတ်နိုးကြသော မိတ်ဆွေအပေါင်းအသင်းများ စာအုပ်များလှူဒါန်းနိုင်ပါတယ်။ ဆက်သွယ်ရမဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ကိုလည်း အောက်မှာဖေါ်ပြပေးပါ့မယ်။
လူသားချင်းစွာနာစွာဖြင့် ၀ိုင်းဝန်းထောက်ပံ့ပေးကြဖို့ ဒီနေရာကနေ အထူးမေတ္တာရပ်ခံအပ်ပါတယ်။
Ashin Thavara
WZ-109,Top Floor,
Budhella, Vikaspuri,
110018, New Delhi,
India.
Mobile No. +91 9953208002
No comments:
Post a Comment